ဘာရန်ငြိုးမှမရှိဘဲ အိမ်သာထဲမှာ ပိတ်မိနေခဲ့တဲ့ မိန်းကလေး

ဂျပန်နိုင်ငံရဲ့မြို့ပြဒေသတွေမှာ တစ်ယောက်တည်းနေထိုင်တဲ့သူတွေများပါတယ်။

အနီးအနားမှာ ခင်မင်ရင်းနှီးတဲ့သူတွေလည်းမရှိ၊ ဘေးအိမ်မှာနေတဲ့သူကလည်း ဘယ်လိုလူလဲဆိုတာ ထဲထဲဝင်ဝင်မသိနိုင်ဘူးဆိုတာကလည်း ထွေထွေထူးထူးမဟုတ်ပါဘူး။

ဒီလိုတွေကြားထဲမှာ ကိုယ့်အိမ်ရဲ့အိမ်သာထဲမှာ ပိတ်မိနေတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်။

https://www.mag2.com/p/news/246723

တံခါးဖွင့်လို့မရဘူး ! သော့ခတ်ထားတာလည်းမဟုတ်ဘူး။

တစ်ယောင်တည်းနေတာကြောင့် ဘယ်သူမှလည်း ရောက်လာစရာမရှိပါဘူး။

နံရံကိုထုပေမယ့်လည်း ဘေးအိမ်ကဘယ်သူမှမရှိတဲ့အခြေအနေဖြစ်ပါတယ်။

ဒီတိုင်းအထဲမှာ အစာငတ်ပြီးသေဆုံးသွားတာလား……..ဒါဆိုဘာလို့ ပိတ်မိနေခဲ့ရတာလဲ ?

အဲ့ဒီတရားခံကတော့ ခရီးဆောင်အိတ်ဖြစ်ပါတယ်။ အိမ်သာရဲ့ရှေ့မှာ ခရီးဆောင်အိတ်က ဒီလိုရှိနေခဲ့တာဖြစ်ပါတယ်။

https://nlab.itmedia.co.jp/nl/articles/1908/20/news083.html

ဝင်သွားတဲ့အချိန်မှာ အဲ့ဒီအိတ်က ဖိမိနေလို့လား ? တစ်ခုခုကြောင့် လှဲသွားပြီး ဒီလိုဖြစ်သွားတာဖြစ်ပါတယ်။

https://nlab.itmedia.co.jp/nl/articles/1908/20/news083.html

ဂျပန်နိုင်ငံက အိမ်တွေဟာ တံခါးတွေကို သေသေချာချာလုပ်ထားပါတယ်။ ဒီလိုဖြစ်သွားရင် အိမ်သာတံခါးကို အထဲနေဖွင့်လို့မရပါဘူး။

အိတ်ထဲမှာ ဖုန်းထည့်ပြီး အိမ်သာထဲဝင်သွားလို့ အိမ်ရှင်ကိုဖုန်းဆက်ခဲ့ပေမယ့်လည်း အန္တရာယ်များတယ်နော်။ အိမ်သာရှေ့မှာ ဘာပစ္စည်းမှမထားနဲ့နော်။

ဘယ်လိုအချိန်မျိုးမှာမဆို ဖုန်းကိုယူသွားပါ။ အားလုံးလည်း ဒီလိုအဖြစ်မျိုးမဖြစ်ဖို့ ဂရုစိုက်ကြပါနော် …

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: