သန့်ရှင်းရေးမလုပ်နိုင်တော့တဲ့ မိန်းကလေးတွေပိုများလာ

အခန်းကိုသန့်ရှင်းရေးလုပ်ရတာဟာ မလွယ်ဘူး…

ဆိုတဲ့သူတွေက ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် တစ်ချို့တွေရှိပါတယ်။

ဒါပေမယ့် ဒီလောက်ထိလည်းမဟုတ်ပေမယ့် လူတွေအဆင်ပြေရဲ့လားလို့ စိုးရိမ်ရတဲ့သူတွေလည်းများလာပါတယ်။

အထူးသဖြင့် မိန်းမငယ်လေးတွေဆီမှာဖြစ်ပါတယ်။

သူမရဲ့အိမ်၊ သူငယ်ချင်းရဲ့အိမ်ကို သွားရင် ဒီလိုမျိုးဖြစ်နေခဲ့ပါတယ်။ သင်အိမ်မှာရောဘယ်လိုလဲ ?

https://www.youtube.com/watch?v=OhuZ_GQGqAU

ဒီလို ပြဿနာနဲ့ရင်ဆိုင်နေရတဲ့သူကတော့ ဒီပုံထဲကမိန်းကလေးပါ။

http://nylongirls.jp/archives/2914172.html

 

သန့်ရှင်းရေးလုပ်ချင်စိတ်တွေပေါ်လာခဲ့ပေမယ့် ဘာလို့ သန့်ရှင်းရေးမလုပ်နိုင်ခဲ့ရတာလဲ ?

အဲ့ဒီအကြောင်းအရင်းက မိန်းမငယ်လေးပီပီ အကြောင်းပြချက်တွေရှိပါတယ်။

http://nylongirls.jp/archives/2914172.html

ပစ္စည်းတွေ အများကြီးရှိပါတယ်။

အိပ်ယာပေါ်မှာ အိပ်လို့ရလောက်တဲ့နေရာလေးကလွဲရင် ခုံပေါ်မှာရော ကြမ်းပြင်မှာရော ပစ္စည်းတွေနဲ့ ပြည့်နေပါတယ်။

အဲ့ဒါက ဒီလိုမိန်းကလေးတွေရဲ့ လက္ခဏာကြောင့်ဖြစ်တဲ့ ပစ္စည်းတွေအများကြီး ဝယ်မိလို့ဖြစ်ပါတယ်။

မိန်းကလေးတွေက တစ်လကိုယန်း ၂၀၀၀၀ ဖိုးလောက် အဝတ်အစားတွေဝယ်ယူကြပါတယ်။

အရမ်းကြီးဈေးကြီးတာမျိုးလည်းမဟုတ်တဲ့ brand အဝတ်အစားတွေကို ဝယ်ယူတာမျိုးမဟုတ်ဘဲ ဈေးသက်သာတာတွေကို အများကြီးဝယ်ခဲ့တာဖြစ်ပါတယ်။

ဒီလို ဝယ်ယူတာတွေက ပြဿနာဖြစ်နေတာပါ။

ချစ်စရာကောင်းတယ်လို့ထင်ရင် ချက်ချင်းဝယ်ယူခြင်း

စိတ်ညစ်နေတဲ့ အချိန်မျိုးမှာ ဈေးဝယ်ထွက်ခြင်း

လျှော့ဈေးနဲ့ရောင်းတဲ့အခါ မဝယ်လဲဖြစ်တာကို ဝယ်မိခြင်း

သူမရဲ့အခန်းထဲမှာ ဗီဒိုအကြီးကြီးရှိတယ်ဆိုပေမယ့် ….

http://nylongirls.jp/archives/2914172.html

ဟမ်? အခန်းထဲမှာ ထားတဲ့နေရာထပ်ရှိသေးတာလား။

နောက်ထပ်ရှိသေးတယ်နော်….

http://nylongirls.jp/archives/2914172.html

 

ဗီဒိုထဲမှာ ထည့်လို့မရတာတွေကို အပြင်ကအံဆွဲတွေထဲမှာ ထည့်ထားပါတယ်။

ကိုယ်မှာ ဘယ်နှစ်ထည်ရှိလဲဆိုတာ မသိတဲ့အခြေအနေဖြစ်ပါတယ်။

တစ်ပုံစံတည်းတူတဲ့အင်္ကျီတွေအများကြီးရှိတဲ့ သူတွေ ရှိပါသလား ?

သူအကြံပေးထားတဲ့အကြောင်းအရာတွေနဲ့ မိတ်ဆက်ပေးပါမယ်။လုပ်ကြည်လိုက်ပါနော်။

အရင်ဦးဆုံး အင်္ကျီတွေကို ၃ မျိုးခွဲခြားထားပါ။

လိုအပ်တယ်

မလိုအပ်တာ

လိုမလိုနောက်မှခွဲမယ်

လိုမလိုနောက်မှခွဲမယ့်အဝတ်အစားတွေပိုပြီးများနေလောက်ပါတယ်။

အဲ့ဒီထဲက လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကတည်းကနေ မဝတ်တော့ရင် မလိုအပ်တော့တဲ့အဝတ်ဖြစ်ပါတယ်။

စွန့်ပစ်ဖို့အတွက်ဖယ်ထားလိုက်ပါတော့။

သူမရဲ့အိမ်မှာ ဒီလိုမျိုးတွေလည်းထွက်လာခဲ့ပါတယ်။

http://nylongirls.jp/archives/2914172.html

မဂ္ဂဇင်းနဲ့အတူပါတဲ့ပစ္စည်းအနေနဲ့ ရောက်လာတဲ့ အိတ်တွေကလည်းအများကြီးပါပဲ။

အားလုံးထဲမှာ အမြဲတမ်းသုံးနေတဲ့အိတ်ကတော့ ဒီအိတ်ပါပဲ။ ဒါကြောင့်ပုံထဲကအိတ်တွေကို မလိုပါဘူး။

http://nylongirls.jp/archives/2914172.html

ပွဲတွေနဲ့ အမှတ်တရ တီရှပ်တွေဘက်ကိုလည်း ဘယ်လိုမှမလှည့်နိုင်တဲ့အရာထဲက တစ်ခုဖြစ်ပါတယ်။

အမှတ်တရအနေနဲ့ အရေးကြီးပေမယ့်လည်း ဗီဒိုထဲမှာထည့်သိမ်းထားတာက အဓိပ္ပာယ်မရှိပါဘူး။ဒါကြောင့် အရေးပါတာတွေကို သေသေချာချာအလှဆင်ထားဖို့ ဗီဒိုထဲကနေထုတ်လိုက်ပါ။

http://nylongirls.jp/archives/2914172.html

အလှပြင်ပစ္စည်းနဲ့ လက်ဝတ်လက်စားတွေထည့်တဲ့ဘူးနဲ့ စက္ကူအိတ်တွေရှိပါတယ်။

ဘူးတွေကို ရောင်းတဲ့အခါမှာအသုံးပြုပေမယ့် စက္ကူအိတ်တွေကတော့ မလိုအပ်ပါဘူး။

http://nylongirls.jp/archives/2914172.html

ဒါတွေကတော့ လျှပ်စစ်ပစ္စည်းတွေရဲ့ ဘူးနဲ့ အညွှန်းစာရွက်တွေဖြစ်ပါတယ်။

ပစ္စည်းပြန်လဲတဲ့အခါဆိုရင်တော့မသိပေမယ့် ဘူးတွေကလိုပါမလား?

စစ်ဆေးကြည့်ပြီးအဆင်ပြေရင် ၃ ရက်လောက်အချိန်ပေးပြီးမှ ဘူးတွေကို လွှင့်ပစ်ဖို့ဆုံးဖြတ်ပါ။

အညွှန်းစာရွက်တွေရဲ့ အရေးကြီးတဲ့စာမျက်နှာလောက်ကိုပဲ ဖုန်းနဲ့ဓာတ်ပုံရိုက်ထားလိုက်ပြီး တစ်ခုခုဆိုရင် တံဆိပ်ရဲ့ဆိုဒ်ထဲကိုဝင်ရှာလိုက်တာပိုကောင်းပါတယ်။

ကြိုးတွေနဲ့ အာမခံကဒ်ပြားတွေကိုပဲ တစ်နေရာထဲမှာစုထည့်ထားရင်ပိုကောင်းပါတယ်။

 

ဒါတွေက လွယ်ပါတယ်။ နောက်မှလုပ်မယ် နောက်မှလုပ်မယ်ဆိုတဲ့ စိတ်ကဒီလောက်ထိဖြစ်သွားနိုင်ပါတယ်။

သင့်ရဲ့အခန်းထဲမှာရောဘယ်လိုလဲ ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: