Virtual idol နဲ့အရက်အတူတူသောက်နိုင်တဲ့ခေတ်

Vtuber ဆိုတဲ့စကားလုံးကို သိပါသလား ?

Youtube မှာတွေ့နေရတဲ့သူတွေကို Youtuber လို့ခေါ်ပေမယ့် Virtual Idol နဲ့ Youtube ပေါ်မှာ လှုပ်ရှားနေတဲ့ ကလေးတွေကို Vtuber လို့ခေါ်ပါတယ်။

မျက်နှာမပြဘဲ စကားပြောနေတဲ့အသံပဲကြားရတဲ့ လျို့ဝှက်ကျော်ကြားမှုတွေရှိနေရာမှာ ဒီလိုကောင်မလေးတွေကလည်း အတူတူအရက်ထိုင်သောက်နိုင်တဲ့ဘားကို ဖွင့်လှစ်လိုက်ပါတယ်။

https://japan.cnet.com/article/35141637/

မျက်နှာပြင်အကြီးကြီးနဲ့ Vtuber လေးတွေက ဆိုင်ကိုလာတဲ့ ဧည့်သည်တွေကို ဧည့်ခံကြတာဖြစ်ပါတယ်။

Vtuber  မျက်နှာပြင်မှာပေါ်နေတာက Animation ဗီဒီယိုဆိုပေမယ့် AI ပြောနေတာမဟုတ်ဘဲ တကယ်လူက ပြောနေတာဖြစ်ပါတယ်။

အဲ့ဒီလူရဲ့လုပ်ရှားမှုကို ကင်မရာကနေတဆင့်ကြည့်ပြီး Animation Video နဲ့လှုပ်ရှားနေတာကြောင့် ပုံမှန်အတိုင်းစကားပြောနိုင်ပါတယ်။

အရက်ဆိုလည်း အတူတူလိုက်သောက်ပေးပါတယ်။

https://japan.cnet.com/article/35141637/

 

ဗီဒီယိုထဲကပဲသောက်နေတာမလား ? လို့သံသယဝင်နေကြပေမယ့် တကယ့်လူကလည်း တကယ်သောက်ရင်းနဲ့ စကားပြောနေတာဖြစ်ပါတယ်။

တကယ်မူးလားမမူးလား စကားပြောကြည့်ရင် သိတာပဲလေနော်။

သီချင်းတွေလည်းဆိုပြပါတယ်။

https://japan.cnet.com/article/35141637/

အဲ့ဒီ Vtuber နဲ့ သူ့ရဲ့ပရိသတ်တွေက လျင်မြန်စွာတိုးပွားလျက်ရှိပါတယ်။

အဲ့ဒီပရိသတ်တွေ စုဝေးပြီး တူညီတာကိုစိတ်ဝင်စားတဲ့သူတစ်ဦးချင်းနဲ့ ဆိုင်မှာရင်းရင်းနှီးနှီးတွေ့ရတယ်ဆိုတာက စိတ်ဝင်စားစရာ လှုပ်ရှားမှုပဲနော်။

ဒီဆိုင်ကိုတော့လက်ရှိမှာ ဘိုကင်အရင်လုပ်ထားရပါတယ်။

နောက်ကျရင်တော့ ဘိုကင်လုပ်စရာမလိုဘဲ စိတ်ပေါ့ပေ့ါပါးပါးနဲ့ ကြိုက်တဲ့အချိန်သွားလို့ရပါပြီ။

ဘားမှာအလုပ်လုပ်တဲ့ ကောင်မလေးတွေက ငယ်ငယ်ရွယ်ရွယ်လေးတွေဖြစ်ရမယ်ဆိုတဲ့ အချက်က လက်ရှိမှာ လူသိများပါတယ်။

ကြိုးစားအလုပ်လုပ်နေတဲ့ ကောင်မလေးတွေက အသက်နည်းနည်းကြီးမယ်ဆိုရင် Vtuber ဖြစ်လာပြီး ဆိုင်ကိုပိုပြီးမြင့်တင်ပေးနိုင်မှာ မဟုတ်ဘူးလားလို့တွေးမိပါတယ်။

အတွေ့အကြုံရှိတဲ့ မိန်းကလေးတွေဆိုရင် အရက်မူးနေတဲ့ ဧည့်သည်တွေကို ဘယ်လိုပြုစုရမလဲဆိုတာသိပါတယ်။

ကျွမ်းကျွမ်းကျင်ကျင်နဲ့ ချော့မော့ပြီး စိတ်သက်သက်သာသာနဲ့ အရက်သောက်ခိုင်းပါတယ်။

ဒီလိုဆိုင်ကြီးဖွင့်လှစ်ဖို့ ပျော်ပျော်ကြီးစောင့်မျှော်နေပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: