ဒါတွေဖြစ်ရင် ငလျင်လှုပ်မှာလား ? ?

ငလျင်ကြီးတွေဆိုတာ ဘယ်ချိန်ဖြစ်ပွားမလဲဆိုတာကိုမသိနိုင်ပါဘူး။

အကယ်၍ ကြိုတင်ခန့်မှန်းလို့ရမယ်ဆိုရင် ကြိုတင်ကယ်ဆယ်ရေးတွေ လုပ်ဆောင်နိုင်တာကြောင့် ဆုံးရှုံးမှုတွေလည်း နည်းလိမ့်မယ်လို့ထင်ပါတယ်။

ဒါကြောင့် တက္ကသိုယ်ကဆရာ၊ ဆရာမတွေအပါအဝင် အသဲအသန် သုတေသနလုပ်ဆောင်နေပေမယ့် ဘယ်လိုမှခန့်မှန်းလို့မရတဲ့ အခြေအနေမှာပဲရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် သာမာန်လူတွေကြားမှာတော့ ဒီလိုဆိုရိုးစကားတွေရှိပါတယ်။

“ ဒါတွေကို ကြည့်ရင် ငလျင်လှုပ်နိုင်တယ် ”

အမှန်လားတကယ်လားဆိုတာတော့ တိတိကျကျမသိပေမယ့် ဂျပန်နိုင်ငံမှာတော့ တော်တော်များများပြောတတ်ကြတာတွေနဲ့ မိတ်ဆက်ပေးပါမယ်။

 

ငလျင်တိမ်

https://matome.naver.jp/odai/2146569705009235601

ပုံမှန်မြင်တွေ့နေရသလိုမဟုတ်ဘဲ တိမ်တွေကိုကြည့်ရုံနဲ့ အဲ့ဒါက ငလျင်တိမ်ရဲ့လက္ခဏာပဲ လို့ပြောလေ့ရှိကြပါတယ်။

နောက်ပြီး မြေငလျင်ကြီးတွေဖြစ်ပွားပြီးနောက်မနက်မှာ ဒီလိုပုံစံတိမ်တွေကိုတွေ့နိုင်မယ် ဆိုပြီးပြောတာများပါတယ်။

ဒါပေမယ့် ငလျင်နဲ့တိမ်တွေရဲ့သက်ဆိုင်မှု ရှိလားဆိုတာကိုတော့ တိတိကျကျမသိနိုင်ပါဘူး။

 

 

ဂျီးကန်းတွေရဲ့မူမမှန်မှု

https://matome.naver.jp/odai/2146569705009235601

ဂျပန်နိုင်ငံထဲက မြို့တွေထဲမှာ ကျီးကန်းတွေရှိပါတယ်။

ငှက်တွေထဲမှာ ဉာဏ်အကောင်းဆုံးနေရာမှာရှိနေပြီး အခွံမာသီးတွေကို ခွာဖို့အတွက် ကားလမ်းမပေါ်ချီသွားပြီး ကားတက်ကြိတ်တဲ့အခါ အလိုလိုကွဲအောင်လုပ်တတ်ကြတယ် ဆိုတဲ့ အပြုအမူတွေကို ရှာတွေ့ထားပါတယ်။

အဲ့ဒီကျီးကန်းတွေက ညသန်းခေါင်မှာ ထူးထူးဆန်းဆန်း ဆူညံနေပြီဆိုရင် နောက်တစ်နေ့မနက်မှာ အများကြီးတွေ့ရမယ်ဆိုရင် ငလျင်လှုပ်ဖို့လက္ခဏာလို့ ယူဆကြပါတယ်။

ဒီလိုပဲ ကျီးကန်းတွေကိုကြည့်ပြီး တိတိကျကျမသိနိုင်ဘူးဆိုတာကို သံသယရှိနိုင်ပါတယ်။

ဒါကလည်း ငလျင်နဲ့သက်ဆိုင်မှုတွေရှိလားဆိုတာကို မသိနိုင်ပါဘူး။

 

ခွေးတွေရဲ့မူမမှန်လှုပ်ရှားမှု

https://matome.naver.jp/odai/2146569705009235601

ဒါက ဖြစ်နိုင်ခြေအများဆုံးလက္ခဏာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ခွေး ၂၅ ရာခိုင်နှုန်းက ငလျင်ကြီးတွေမလှုပ်ခတ်ခင်မှာ ပုံမှန်လိုမဟုတ်ဘဲ ဟောင်နေတတ်ကြပါတယ်။

ကြောင်တွေရဲ့ ၃၉ ရာခိုင်နှုန်းက ငြိမ်ငြိမ်မနေဘဲ အပြင်ဘက်ကိုပြေးကြပါတယ်။

နောက်ပြီး ကြောင်တွေခွေးတွေရဲ့ ဒီလိုအပြုအမှုတွေကိုတွေ့ရပြီဆိုရင် ငလျင် အဆင့် ၅ လောက်လှုပ်ခတ်နေတာဖြစ်ပါတယ်။

အရေအတွက်ပေါင်းများစွာဖြစ်ပွားခဲ့ပြီး ဘယ်လိုပဲဖြစ်ဖြစ် ထင်ထားတဲ့အတိုင်းဖြစ်လာမယ်ဆိုပေမယ့် ဒါတွေကို စက်ကိရိယာတွေနဲ့မသိနိုင်ပါဘူး။

 

ငါးတွေရဲ့မူမမှန်လှုပ်ရှားမှု

https://matome.naver.jp/odai/2146569705009235601

လက်တွေ့မှာ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

၁၉၂၂ ခုနှစ် မင်္သကာစရာကောင်းလောက်အောင် ငါးတွေကိုဖမ်းမိခဲ့ပြီး နောက်တစ်နှစ်လောက်မှာ ကန်ဒိုဒေသရဲ့ မြေငလျင်ကြီးလှုပ်ခတ်ခဲ့တာကြောင့် တိုကျိုမြို့ကြီး ပျက်စီးခဲ့ရပါတယ်။

၁၉၃၂ ခုနှစ်မှာလည်း ပြည်ကြီးငါးတွေကို အံ့သြစရာကောင်းလောက်အောင်ဖမ်းမိခဲ့ပါတယ်။ နောက်ပြီး နှစ်အနည်းငယ်လောက်မှာပဲ ငလျင်ကြီးနဲ့ ဆူနာမီရေလှိုင်းကြီးတွေ ဂျပန်နိုင်ငံကိုကျရောက်လာခဲ့ပါတယ်။

၁၉၉၅ ခုနှစ် ဘိုရာ လို့ခေါ်တဲ့ငါးတွေကို အများကြီးဖမ်းမိခဲ့ပြီး ဘာကြောင့်မြစ်ကိုကူးဖို့ကြိုးစားနေခဲ့လဲမသိပေမယ့် နောက် ၃ ရက်မြောက်နေ့မှာတော့ ခန်းဆိုင်းဒေသမှာ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး လူအယောက် ၆,၄၃၄ ယောက် သေဆုံးခဲ့ရပါတယ်။

အဲ့ဒါကလည်း သိပ္ပံနည်းမှာမရှိဘူးဆိုတာ သေချာပါတယ်။

တီကောင်တွေ မြွေတွေရဲ့မူမမှန်လှုပ်ရှားမှုတွေနဲ့ အပင်တွေရဲ့အချိန်မတန် ပန်းတွေပွင့်နေတယ်ဆိုတဲ့ အချက်တွေလည်းရှိပါတယ်။

မခန့်မှန်းနိုင်တာက လူသားတွေပဲပေါ့နော် ဆိုတဲ့ပုံစံဖြစ်နေပါတယ်။

 

ကျေးဇူးတင်ရဆုံးက ငါးတွေရဲ့မူမမှန်လှုပ်ရှားမှုတွေကိုပါ။

ရက်တွေ၊ လတွေအများကြီးရှိသေးတာနဲ့ ဒီတစ်ခုထဲကနေ သိနိုင်တာကြောင့် ငလျင်တွေရဲ့ပျက်စီးဆုံးရှုံးမှုက အတတ်နိုင်ဆုံးလျှော့ချနိုင်ပါလိမ့်မယ်။

သိပ္ပံနည်းနဲ့အခြေခံကျကျမဟုတ်လို့ မသိနိုင်ဘူး ဆိုတဲ့သူတွေလည်း ရှိကောင်းရှိိနုင်ပါတယ်။

ဒါပေမယ့် သိပ္ပံနည်းတွေမထွန်းကားတဲ့အချိန်တုန်းကတော့ ငါးတွေ ကြောင်တွေကိုပဲ ကြည့်ပြီးခန့်မှန်းကြတာမဖြစ်နိုင်ဘူးလား ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: