တက္ကစီဒရိုက်ဘာတွေရဲ့ မာယာလှည့်ဖြားမှုအသစ်

ညသန်းခေါင်မှာပြေးဆွဲနေတဲ့ တက္ကစီဒရိုက်ဘာတွေရှိပါတယ်။

အရက်မူးနေတဲ့သူတွေစီးလို့ ဒုက္ခရောက်ရတာတွေလည်း အရမ်းကိုများပါတယ်။

ဘယ်ကိုသွားမလဲလို့မေးနေပေမယ့် မူးနေလို့ ဘာတွေပြောနေမှန်းမသိပါဘူး။

မုန်းစရာတစ်ခုခုရှိနေသလို ရုတ်တရက် ကားမောင်းနေတဲ့သူကို ဆဲဆိုတာ၊ ရိုက်နှက်တဲ့သူတွေလည်းရှိပါတယ်။

တက္ကဆီဒရိုက်ဘာတွေကလည်း ကြောက်နေရတယ်ဆိုတာ တော်တော်များပါတယ်။

https://www.mag2.com/p/news/348190

 

ဒီလိုတက္ကစီဒရိုက်ဘာတွေအတွက်ရည်ရွယ်ပြီး လိမ်လည်နည်းအသစ်ပေါ်ထွက်လာခဲ့ပါတယ်။

 

福岡県博多市中洲(ふくおかけん はかたし なかす)ဖူခုအိုကခရိုင်၊ ဟကတမြို့၊ နကစု

https://activityjapan.com/publish/plan/16189

စားသောက်ဆိုင် တွေတော်တော်များများ တန်းစီနေပြီး Kyushu ရဲ့အကြီးမားဆုံး စားသောက်တန်းဖြစ်ပါတယ်။

အဲ့ဒီမှာ ကောင်မလေးတစ်ယောက်ဟာ တက္ကစီးခဲ့ပါတယ်။

မူးနေလို့ အိပ်ပျော်သွားတဲ့အခါ 「ခေါင်းကိုမထိဘဲ」နိုးပေးပါလို့ပြောနေရင်းနဲ့ အိပ်ပျော်သွားခဲ့ပါတယ်။

နောက်တော့ ပို့ခိုင်းတဲ့နေရာနားကို ရောက်တဲ့အခါမှာတော့ ရုတ်တရက်ကောင်မလေးက စကပ်နဲ့ အတွင်းခံတွေကို စပြီးချွတ်ပါတော့တယ်။

ရောက်ခါနီး ၁ မိနစ် ၂ မိနစ်လောက်အလိုမှာ ရုတ်တရက်ကြီးပါ။

နောက်ပြီးတော့ ဒီအတိုင်းကားထဲမှာအိပ်လိုက်ပြီး မိနစ် ၅၀ လောက် ခေါ်နေတာတောင်မနိုးဘဲ ဒုက္ခရောက်နေတဲ့ တက္ကစီဒရိုက်ဘာက ကုတ်အင်္ကျီကိုချွတ်၊ ကောင်မလေးကို မမြင်အောင်ဖုံးလိုက်ပြီး ရဲစခန်းကို မောင်းသွားခဲ့ပါတယ်။

ရဲမေတစ်ယောက်ကိုရှာပြီး ထောက်ခံချက်တွေရယူတယ်ဆိုတာက ယောက်ျားသားပီသတယ်ဆိုတာကို ပြသမယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးနော်…

 

အဲ့ဒီမိန်းကလေးက ယာဥ်မောင်းကို မုဒိမ်းမှုဖြစ်ပွားခဲ့တယ်လို့ပြောပြီး ထိခိုက်မှုရှိခဲ့ကြောင်းကို ရဲစခန်းမှာ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ရဲစခန်းကနေ ဒါကိုဆက်သွယ်မေးမြန်းခဲ့တဲ့ ယာဥ်မောင်းက ရဲစခန်းသွားပြီး ကားထဲမှာ ရိုက်ကူးမိထားတဲ့ Drive Recorder ကိုပြခဲ့တာဖြစ်ပါတယ်။

တကယ်ဆိုရင် ဘာပြဿနာမှမရှိဘဲ ကောင်မလေးက ဘာထိခိုက်မှုကိုမှ မကျူးလွန်ခဲ့ဘူးဆိုပေမယ့် ……

ကားထဲကိုရိုက်ထားတဲ့ drive recorder သာမရှိခဲ့ဘူးဆိုရင် တကယ့်ကိုမတရားစွတ်စွဲခံရတော့မှာဖြစ်ပါတယ်။

ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် ပြစ်မှုနဲ့သက်ဆိုင်တဲ့ ပြဿနာကြီးတွေဖြစ်လာပြီး အလုပ်လည်းဆက်လုပ်လို့ရတော့မှာမဟုတ်ပါဘူး။

ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်က ကောင်မလေးရဲ့ ငွေရေးကြေးရေးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ရဲတွေကိုထိခိုက်မှုကို မတိုင်ကြားခဲ့လို့ ပိုက်ဆံပေးလို့ ပြောချင်တာဖြစ်မယ်နော်…

Drive Recorder တွေက ပုံမှန်ဆိုရင် ယာဥ်တိုက်မှုတွေဖြစ်ပွားတဲ့အခါ သက်သေအဖြစ်ထားဖို့ အပြင်မှာထားထားတယ်ဆိုပေမယ့် ဒီလိုလူတွေများလာတဲ့အတွက်ကြောင့် ဂျပန်နိုင်ငံရဲ့ တက္ကဆီတော်တော်များများရဲ့ အထဲမှာ ရိုက်ကူးလို့ရတဲ့ drive recorder တွေကိုတပ်ဆင်ထားပါတယ်။

ဂျပန်နိုင်ငံလည်း ကြောက်စရာကောင်းတဲ့နိုင်ငံကြီးဖြစ်လာပြီနော်…..

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: