၁ မီတာလောက်ဆူနာမီကို ပေါ့သေးသေးမမှတ်လိုက်နဲ့နော်…

ငလျင်ဒဏ်တွေများတဲ့နိုင်ငံဆိုရင် ဂျပန်နိုင်ငံဖြစ်ပါတယ်။
ငလျင်ရဲ့နောက်ဆက်တွဲထိခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေရာ ငလျင်ကြောင့်မြို့ထဲမှာ အဆောက်အဦးတွေပြိုကျတယ်ဆိုတာမျိုးတော့ မရှိပါဘူး။
၂၀၁၁ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ငလျင်ကြီးဟာ တိုကျိုမြို့မှာဖြစ်ပွားခဲ့ပြီး ရပ်နေလို့မရလောက်အောင် ယိမ်းယိုင်နေတဲ့ကြားကနေ တိုကျိုမြို့ရဲ့ပျက်စီးဆုံးရှုံးမှုတွေကို ဒီတိုင်းပဲကြည့်နေခဲ့ရပါတယ်။
ဒါပေမယ့် ဆူနာမီရေလှိုင်းတွေက တိုဟိုကုဒေသကို ဝင်ရောက်ခဲ့ပြီး အသက်ပေါင်းများစွာ သေကြေခဲ့ရပါတယ်။
၂၀၁၉ ခုနှစ် ၆ လပိုင်း ၁၈ ရက်နေ့ ယမဂတခရိုင်ကမ်းလွန်ဒေသမှာ မြေငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။
ဒီငလျင်ရဲ့လှုပ်ခတ်မှုဟာလည်းပြင်းထန်ခဲ့တာကြောင့် ဆူနာမီရေလှိုင်းခန့်မှန်းချက်က 0.2〜1m အထက်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
ရလဒ်တွေအရ ကြီးမားတဲ့ဆူနာမီတွေရောက်မလာဘဲ ဘေးကင်းခဲ့ရတယ်ဆိုပေမယ့် ၁ မီတာအထက်ရှိတဲ့ ဆူနာမီရေလှိုင်တွေဟာ ဘယ်လောက်ထိကြောက်စရာကောင်းလဲ ဆိုတာကိုသိပါသလား။
လူတစ်ကိုယ်စာအရပ်က ၅ ပေနဲ့ ၆ ပေကြားပဲရှိပါတယ်။
၁ မီတာဆူနာမီရေလှိုင်းဆိုရင် ၃ ပေကျော်လောက်ပဲရှိတော့ ဘာမှမဖြစ်လောက်ဘူးတွေးမိမယ် ထင်ပါတယ်။
ဂျပန်လူမျိုးတွေလည်း လူကြီးတွေကအစ ဒီလိုပဲထင်နေကြပါတယ်။
တကယ်တော့ တစ်မီတာလောက်ရှိတဲ့ ဆူနာမီရေလှိုင်းနဲ့ထိပ်တိုက်တွေ့မယ်ဆိုရင် သေဆုံးမယ့်ရာခိုင်နှုန်းက ၁၀၀ ရာခိုင်နှုန်းပါ။
အံ့ဩစရာကောင်းလောက်အောင် အသက်ရှင်တဲ့သူတွေလည်းရှိကောင်းရှိနိုင်ပေမယ့် ၁ မီတာဆူနာမီရေလှိုင်းရောက်လာခဲ့ရင် အသက်ဆုံးရှုံးနိုင်ဖွယ်ရှိပါတယ်။
၀.၅ မီတာလောက်ရှိတဲ့ဆူနာမီရေလှိုင်းရဲ့ ပြင်းအားကို ပြသထားတဲ့ ဗီဒီယိုကို ကြည့်လိုက်ပါဦးနော်။
https://www.youtube.com/watch?time_continue=1&v=GXLB0G_SaBw
၁ပေခွဲလောက်ပဲရှိတဲ့ ဆူနာမီရေလှိုင်းလေးမှာတောင် မတ်တပ်ရပ်လို့မရတာကိုတွေ့လိုက်ရပါတယ်။
ရိုးရိုးရေလှိုင်းလေးပါပဲကွာဆိုပြီး တွေးနေပေမယ့် အဲ့ဒီသက်ရောက်မှုကို တကယ်ကြုံတွေ့ရမှ အံ့သြထိပ်လန့်သွားရပါလိမ့်မယ်။ ဘယ်လောက်ထိပြင်းထန်လဲဆိုတာ ကြည့်လိုက်ပါဦးနော်။
https://www.youtube.com/watch?time_continue=1&v=9G1bpbit22s
အမြင့် ၁ မီတာ၊ ၁ ပေခွဲ ၃ ပေလောက်ပါပဲကွာဆိုပြီး ဆူနာမီရေလှိုင်းဖြစ်နေတဲ့အချိန်အတွင်း ပင်လယ်ဘက်ကိုသွားတဲ့သူတွေလည်းရှိပါတယ်။
သဘာဝဘေးအန္တရာယ်တွေ ကျရောက်နိုင်တဲ့အချိန်မျိုးမှာ ဘယ်တော့မှပင်လယ်ကမ်းခြေကိုမသွားပါနဲ့။ အဲ့ဒီမှာရောက်နေခဲ့ရင်လည်း ချက်ချင်းပြောင်းရွေ့နေထိုင်ပါ။
ပေတစ်ဝက်လောက်ရှိတဲ့ ဆူနာမီရေလှိုင်းဆိုရင်တောင် ပင်လယ်ထဲကိုဆွဲခေါ်သွားနိုင်ခြေများပါတယ်။
စကားမစပ် ဂျပန်နိုင်ငံရဲ့သမိုင်းမှာ စံချိန်တင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီမှာ ၆၉ ပေလောက်မြင့်တဲ့ ဆူနာမီရေလှိုင်းကြီးကျရောက်လာခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဆူနာမီရေလှိုင်းကြီးတွေက အဆောက်အဦးတွေရဲ့ ၇ ထပ်တိုက်လောက် အမြင့်ရှိပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်တော့ အကုန်မြှုပ်လောက်ပြီနော်။
တော်တော်လေးကိုကြံခိုင်တဲ့ ကွန်ကရစ်၊သံဘောင်ကြီးတွေနဲ့ ဆောက်လုပ်ထားတဲ့အဆောက်အဦးကြီးတွေဆိုရင်တောင် ၄ မီတာကျော်တဲ့ ဆူနာမီရေလှိုင်းသာရောက်လာခဲ့ရင် ကြံ့ကြံ့ခံနိုင်စွမ်းမရှိဘူးလို့ ပြောပါတယ်။
ဟုတ်ပါတယ်။
ဆူနာမီရေလှိုင်းတွေဟာ တပြေးညီတည်းမဟုတ်ဘဲ မြင့်တဲ့နေရာတွေလည်းရှိသလို နှိမ့်တဲ့နေရာတွေလည်းရှိပါတယ်။
ရေလှိုင်းရဲ့အမြင့်ဆုံးနေရာကို 遡上高(そじょうこう)ဆိုဂျောခိုး လို့ခေါ်ပါတယ်။
၂၀၁၁ ခုနှစ်မှာ မီတာ ၄၀ ကျော်ရှိတာကြောင့် ဒီလိုခေါ်ခဲ့ကြပါတယ်။
အဲ့ဒီဆူနာမီက ၁၃ ထပ်တိုက်အဆောက်အဦလောက်ကို မြင့်တက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဆူနာမီရေလှိုင်းကြီး ဝါးမြိုခံခဲ့ရတဲ့အဆောက်အဦတွေထဲမှာ ဘာမှမဖြစ်ဘူးဆိုတာ တစ်ခါမှမရှိဖူးသေးပါဘူး။
ဒီလိုဘာမှမကျန်တဲ့ထဲမှာမှ အံ့သြစရာကောင်းလောက်အောင် ကျန်ခဲ့တဲ့ သစ်ပင်တစ်ပင်ရှိပါတယ်။
https://iwatetabi.jp/spot/detail.spn.php?spot_id=1006
အိဝတဲ့ခရိုင် Rikuzentakada မြို့မှာရှိပြီး သောင်းနဲ့ချီရှိတဲ့သစ်ပင်တွေက အားလုံးပါသွားခဲ့ပြီး နောက်ဆုံးဒီတစ်ပင်ပဲကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
ကြောက်စရာကောင်းတဲ့ဆူနာမီရေလှိုင်းကြီး ကြုံတွေ့မယ်ဆိုရင် အသက်ပါဆုံးရှုံးနိုင်လို့ ဆူနာမီရေလှိုင်းသတင်းတွေကို အမြဲတမ်းနားစွင့်နေဖို့လိုပါတယ်။