စည်ကားလှတဲ့ Aomori Nebuta ပွဲတော်ကြီး

ဂျပန်နိုင်ငံရဲ့နွေရာသီမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပွဲတော်တွေများတဲ့ရာသီဖြစ်ပါတယ်။

မြို့ထဲကအဖွဲ့အစည်းတွေနဲ့ ကျင်းပကြတဲ့ ပွဲတော်အသေးလေးကနေ မီးရှူးမီးပန်းပွဲတော်ကြီး၊ မိခိုရှိပွဲတော်ကြီးတွေကိုပါ အကြီးအကျယ်ကျင်းပကြတာဖြစ်ပါတယ်။

ပွဲတော်တွေအများကြီးရှိတဲ့ နွေရာသီပွဲတော်တွေထဲမှာလည်း အင်အားတောင့်တင်းတဲ့ ပွဲတော်တစ်ခုကတော့ Aomori Nebuta ပွဲတော်ဖြစ်ပါတယ်။

နှစ်တိုင်း ၈ လပိုင်း ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်တဲ့ ပွဲတော်ဖြစ်ပါတယ်။

https://www.youtube.com/watch?v=BTA5Z_bXt3w

ဂျပန်နိုင်ငံရဲ့ပွဲတော်တွေမှာ ဂန္တဝင်ဆန်တဲ့ နတ်ဘုရားတွေကို တင်ပြီးသယ်ဆောင်ရတဲ့ “神輿(みこし)” မိခိုရှိ ဆိုတာရှိပါတယ်။

ဒါပေမယ့် ဒီလောက်ကြီးကြီးတဲ့ မိခိုရှိကြီးတွေကိုပဲ အများကြီးပြသတာက Aomori Nebuta ပွဲတော်ဖြစ်ပါတယ်။

https://omatsurijapan.com/blog/nebuta02/

ဒါဆိုရင် ဘယ်လောက်ကြီးလဲဆိုတာတောင် ဖော်ပြလို့မရလောက်ဘူးထင်တယ်နော် ?

လူတွေနဲ့ယှဥ်လိုက်ရင် ဒီလိုဖြစ်သွားပါတယ်။

https://omatsurijapan.com/blog/nebuta02/

ကြီးလိုက်တာနော် ….

အဲ့ဒီ “ နဲဘုတ ” လို့ခေါ်တဲ့ မိခိုရှိတွေက နှစ်စဥ်နှစ်တိုင်း လက်လုပ်အနေနဲ့ ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။

ဘယ်လိုအကြောင်းအရာနဲ့ ပြုလုပ်ကြမလဲဆိုတာကို စဥ်းစားပြီး ဒီဇိုင်း၊ framework တွေကနေစတင်ပြီး ပြုလုပ်သွားကြပါတယ်။

ဒါကို ကျွမ်းကျင်တဲ့ “ねぶた師(ねぶたし)နဲဘုတရှိ လို့ခေါ်တဲ့ အလုပ်အကိုင်တွေလည်းရှိပါတယ်။

ဒါကို ပြသဖို့အတွက် တစ်မူထူးခြားတဲ့ပုံစံနဲ့ မြို့ထဲမှာလှည့်လှည်တဲ့အခါ ကြိုးတွေကိုထုတ်လို့မရတဲ့အခါမျိုးတွေလည်း ရှိပါတယ်။

ဟိုးအရင်တုန်းက ဒီလိုပုံစံနဲ့ အထောင်အတိုင်းအတည့်ပုံစံတွေလို့ပြောကြပါတယ်။

https://www.travel.co.jp/guide/article/11408/

မီတာ ၂၀ ကျော်လောက်ရှိခဲ့ပေမယ့် “နဲဘုတ” ရဲ့ မူလက Aomori Nebuta ပွဲတော်တွေမှာဆိုရင် မြင့်မားလွန်းတဲ့အတွက်ကြောင့် ဘေးကိုဖြန့်ပြီး အင်အားတွေစိုက်ထုတ်ကြရင်း တဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။

Aomori Nebuta ပွဲတော်ကျင်းပနေတဲ့အချိန်အတွင်း ညဘက်တွေမှာလည်း စည်စည်ကားကားနဲ့ ကျင်းပတဲ့ကုန်ကျစရိတ်က ယန်းပေါင်းသန်း ၂၀၀ လောက်ကျသင့်ပါတယ်။

ကုမ္ပဏီတွေနဲ့ ဒေသခံတွေကနေပြုလုပ်ပေးပြီး အကြီးအသေးအမျိုးမျိုးကျု ၃၀ ထက်ပိုပြီး ပြသခဲ့ပါတယ်။

နောက်ပြီး နဲဘုတပွဲတော်ရဲ့ညကို အသက်ဝင်စေတာက နဲဘုတတစ်ခုတည်းမဟုတ်ပါဘူး။

跳人(はねと)ဟနဲတိုလို့ခေါ်တဲ့ သူတို့တွေကလည်း ပွဲတော်ကြီးကို အကောင်းဆုံးအသက်ဝင်စေပါတယ်။

ဘယ်လိုလူတွေလဲဆိုတာ အောက်ကဗီဒီယိုမှာ ကြည့်လိုက်ပါနော်။

https://www.youtube.com/watch?v=MLXBGCluLrA

စိတ်ဝင်စားဖို့ကောင်းတာက ဝတ်စုံတွေကို အသေအချာဝတ်ဆင်ထားတာမယ်ဆိုရင် ဘယ်သူမဆိုတက်ရောက်ပါဝင်နိုင်တာဖြစ်ပါတယ်။

အကတွေကလည်း ခက်ခက်ခဲခဲမဟုတ်ဘဲ ဒီလောက်ဆိုရင် တက်ရောက်လို့ရပါတယ် !

ခုန်နေရင်းနဲ့ ခန္ဓာကိုယ်မှာတပ်ဆင်ထားတဲ့ ခေါင်းလောင်းတွေက မြည်လာပြီး အသံအကျယ်ကြီးနဲ့ အော်လိုက်မယ်ဆိုရင် အသက်ဝင်လာမှာဖြစ်ပါတယ်။

ကြည့်နေရုံပဲဆိုလည်း ရပါတယ်။ ကခုန်ရင်းနဲ့ ပါဝင်မယ်ဆိုလည်းရပါတယ်။

၂၀၁၉ ခုနှစ်အတွက် ကျင်းပပြုလုပ်ပြီးသွားပြီဆိုပေမယ့် ၂၀၂၀ ခုနှစ်မှာသေချာပေါက် Aomori Nebuta ပွဲတော်မှာ လာရောက်ပါဝင်ကြဖို့အတွက်ဖိတ်ခေါ်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: