နွေရာသီသရဲရထားစီးကြစို့ !
ဂျပန်ရဲ့နွေရာသီလို့ဆိုရရင် သရဲ၊ တစ္ဆေ လို့လည်းပြောလို့ရပါတယ်။
ဘာလို့ နွေရာသီလို့ပြောရလည်း ဆိုတာတော့ မသိပေမယ့် …
စကားမစပ် သရဲဆိုတာက သေသွားတဲ့လူရဲ့ ထွက်လာတဲ့ဝိဉာဥ်၊ တစ္ဆေဆိုတာက ပရလောကသားတွေဖြစ်ပါတယ်။
Obake ဆိုတာက ဒီလို သရဲတစ္ဆေတွေကို ခေါ်တဲ့စကားလုံးဖြစ်ပါတယ်။
ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ တစ္ဆေအကြောင်းဖြစ်ပါတယ်။
တစ္ဆေတွေက ရထားစီးနေကြတယ် ! ဒါကလည်း ပုံမှန်အတိုင်းစီးလို့ရပါတယ် !
အရင်ဆုံး ပုံထဲမှာကြည့်လိုက်ပါဦး။
ဒါက ပုံမှန်ရထားပဲလား ? ? ကြောက်စရာမကောင်းဘူးလား ? ?
အဲ့ဒီရထားက ကျိုတိုမြို့ရဲ့ အရရှိယမလိုင်း လို့ခေါ်တဲ့ရထားဖြစ်ပါတယ်။
လက်မှတ်ကလည်း သရဲရထားလက်မှတ်အတွက်သီးသန့်ဖြစ်ပါတယ်။
ကင်မရာချိန်လိုက်တာနဲ့ ပို့စ်တန်းပေးတဲ့ ချစ်စရာသရဲလေးတွေလည်း ရှိပါတယ်။
အဲ့ဒီသရဲတွေက အနုပညာကျောင်းသားလေးတွေအင်အားနဲ့ လုပ်ထားကြတာဖြစ်ပြီး အနုပညာကျောင်းသားတွေရဲ့ အရည်အချင်းဖြစ်ပါတယ်။
သရဲတွေရဲ့ ဓာတ်ပုံလေးတွေရှိုးလိုက်ပါဦး…
ဒါတွေက လုပ်ယူထားတယ်ဆိုတာကို သိပေမယ့်လည်း နည်းနည်းတော့ကြောက်နေမိပါလိမ့်မယ်။
ကလေးတွေသာမြင်ရင် အိမ်မက်ဆိုးတွေမက်လောက်တယ်နော်။
ပုံမှန်အတိုင်း ရထားစီးရင်းနဲ့ …..
ကြောက်စရာကောင်းတာတွေကို သဘောကျတဲ့သူတွေဆိုရင် ကျိုတိုမြို့ကို သွားလိုက်တော့နော် !
အချိန်ကန့်သတ်ထားလို့ မသွားခင်မှာ အရင်စုံစမ်းဖို့မမေ့ပါနဲ့ဦး…