လူသားမျိုးနွယ်တွေ ဂျပန်နိုင်ငံကို ဘယ်လိုရောက်လာခဲ့ကြလဲ ?

အာဖရိကတိုက်မှာ လူသားမျိုးနွယ်တွေက မျောက်တွေကနေ ဆင်းသက်လာတယ်လို့ဆိုပါတယ်။

နေရာတစ်နေရာပြီးတစ်နေရာ ရှာဖွေနေထိုင်ကြရင်းနဲ့ လူသားတွေက ကမ္ဘာပေါ်မှာ တဖြည်းဖြည်းတိုးပွားလာခဲ့တာဖြစ်ပါတယ်။

ဟင် ? နေပါဦး….

ကုန်းပေါ်မှာဆိုရင် နယ်ချဲ့ပြီးဆက်သွားလို့ရတယ်ဆိုတာသိပေမယ့် ပင်လယ်ထဲမှာ ဆိုရင်ရောဘယ်လိုသွားကြလဲ ?

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀,၀၀၀ လောက်က ဂျပန်နိုင်ငံကိုရောက်ရှိလာခဲ့တဲ့ သူတွေက ပင်လယ်ကြီးကို ဘယ်လိုများဖြတ်ကျော်ခဲ့တာလဲ ?

တကယ်တော့ သယ်ယူပို့ဆောင်ပေးတဲ့ အဖွဲ့တွေရှိပါတယ်။

ထိုင်ဝမ်နဲ့ ဂျပန်နိုင်ငံတို့ပူးပေါင်းထားတဲ့ သုတေသနအဖွဲ့တစ်ဖွဲ့က သင်္ဘောလုပ်တဲ့ကိရိယာက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀,၀၀၀ တုန်းကနဲ့ အတူတူပဲဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့အရှေ့ဘက်ကမ်းရိုးတန်းမှာ ပြုလုပ်ထားခဲ့တဲ့ လှေကိုစီးပြီး အိုကီနာဝါ ရော်နဂုနိကျွန်း ကိုတည်ပြီးသွားကြပါတယ်။

လမ်းခရီးမှာ သမုဒ္ဒရာရဲ့လှိုင်းလုံးကြီးတွေရှိပြီး နည်းနည်းလေးပေါ့သွားတာနဲ့ ရေစီးထဲမျှောပါသွားနိုင်ပါတယ်။

သံလိုက်အိမ်မြောင်ရဲ့လမ်းကြောင်းနဲ့ မိုးကုတ်စက်ဝိုင်းကြီးထဲမှာ သေးသေးလေးပဲမြင်ရတဲ့ ကျွန်းလေးကို မျက်ခြေမပျက်ကြည့်နေရင်း ပျောက်ကွယ်သွားမလား ?

နေရဲ့အပူဒဏ်ကိုရောခံနိုင်ရည်ရှိပါ့မလား ?

နှစ်ရက်မြောက်မှာ ဆက်ပြီးတော့ လှော်နိုင်ပါ့မလား ?

ခန္ဓာကိုယ်ရဲ့အင်အားရော၊ စိတ်ခွန်အားတွေရော အကန့်အသတ်နဲ့ပဲရှိနိုင်တဲ့ ဒီလိုပရောဂျက်က ခုခေတ်မှာပင်လယ်ကြီးကို လွယ်လွယ်ကူကူဖြတ်သန်းနိုင်ရာမှာ အဓိပ္ပာယ်ရှိပါ့မလားလို့ တွေးမိတဲ့သူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။

ခေတ်မှီနည်းပညာတွေနဲ့ ပံ့ပိုးထားတာကြောင့် သေဆုံးတဲ့သူတွေ တစ်ယောက်မှမရှိခဲ့ဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀,၀၀၀ လောက်ကလူတွေဟာ ဒီလိုအထောက်အပံ့တွေမရှိဘဲ ပင်လယ်ကြီးကို ဖြတ်သန်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဘက်ခေတ်တွေကိုရောက်မှ ရှိလာတဲ့နည်းလမ်းတွေလို့ထင်ပေမယ့် တကယ်ပဲအဲ့လိုလား ?

ခုချိန်မှာတော့ နည်းပညာတွေရဲ့ အထောက်အပံ့တွေကိုယူထားပေမယ့် လက်တွေ့မှာမဖြစ်လာနိုင်ဘူးဆိုရင် လက်တွေ့မှာ လူသားမျိုးနွယ်ပေါ်ပေါက်လာဖို့က တခြားနည်းလမ်းတွေရှိကောင်းရှိနိုင်ပြီး ကိုယ်တွေးထားတဲ့သမိုင်းတွေက အပြောင်းအလဲတွေလည်းရှိနိုင်ပါတယ်။

https://www.youtube.com/watch?v=S1_nqCJY1y4

ယောကျ်ားလေး စုစုပေါင်း ၅ ယောက် ခရီးနှင်ကြရတာဖြစ်ပါတယ်။

အစားထိုးပေးမယ့်သူလည်း မရှိပါဘူး။

သူတို့တွေ ဘေးကင်းကင်းနဲ့ ဂျပန်နိုင်ငံကိုရောက်ရှိနိုင်ပါမလား ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: