အိမ်သာမသုံးနိုင်တဲ့သူတွေအကြောင်း

စာဖတ်သူတို့ရေ ဂျပန်နိုင်ငံရဲ့ အိမ်သာတွေက ဘယ်လိုမျိုးလဲဆိုတာကို သိပါသလား ?
Washlet အိမ်သာတွေမှာ အနောက်ဘက်ကနေဆေးပေးတဲ့ အိမ်သာ၊ နောက်တစ်ခုကတော့ အိမ်သာထဲကို ဝင်လိုက်တာနဲ့ ထိုင်တဲ့နေရာမှာ ကိုယ်ကြိုက်သလို ချိန်ညှိလို့ရတာဖြစ်ပါတယ်။
နောက်ပြီး ဂျပန်နိုင်ငံက အိမ်သာတွေဟာ သေသေချာချာ ဆေးကြောသန့်စင်ထားပါတယ်။
သန့်ရှင်းရေးလုပ်တဲ့ အကြိမ်အရေအတွက် များရုံတင်မကဘဲ အားလုံးက သန့်သန့်ရှင်းရှင်းနဲ့ အသုံးပြုကြတဲ့အတွက်ကြောင့် ဂျပန်နိုင်ငံရဲ့ အိမ်သာတွေက တော်တော်လေးကို သန့်ရှင်းသပ်ရပ်ပါတယ်။
ဒါပေမယ့် နည်းနည်းစဥ်းစားမိတာကတော့…
အိမ်သာတွေကို ကောင်းကောင်းအသုံးမပြုတဲ့သူတွေလည်းရှိနေတတ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ convenience store တွေတော်တော်များများက အိမ်သာတွေကို ခဏလောက်ဝင်သုံးလို့ရပါတယ်။
ဒီလိုဆိုင်မှာ ဆိုင်ဝန်ထမ်းတစ်ယောက်တွေ့ခဲ့တဲ့ ထူးဆန်းတဲ့ ဧည့်သည်ဆိုတာက …
https://nikkan-spa.jp/1587644/2
တစ်နေကုန်လုံး အိမ်သာဝင်ချင်လို့လာတဲ့ ယောကျ်ားကြီးတစ်ဦးဖြစ်ပါတယ်။
ပန်းခြံနားက စတိုးဆိုင်နားမှာ အလုပ်လုပ်နေတဲ့ ဆိုင်ဝန်ထမ်းတစ်ဦးက ဒီလိုပြောပြခဲ့ပါတယ်။
အသက် ၂၀ ကျော် လောက်ရှိတဲ့ ယောက်ျားလေးဧည့်သည်ရဲ့ မပြုအမူတွေက တော်တော်လေးကို ထူးဆန်းပါတယ်။
တစ်နာရီကြာတိုင်းမှာ အိမ်သာဝင်ဖို့ ရောက်ရောက်လာပါတယ်။
တစ်ခါတစ်လေတော့ ပစ္စည်းတွေဝယ်လေ့ရှိပေမယ့် အမြဲတမ်း အိမ်သာထဲကိုပဲ သွားတတ်ပါတယ်။
မဟုတ်မှလွဲရော မဂ္ဂဇင်းဖတ်ချင်လို့ပဲ ဆိုင်ကနေ မဝယ်ချင်လို့ပဲလား။
ညဘက်ဆိုရင်လည်း ၂ နာရီတစ်ခါအိမ်သာကိုလာပါတယ်။
အလုပ်တစ်ခုခုပဲလုပ်နေတာလား ? ? ? အိမ်မှာ အိမ်သာမရှိလို့ပဲလား ? ? ? လို့တွေးမိပေမယ့် သူ့ရဲ့အဖေက ဆိုင်ကိုလာလေ့ရှိပေမယ့် အိမ်သာဝင်တာမတွေ့ဖူးပါဘူး။
ဒါဆိုရင်တော့ အိမ်မှာလည်း အိမ်သာရှိလောက်ပါတယ်။
သန့်သန့်ရှင်းရှင်းနဲ့ သုံးရင်ကောင်းမယ်လို့ တွေးထားပေမယ့်လည်း သူသုံးပြီးရင် အိမ်သာက တော်တော်လေးကို ဆိုးရွားလွန်းပါတယ်။
ဆီးတွေလည်း ပြန့်ကျဲနေပါတယ်။
လိုက်ပြီးသတိပေးနေတာတောင် တောင်းပန်တာမျိုးလည်းရှိပေမယ့်လည်း ဒီတိုင်းကဒီတိုင်းပါပဲ။
နောက်ဆုံးမှာတော့ ဆိုင်ထဲဝင်ခွင့်ကိုတောင် ပိတ်ပင်လိုက်ပါတော့တယ်။
သူကဘာလို့ အိမ်ကအိမ်သာကို မသုံးရတာလဲ ? ?
နောက်တစ်ခုရှိပါသေးတယ်။
အဲ့ဒီကိုလာတဲ့ အသက် ၃၀ နီးနီးလောက်ရှိတဲ့ မိန်းကလေးဧည့်သည်တစ်ယောက်ဟာ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ဆိုင်ကိုလာပြီး ၃ ကြိမ်မှာ တစ်ကြိမ်လောက် ဈေးဝယ်ပါတယ်။
သူမဆိုရင် ဈေးဝယ်လို့ကောင်းတယ်လို့ထင်ပေမယ့် အမြဲ မိနစ် ၃၀ ကျော်ရင် အိမ်သာထဲကို ဝင်တာမျိုးလည်းရှိပါတယ်။
အဲ့ဒီအိမ်မှာရော အိမ်သာမရှိဘူးလား ?
နောက်ပြီး ဆိုးရွားတာက ဒါပါ။
https://nikkan-spa.jp/1587644/2
အလုပ်လုပ်နေရင်းနဲ့ ဘာမှန်းမသိအနံ့ဆိုးကြီးထွက်လာပါတယ်။
ရေလောင်းခဲ့ရဲ့လားဆိုပြီး အိမ်သာဘက်ကိုသွားလိုက်တဲ့အခါ အိမ်သာရှေ့မှာ မစင်တွေရှိနေပါတယ်။
ဟင် ? ဆိုင်ထဲမှာမဟုတ်ဘူးလား ?
တခြားသူတွေလည်း မြင်ရတဲ့နေရာကြီးမှာလား ? ? ?
ထူးဆန်းတယ်လို့တွေးပြီး CCTV ထဲမှာပြန်ကြည့်လိုက်တဲ့အခါ အသက် ၂၀ အရွယ် မိန်းကလေးတစ်ယောက် အိမ်သာဘက်ကိုသွားတာ ရိုက်မိထားပါတယ်။
တစ်ယောက်ယောက်ဝင်သွားလို့ သူမစောင့်နေတဲ့ပုံပါပဲ။
မစောင့်နိုင်တော့တာထင်တယ်နော် …
ဆိုင်ထဲမှာနည်းနည်းငုံ့ကြည့်လိုက်တဲ့အခါမှာတော့ သူရဲ့စကပ်ထဲကနေ ဝါဝါလေးတွေထွက်လာပါတယ် …
အဲ့ဒီနောက်ပိုင်း သူဆိုင်ကိုဘယ်တော့မှ မလာတော့တာဖြစ်ပြီး …..အတွင်းခံဘောင်းဘီမဝတ်ထားတာမဟုတ်ဘူးလား ?
မဟုတ်ပါဘူး အဲ့လိုမဟုတ်ပါဘူး …
ဒီလိုကိစ္စမျိုးထပ်ဖြစ်ပွားခဲ့ပါသေးတယ်။
https://nikkan-spa.jp/1587644/2
အသက် ၄၀ အရွယ်လောက်ရှိတဲ့ မကောင်းတဲ့ယောကျ်ားကြီးတစ်ယောက်ရှိပါတယ်။
နေလည်လောက်ကတည်းကနေ အရက်မူးနေတတ်ပြီး အမြဲတမ်းဝန်ထမ်းတွေနဲ့ ရန်ဖြစ်နေပါတယ်။
ဘာလုပ်တာလဲဆိုတာ နားမလည်နိုင်ဘဲ ဆိုင်ဝန်ထမ်းတွေကလည်း သူလုပ်သမျှကို ကင်မရာနဲ့စောင့်ကြည့်နေပါတယ်။
ဒီလိုကြည့်နေရင်းမှာပဲ …
မဂ္ဂဇင်းတွေထားတဲ့နေရာမှာ ဘောင်းဘီနဲ့ အတွင်းခံကို ချွတ်လိုက်ပြီး အဝါရောင်လေးတွေကို ထုတ်လိုက်ပါတော့တယ်။
ပြီးတာနဲ့သူက ဆိုင်ပြင်ကို ပြေးထွက်သွားပါတယ်။
ဘာမှမတတ်နိုင်တဲ့ ဆိုင်ဝန်ထမ်းတွေက မလှုပ်မယှက်ဘဲ နောက်မှဝင်လာတဲ့ တခြားဧည့်သည်တွေကလည်း ဝါဝါလေးတွေကို သတိမထားမိဘဲ နင်းမိပါတော့တာပေါ့။
စတိုးဆိုင်ထဲမှာ မစင်တွေကိုနင်းမိလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲနော် …
ဒီလိုမဖြစ်နိုင်တဲ့သူတွေရဲ့ လုပ်ရပ်တွေနဲ့တွေ့ကြုံနေရင်းနဲ့ စတိုးဆိုင်တွေမှာ သန့်ရှင်းတဲ့အိမ်သာတွေကို ထားထားပါတယ်။
ဆိုင်ဝန်ထမ်းတွေက တကယ့်ကိုခေါင်းငုံ့ခံနိုင်တာပဲနော်။