လုံးဝမကြည့်သင့်တဲ့ပွဲတော်

ဂျပန်နိုင်ငံမှာ ပွဲတော်တွေ အကြီးအငယ်အမျိုးမျိုးရှိပြီး အထူးသဖြင့် နွေရာသီကနေ ဆောင်းဦးရာသီတစ်လျှောက်လုံး ဂျပန်နိုင်ငံတစ်နိုင်ငံလုံး ရောက်တဲ့နေရာတိုင်းမှာ ပွဲတော်တွေကို ကျင်းပလျက်ရှိကြပါတယ်။

နိုင်ငံခြားသားခရီးသားတွေ လာရောက်စုဝေးကြတဲ့ စည်ကားလှတဲ့ပွဲတော်တွေဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံခြားသားတွေ လုံးဝဝင်လို့မရတဲ့ ပွဲတော်ဆိုတာမျိုးလည်းရှိပါတယ်။

အဲ့ဒီအကြောင်းအရင်းကို အမျိုးမျိုးပြောကြပေမယ့် လူသားစားတယ်ဆိုပြီး ယုံရခက်တဲ့အဆိုတွေရှိပါတယ်။

အဲ့ဒါကတော့ အိုကီနာဝါခရိုင်ရဲ့ ဝေးလံခေါင်ဖျားတဲ့ကျွန်းလေးတစ်ကျွန်းဖြစ်တဲ့ パナリ島(ぱなりじま)Panari ကျွန်းလေးမှာဖြစ်ပါတယ်။

新城島(あらすくじま)Arasukujima ဆိုတာက တရားဝင်နာမည်နဲ့ ကျွန်းတစ်ကျွန်းကို တစ်တွဲအနေနဲ့ ထည့်တွက်ကြပါတယ်။

https://gurutabi.gnavi.co.jp/a/a_2606/

အံ့သြစရာကောင်းလောက်အောင် ပင်လယ်ကြီးက အရမ်းကိုလှပါတယ်။

Panari blue လို့လည်းပြောလို့ရတဲ့ အဲ့ဒီပင်လယ်အရောင်ကိုဆိုရင် ဘယ်သူမဆိုသဘောကျကြမှာ သေချာပါတယ်။

ကျွန်း ၂ ခုကိုပေါင်းလိုက်ရင်တောင်မှ 2k㎡ လောက်ပဲရှိတဲ့ ကျွန်းငယ်လေးတစ်ကျွန်းဖြစ်ပါတယ်။

ပုံမှန်ခရီးစဥ်တွေလည်းမရှိဘဲ နယ်ခံတွေကလည်း ၁၀ ယောက်လောက်ပဲရှိပါတယ်။

ဒါပေမယ့် တစ်နှစ်ကိုတစ်ကြိမ် အယောက် ၄၀၀ နီးနီးလောက် ရှိလာတဲ့နေ့တွေရှိပါတယ်။

ဒါကတော့ “アカマタ・クロマタ” Akamata Kuromata လို့ခေါ်တဲ့ ပွဲတော်ဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီပွဲမှာ တစ်ခုခုဖြစ်နေလားဆိုတာ ကျွန်းသားတွေကလွဲရင်မသိနိုင်တာကြောင့် ဂျပန်ပုံပြင်တွေမှာလည်း နက်နက်နဲနဲ ဖော်ပြထားပါတယ်။

အယောက် ၄၀၀ ဆိုတာကလည်း အဲ့ဒီကျွန်းရဲ့ဒေသခံတွေပြန်လာကြတာဖြစ်ပါတယ်။

ဘယ်သူမှ အဲ့ဒီပွဲအကြောင်းကို မပြောကြပါဘူး။

ကျွန်းကိုရောက်လာတယ်ဆိုရင် ဒီလိုဆိုင်းဘုတ်တွေ အများကြီးကို တွေ့ရပါလိမ့်မယ်။

https://shizuokatekko.com/2018/10/26/aragusukujima-panarito/

ဓာတ်ပုံမရိုက်ဖို့အတွက် တားမြစ်ထားတဲ့ဆိုင်းဘုတ်ဖြစ်ပါတယ်။

ဒီဓာတ်ပုံကတော့ တိတ်တိတ်လေးခိုးရိုက်လာတဲ့ ဓာတ်ပုံလို့ထင်ပေမယ့် တစ်ကျွန်းလုံးမှာ ဓာတ်ပုံရိုက်တာနဲ့ အသံသွင်းတာကို လုံးဝတားမြစ်ထားပါတယ်။

ဒီလို ဒေသမျိုးက ဂျပန်နိုင်ငံမှာ တခြားသိပ်မရှိပါဘူး။

ပွဲတော်တွေ ကျင်းပတယ်ဆိုတာက အဲ့ဒီနတ်ကွန်းမှာဖြစ်ပါတယ်။

https://shizuokatekko.com/2018/10/26/aragusukujima-panarito/

ရေသူမနတ်ကွန်းလို့ ခေါ်ကြပါတယ်။

ဟိုးအရင်တုန်းက အဲ့ဒီကျွန်းနားမှာ Dugong လို့ခေါ်တဲ့ နို့တိုက်သတ္တဝါတွေနေထိုင်ပြီး အမဲလိုက်တတ်ကြပါတယ်။

ဒါကို ရေသူမတွေကိုလည်း တွေ့နိုင်တယ်ဆိုပြီး ジュゴン=人魚 လို့ခေါ်ကြတာဖြစ်ပါတယ်။

Dugong ဆိုတာက ဒီအကောင်ပါ။

https://www.j-cast.com/2019/03/19353066.html?p=all

ဒါကို ဘယ်လိုဖြစ်ပြီး ရေသူမလို့မြင်ကြလဲဆိုတာက နည်းနည်းထူးခြားမှုတွေရှိနေတယ်ဆိုပေမယ့် …

အဲ့ဒီ ရေသူမနတ်ကွန်းမှာ Dugong တွေရဲ့အရိုးတွေကို ထားထားပါတယ်။

တကယ်ကို ကျောချမ်းဖို့ကောင်းတဲ့အရာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်းသားတွေကလွဲပြီး အဲ့ဒီနတ်ကွန်းထဲကို ခြေတစ်လှမ်းတောင် လှမ်းလို့မရအောင် တားမြစ်ထားပါတယ်။

အဲ့ဒီနတ်ကွန်းထဲကို ဝင်ရောက်မိမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ကျန်းမာရေးချို့တဲ့လာပြီး အသက်ထွက်သွားမယ်လို့ ပြောကြပါတယ်။

ပွဲတော်မှာ အထူးသတိထားပြီး ကျွန်းထဲကိုဝင်မယ်ဆိုရင် တားမြစ်ထားတာတွေရှိပါသေးတယ်။

ကင်မရာ၊ စမတ်ဖုန်းကိုတွေ့ရင် ဖျက်စီးခံရပါလိမ့်မယ်။

ဘာကြောင့် ဒီလောက်ထိ မဖြစ်မနေ လျို့ဝှက်ထားကြတာလဲ ?

သိပ်ပြီးတော့ မဖြစ်မနေ လျို့ဝှက်ထားတာတွေကြောင့် ဘယ်လောက်ထိမှန်တယ်ဆိုတာကို မသိနိုင်ပေမယ့် အဲ့ဒီပွဲတော်က တော်တော်လေးကိုထူးဆန်းတာကြောင့် လျို့ဝှက်ထားရတယ်လို့ ပြောကြတာလည်း ရှိပါတယ်။

ကျွန်းရဲ့ဂူထဲမှာ ယောကျ်ားနဲ့မိန်းကလေးက နှစ်ယောက်တည်း မူးယစ်ဆေးဝါးကိုသုံးပြီး မူးနေတဲ့အချိန်မှာ တစ်နေ့လုံးပျော်ပါးခဲ့ကြတယ်လို့လည်း ကောလာဟလတွေရှိပါတယ်။

နောက်ပြီး အဲ့ဒီအချိန်မှာ ရေသူမရဲ့အသားကို စားပြစ်လိုက်တယ်လို့ ပြောကြတာက ပြဿနာပါ။

ကျွန်းသားအရေအတွက်နည်းလို့ ဆွေမျိုးသားချင်းတွေအချင်းချင်း ကလေးမွေးကြတာလည်း များပါတယ်။

ဒီလိုဖြစ်လာတဲ့အခါ ကိုယ်လက်အင်္ဂါချို့ယွင်းပြီး မွေးဖွားလာနိုင်ချေများပေမယ့် အဲ့ဒီကလေးတွေဟာ အသတ်ခံရပြီး ရေသူမအသားကိုစားတယ်ဆိုတဲ့ ကောလာဟလ အနေနဲ့ဖြစ်သွားပါတယ်။

ဝေးလံခေါင်ဖျားတဲ့ကျွန်းပေါ်ကဘဝတွေမှာ ချို့ယွင်းတဲ့ကလေးတွေကို မမွေးဖွားနိုင်ဘူးဆိုတာကို သိပေမယ့်လည်း …

အဲ့ဒီပွဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားနေတဲ့ သုတေသနပညာရှင်က မျက်လုံးဖောက်ထုတ်ခံခဲ့ရတယ်လို့ ပြောကြပါတယ်။

ဒီအကြောင်းအရာတွေက တကယ်ပဲလား ? ဒါကို ကျွန်တော်တို့လည်းမသိနိုင်ပေမယ့် Panari ကျွန်းရဲ့ လှပတဲ့ပင်လယ်ကြီးကို ကြည့်ချင်တယ်ဆိုရင် အချိန်ကိုသေချာစဥ်းစားဆုံးဖြတ်ပြီးမှ အစီအစဥ်ဆွဲတာက ပိုကောင်းလိမ့်မယ်ထင်တယ်နော် …

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: