အစာမစားတဲ့ လူသား
ကျွန်တော်တို့တွေ အသက်ရှင်နေထိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုကတော့ အစာစားဖို့ဖြစ်ပါတယ်။
ဒါက ပုံမှန်အတိုင်း အာဟာရဓာတ်တွေ ခန္ဓာကိုယ်ကို ရောက်ရှိစေနိုင်ရုံသာမကဘဲ၊ အရသာရှိတာတွေကိုစားလိုက် တခြားသူတွေနဲ့ စားလိုက်သောက်လိုက်က ပျော်စရာကောင်းတယ်လို့ လက်ခံထားကြတဲ့သူတွေများမယ်လို့ ထင်ပါတယ်။
အလုပ်တွေကြိုးစားရင် အဲ့ဒီပင်ပန်းတာတွေကို ဖြေလျှော့နိုင်ဖို့အတွက် အရသာရှိတဲ့ အစားအစာတွေကို သွားစားတဲ့သူတွေများမယ်လို့ထင်ပါတယ်။
ဒီလိုလူတွေ အများကြီးနဲ့ လုံးဝကိုမတူညီတဲ့ အတွေးနဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။
ဂျပန်နိုင်ငံရဲ့ ထိပ်ဆုံးတက္ကသိုလ်ဖြစ်တဲ့ တိုကျိုတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး IT ကုမ္ပဏီကြီးမှာ အလုပ်လုပ်နေတဲ့ 笠原元輝(かさはら もとき)さん Kasahara Motoki ဆိုတဲ့ အသက် ၃၀ အရွယ်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။
http://blog.livedoor.jp/dqnplus/archives/1991585.html
အစာစားပြီးရင် နောက်ဆုံးမှာ မစင်ပဲဖြစ်သွားမှာပါ။
မစင်ရဖို့အတွက် ပိုက်ဆံနဲ့ အချိန်တွေကို အသုံးပြုလိုက်တာက မိုက်မဲရာကျပါတယ်။
မစင်တွေကို ပိုက်ဆံပေးပြီးဝယ်နေသလိုပဲ ။
Kasahara က ဒီလိုပြောခဲ့တာဖြစ်ပါတယ်။
အရသာရှိတာတွေကို မကြိုက်တာတော့မဟုတ်ပါဘူး။
ဒါပေမယ့် အကန့်အသတ်နဲ့သာရှိနေတဲ့ ပိုက်ဆံနဲ့ အချိန်တွေကြားမှာ တစ်ခဏတာလေး စိတ်ကျေနပ်ဖို့အတွက် အချိန်နဲ့ငွေကို ဖြုန်းတီးလိုက်ဖို့နှမြောတယ် ဆိုတဲ့ အတွေးတွေရှိနေခဲ့တာဖြစ်ပါတယ်။
ကျောင်းသားဘဝတုန်းက အိမ်ရဲ့ငွေကြေးအကြောင်းကို တွေးရင်း သူကဒီလိုအတွေးမျိုးဝင်ခဲ့ပါတယ်။
လုပ်ရိုးလုပ်စဥ်ထက် ရလဒ်ကပိုအရေးကြီးတယ်
အစာအာဟာရတွေရဖို့ဆိုတဲ့ ထိရောက်တဲ့ ရလဒ်ကိုရှာမယ်
နောက်ပြီး ၃ နှပ်လုံးကို Cornflakes တွေကြီးပဲ စားလာခဲ့တာဖြစ်ပါတယ်။
ဒါက ပိုထိရောက်မှုရှိပြီး အာဟာရမှုန့်တွေကိုပဲ ရေနဲ့ဖျော်သောက်ခဲ့တာဖြစ်ပါတယ်။
ထမင်းစားတဲ့ကြာချိန်က တစ်ကြိမ်ကို 12 စက္ကန့်ပဲကြာပါတယ်။
အသက်ရှင်နိုင်တဲ့ အစာအဟာရတွေကို ဒါနဲ့ အပြည့်အဝရနိုင်ပါတယ်။
ထမင်းစားတဲ့ အချိန်ကိုဖယ်လိုက်မယ်ဆိုရင် လေ့လာတဲ့အချိန်တွေပိုလာလို့ အသက်ရှင်နေရတာပိုပြီး အဓိပ္ပာယ်ရှိပါတယ်။
ဗိုက်ထဲမှာ ဟာနေတာမျိုးလည်း မရှိဘဲ ပိန်သွားတာမျိုးလည်း မရှိပါဘူး။
ဖျားနာတာမျိုးလည်းမရှိဘဲ ခန္ဓာကိုယ်က ရောဂါလက္ခဏာတွေလည်း လုံးဝမရှိပါဘူး။
တစ်ခုကတော့ ဝါးစရာမလိုတဲ့အတွက် မေးရိုးတွေချောင်လာပါတယ် လို့ပြောပါတယ်။
၆ နာရီလောက်အိပ်လို့ အိပ်ချိန်လုံလောက်ပြီး ဝါသနာပါရာကိုလေ့လာရင်းနဲ့ အချိန်တွေကို အပြည့်အဝကုန်ဆုံးစေခဲ့ပါတယ်။
သူလည်း တစ်ယောက်ယောက်နဲ့ချိန်းတွေ့တဲ့အခါ အတူတူစားရမယ်ဆိုရင် နည်းနည်းလောက်တော့ စားမယ်ထင်ပါတယ်။ ဒါပေမယ့် တစ်ယောက်တည်းရှိနေမယ်ဆိုရင်တော့ ဘာမှစားမယ်လို့မထင်ပါဘူး။
ဒီလိုဘဝကို စတာ ၁ နှစ်လောက်တော့ရှိပါပြီ။
အခုလက်ရှိ ကျန်းမာရေးမကောင်းတာမရှိပေမယ့် တကယ်ရောအဆင်ပြေရဲ့လား ?
နောက်ပြီး ထမင်းစားရင်းနဲ့ ရတဲ့အပျော်တွေကို လုယူလိုက်တာက အဆင်ပြေပါ့မလား ?
စားနက်ရိက္ခာရှားပါးမှုကြီး ဖြစ်ပေါ်မယ်လို့ ဟောကိန်းထုတ်ထားတဲ့ ဒီကမ္ဘာမြေကြီးမှာ ဒီလို အသက်ရှင်နေထိုင်မှုပုံစံမျိုးတွေက ယဥ်ကျေးမှုဖြစ်လာတဲ့ခေတ် ဖြစ်လာမလားမသိနိုင်သလို ဖြစ်ကောင်းဖြစ်လာနိုင်တယ်နော်။
Kengo Abe