ကြောက်စရာကောင်းတဲ့ လမ်းထဲကို သင်သွားနိုင်ပါ့မလား ?

Kuchisake-onna ဆိုတဲ့ ဒဏ္ဍာရီပုံပြင်ကို ကြားဖူးပါသလား?

စာရေးသူ မူလတန်းအရွယ်ကတည်းကနေ ဂျပန်နိုင်ငံမှာ လူပြောများတဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။

မျက်နှာဖုံးတပ်ထားတဲ့ မိန်းမချောလေးက ဖြတ်သွားတဲ့သူတွေကို ဒီလိုမေးပါတယ်။

 

ကျွန်မ လှလား ?

 

လှတယ်လို့ဖြေလိုက်ရင်တော့ ….

 

ကဲ … ဒီလိုဆိုရင်ရော ? ? ?

 

ဆိုပြီး မျက်နှာဖုံးကိုဖြုတ်ပြီး ပါးစပ်ပြဲကြီးကိုပြပါတယ်။

https://www.instagram.com/p/4rFYiwp6Kd/?utm_source=ig_embed

 

ရုပ်ဆိုးတယ် လို့ဖြေလိုက်မိရင်တော့ …

https://mnsatlas.com/wp

ကပ်ကြေး ဒါမှမဟုတ် ဓားနဲ့ ထိုးပြီးသတ်ပါလိမ့်မယ်။

 

စာရေးသူက ဘာမှမသိသေးတဲ့ မူလတန်းအရွယ်ဘဝတုန်းက ညဘက်တွေမှာ တစ်ယောက်တည်း လမ်းလျှောက်ရမှာ ကြောက်နေတာကို မှတ်မိနေပါသေးတယ်။

ဒီလို ဒဏ္ဍာရီတွေကို တွေ့ကြုံနိုင်တဲ့ နေရာကတော့ Gifu ခရိုင်မှာဖြစ်ပါတယ်။

ပိတ်ထားတဲ့ဆိုင်တွေများတဲ့ YaNaGaSe ဈေးဝယ်လမ်းကြား ဆိုတာရှိပါတယ်။

https://icotto.jp/presses/2535

ရှော့ပင်းမောလ်ကြီးရဲ့ အနီးနားမှာ ဆောက်လုပ်ထားပြီး ဆက်ခံမယ့်သူမရှိဘဲ ပြိုကျနေတဲ့ အဆောက်အဦတွေက အဲ့ဒီဈေးလမ်းထဲမှာ တန်းစီနေပါတယ်။

အဲ့ဒီနေရာရဲ့ မှတ်မိတာဆိုရင် “ ကြောက်စရာကောင်းတဲ့ မြို့ထဲကလမ်း” ဆိုတာက ဈေးလမ်းကြားက သရဲအိမ်တွေရှိတယ် ဆိုတာကိုပါ။

ဘယ်လို ၊ အစစ်မဟုတ်ဘူးဟ ။

 

ဟုတ်ပါတယ်။ အစစ်မဟုတ်ပေမယ့် အကြောက်မလွန်ဖို့နဲ့ သရဲအိမ်တွေဆိုရင် မကြောက်ဘဲနေနိုင်ပါ့မလား?

https://www.youtube.com/watch?v=1xpwL1U0638

ဒီဗီဒီယိုကို ကြည့်လိုက်ရုံနဲ့တင် စာရေးသူကတော့ အတိုင်းထက်အလွန်ဖြစ်နေပါတယ်။

မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ပါဘူး။

Kuchisake-onna နဲ့တွေ့ရင် အကြောက်လွန်နေမိမယ်ထင်ပါတယ်။

ကြောက်စရာကောင်းတာတွေကို နှစ်သက်တဲ့သူတွေရှိရင် ဒီနေရာကို သွားပြီးစိန်ခေါ်ကြည့်လိုက်နော် ….

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: