စံချိန်တင်မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနိုင်

ဂျပန်နိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေများလို့ နာမည်ကြီးတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အခုလက်ရှိ「梅雨」 စုယု လို့ခေါ်တဲ့ မိုးများကာလအလယ်တည့်တည့်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

မိုးရွာရုံဆိုရင် ကောင်းပေမယ့် နှစ်ပေါင်းများစွာကတည်းက အချို့သောမြို့တွေမှာ မိုးကြီးပြီးသဘာဝဘေးအန္တရာယ်တွေ တော်တော်များများဖြစ်ပွားလျက်ရှိပါတယ်။

၃ ရက်နေ့ညကနေ ခရူးရှူးတောင်ဘက်ပိုင်းမှာ စံချိန်တင်မိုးကြီး သည်းထန်စွာရွာခဲ့ပါတယ်။

https://news.tv-asahi.co.jp

မိယဇခိခရိုင် အဲဘိနိုမြို့ နဲ့ ကာဂိုရှီးမားခရိုင် ခနိုယမြို့စတဲ့ အနည်းဆုံး ၆ နေရာမှာ ၇ လပိုင်း ၃ ရက်နေ့တစ်ရက်တည်း ရွာတဲ့ပမာဏက  ပုံမှန်ရွာသွန်းနေကျ ၇ လပိုင်းတစ်လလုံးရွာသွန်းတဲ့ မိုးရေချိန်ပမာဏထက် ပိုများခဲ့ပါတယ်။

တစ်ရက်တည်းမှာ တစ်လလုံးရွာတဲ့ပမာဏလောက်ရှိခဲ့တာကြောင့် တကယ်ကိုသည်းထန်စွာရွာသွန်းတဲ့မိုးဖြစ်ခဲ့ပါတယ်။

ဒီမိုးရွာသွန်းမှုဟာ ၆ ရက်နေ့ထိ ဆက်လက်ရွာသွန်းမယ်လို့ခန့်မှန်းထားပါတယ်။

အထူးသဖြင့် ကာဂိုရှီးမား ခရိုင်မှာ တော်တော်လေးလေးကို မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကာဂိုရှီးမားမြို့မှာရှိတဲ့ ဝါဓမြစ်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။

https://www.youtube.com

ဒီအတိုင်းဆိုရင် ရေလွှမ်းမိုးမှုတွေဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်တွေကို စိုးရိမ်ရတာကြောင့် ကာဂိုရှီးမားမြို့ကနေစပြီး မြို့တွေတော်တော်များများက ပြည်သူတွေကို လွှတ်ရာရွှေ့ပြောင်းဖို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ကာဂိုရှီးမားခရိုင်မှာ ၁၉၉၃ ခုနှစ် ၈ လပိုင်း ၆ ရက်နေ့ 「8・6水害(はちろくすいがい)」ဟချိရော့ခုဆူအိဂိုင်း လို့ခေါ်တဲ့ မိုးကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ၄၈ ယောက်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာရရှိတဲ့သူတွေများပြားခဲ့ပြီး အိမ်တွေလည်းဆုံးရှုံးခဲ့ရပါတယ်။

ဂျပန်နိုင်ငံရဲ့ မိုးလေဝသဌာနက ဒီတစ်ကြိမ် မိုးကြီးရွာသွန်းမှုကြောင့် ၈ လပိုင်း ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မိုးကြီးရေလျှံမှုလောက် အန္တရာယ်ရှိနိုင်တယ်လို့ ပြည်သူတွေကို သတိပေးခဲ့ပါတယ်။

https://s.yimg.jp/images/weather

နောက်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက ( ဟဲဆဲ ဆန်းဂျူး နနဂစု ဂိုး ) လို့ခေါ်တဲ့ မိုးကြီးရေလျှံမှုက ဂျပန်နိုင်ငံအနောက်ဘက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်တွေနည်းပါးတယ်ဆိုတဲ့ အိုကယာမခရိုင်မှာလည်း မိုးကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

ဒါပေမယ့် သဘာဝဘေးအန္တရာယ်တွေ နည်းပါးတဲ့ဒေသဖြစ်တာကြောင့် စိုးရိမ်စရာတော့မရှိခဲ့ပါဘူး။

ကိုယ်နေတဲ့ဒေသမှာ ရွေ့ပြောင်းဖို့အတွက် ကြေငြာမှုတွေထုတ်ပြန်လာနိုင်ပါတယ်။

အဲ့ဒီလိုအချိန်မှာ အနီးနားမှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေကို ရွေ့ပြောင်းဖို့လိုအပ်ပါတယ်။

https://img.huffingtonpost.com

ကျောင်းတွေရဲ့အားကစားရုံ တွေကို ရွေ့ပြောင်းခိုင်းတာများပါတယ်။

ဂျပန်နိုင်ငံမှာနေဖို့အစီအစဥ်ရှိတဲ့သူတွေ ကိုယ့်အိမ်နားမှာ ကယ်ဆယ်ရေးစခန်းရှိမရှိဆိုတာကို သေသေချာချာ စုံစမ်းထားဖို့လိုပါတယ်။

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: