မြေငလျင်ကြီးမှာ အတူတူရှိခဲ့တဲ့ ကြောင်လေးနှစ်ကောင်

ဂျပန်နိုင်ငံမှာ ကြီးမားတဲ့ငလျင်ကြီးတွေကျရောက်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ရဲ့ ကြီးမားတဲ့ငလျင်ကြီးအပြီးမှာ ငလျင်ရဲ့ကြိမ်နှုန်းဟာ လျင်မြန်စွာမြင့်တက်လာခဲ့ပါတယ်။

ငလျင်လှုပ်ခတ်တဲ့အခါမျိုးမှာ ငလျင်တိုင်းတဲ့စက်ကိရိယာအရေအတွက်တွေ အများကြီးရှိပေမယ့် စာရေးသူငယ်ငယ်တုန်းက အဆင့် ၃ လို့သတ်မှတ်ထားရင် တော်တော်လေးကို ကြီးမားတဲ့လှုပ်ခတ်မှုဖြစ်ပြီး တစ်နှစ်ထဲမှာ အကြိမ်ပေါင်းများစွာဖြစ်ခဲ့တယ်လို့ထင်ပါတယ်။

အခုချိန်မှာလည်း ကြိမ်နှုန်း ၄ လောက်မကြာခဏဖြစ်ပွားလျက်ရှိပါတယ်။

အဆင့် ၄ ဆိုတာက တကယ့်ကိုပြင်းထန်ပြီး ကြောက်စရာကောင်းပါတယ်။

ငလျင်ဒဏ်ကိုကြောက်တာက လူသားတွေမှမဟုတ်ပါဘူး။

ကြောင်ကလေးတွေလည်း အတူတူပါပဲ။

ချိဘခရိုင်မှာရှိတဲ့ အိမ်တစ်အိမ်ကကြောင်ကလေးဟာ

ဖြူဖွေးပြီးချစ်စရာကောင်းတဲ့ ကြောင်ပေါက်စလေးဖြစ်ပါတယ်။

https://grapee.jp/695830

 

အဲ့ဒီကလေးက ငလျင်မှထိပ်လန့်နေရာကနေ ကိုယ့်ကိုယ်ကို အစ်ကိုတစ်ယောက်နေရာယူခဲ့ပါတယ်။

https://grapee.jp/695830

ညီလေးကိုကာကွယ်ဖို့အတွက် အစ်ကိုကြီးတစ်ယောက်အနေနဲ့ ကာကွယ်ပေးနေတာဖြစ်ပါတယ်။

အငယ်လေးက မွေးကတည်းကနေ ခန္ဓာကိုယ်အားနည်းပြီး နေမကောင်းဖြစ်တာလည်းများပါတယ်။

တဖြည်းဖြည်းနဲ့ ကျန်းမာလာပြီဆိုပေမယ့် ဒီလိုအားနည်းတဲ့ ညီလေးကို ကာကွယ်ဖို့စောင့်ပေးတဲ့ အစ်ကိုကြီးရှိပါတယ်။

သဘာဝလောကကြီးမှာ ဒီလိုချစ်ခြင်းမေတ္တာတွေရှိတယ်ဆိုတာကို သိကြလိမ့်မယ်ထင်ပါတယ်။

ကြောင်လေးနှစ်ကောင်က အရမ်းကိုချစ်ဖို့ကောင်းပါတယ်။

အဲ့ဒီကြောင်လေးနှစ်ကောင်အတွက် ဂျပန်နိုင်ငံမှာ ကြီးမားတဲ့မြေငလျင်ကြီးတွေမလှုပ်ခတ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: