ပူအိုက်တဲ့နေ့တွေမှာ ခန္ဓာကိုယ်အပူချိန် ဘယ်လိုလျှော့ချကြမလဲ ? ?

ဂျပန်နိုင်ငံမှာနေ့တိုင်းလိုလို ပူပြင်းအိုက်စပ်နေပါတယ်။ မြန်မာနွေထက်တောင် ပူပါတယ်။

အိမ်ထဲမှာပဲ အပူရှပ်ပြီးလဲကျသွားတဲ့ သူတွေလည်းရှိတာကြောင့် ဂျပန်နိုင်ငံရဲ့ ရဲဌာနကနေ အပူရှပ်တာနဲ့ပတ်သက်တာတွေကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဒါကို မြန်မာနိုင်ငံရဲ့ နွေရာသီမှာလည်းသုံးလို့ရတယ်နော် !

https://grapee.jp/721364

 

Cooler ကို အသုံးပြုကြမယ်ဆိုပေမယ့် ဒီနည်းမဟုတ်ဘဲ ကမ္ဘာမြေကြီးကိုရော ခန္ဓာကိုယ်အတွက်ရော မထိခိုက်တဲ့နည်းလမ်းဖြစ်ပါတယ်။

နောက်ပြီး လုပ်ပုံလုပ်နည်းကလည်း လွယ်လွယ်လေးပါ။

ရေအပူချိန် 10〜15℃ လောက်ရေကို ဇလုံထဲထည့်ပြီး၊ ပုံထဲကအတိုင်းလက်ကိုထည့်လိုက်ပါမယ်။

https://grapee.jp/721364

၅ မိနစ်လောက် နှစ်ထားလိုက်ရင် လက်ချောင်းထိပ်က သွေးတွေလှည့်ပတ်ပြီး ခန္ဓာကိုယ်နောက်ဖက်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးအပူချိန်တွေ ကျဆင်းသွားပါလိမ့်မယ်။

အဲကွန်းထက် ကမ္ဘာကြီးကိုညှာတာရင်း ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်ပါ ထည့်စဥ်းစားကြပါနော်။

စကားမစပ် ဒီထက်ရေအေး၊ ရေခဲရေ စတာတွေက ခန္ဓာကိုယ်ကို နွေးလာအောင်လုပ်ပေးနိုင်ပြီး ပြောင်းပြန်သက်ရောက်မှုရှိတာဖြစ်ပါတယ်။

ဒီနှစ်ပိုင်းမှာ ဂျပန်နိုင်ငံရဲ့နွေရာသီက အသက်အန္တရာယ်ရှိတဲ့အပူချိန်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနည်းလမ်းအတိုင်းသာဆိုရင် မြန်မာနိုင်ငံမှာလည်း အလွယ်တကူ အသုံးပြုလို့ရပါတယ်။

သွေးကြောလေးတွေကို အအေးခံလိုက်ရင် ကောင်းသွားမယ်ဆိုရင် အလုပ်လုပ်နေတဲ့အချိန်မှာ ခြေထောက်စိမ်ထားရင်လည်းရမလားနော် ? ?

သေချာပေါက် စမ်းကြည့်လိုက်ကြနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: