လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကတည်းက သန့်ရှင်းခဲ့တဲ့ဂျပန်နိုင်ငံ

ကမ္ဘာပေါ်မှာ အမှိုက်တွေတဖြည်းဖြည်းပိုများလာပါတယ်။

အဲ့ဒီထဲမှာမှ Recycle ပြန်လုပ်နိုင်တဲ့ပစ္စည်း၊ ပြန်သုံးလို့မရတဲ့ပစ္စည်း၊ မြေကြီးထဲထည့်မြှုပ်နိုင်တဲ့ပစ္စည်းဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်။

တတ်နိုင်သလောက်ပြန်သုံးနိုင်အောင် လုပ်ဖို့အတွက် ဂျပန်နိုင်ငံမှာ အမှိုက်ပုံးကိုလည်း အမျိုးအစားခွဲခြားပြီး ပစ်နိုင်အောင်လုပ်ထားပေးပါတယ်။

https://jp.sputniknews.com/opinion/201610092875197/

မြန်မာနိုင်ငံမှာလည်း အမှိုက်စိုနဲ့ အမှိုက်ခြောက်ဆိုပြီး ခွဲခြားမှုတွေကို စတင်ခဲ့ပေမယ့် မတွင်ကျယ်သေးဘူးလို့ထင်ပါတယ်။

တကယ်တော့ နှစ်ပေါင်း ၂၀၀ ကျော်လောက်က တိုကျိုမြို့ကို တစ်ချိန်တုန်းက အဲဒိုလို့ခေါ်ပြီး အဲ့ဒီမှာ ခုခေတ်ထက်ပိုပြီး Recycle လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တုန်းက မြို့ကြီးလို့ပြောရရင် ဥပမာ ပဲရစ်တို့၊ ပြင်သစ်တို့က နာမည်ကြီးပါတယ်။

ဒါပေမယ့် ပဲရစ်က အနံ့ဆိုးတွေရတဲ့မြို့ဖြစ်ခဲ့ပါတယ်။

အခုလိုမျိုး မြေအောက်ရေကြောင်းတွေမရှိသေးတာကြောင့် အိမ်သာသွားတဲ့အခါ သေးငယ်တဲ့ဘူးလေးထဲမှာပဲ သွားရပါတယ်။

အဲ့ဒီအညစ်အကြေးတွေကို ညသန်းခေါင်မှ ပြတင်းပေါက်ကနေ ပစ်လိုက်ကြတာဖြစ်ပါတယ်။

ဒီလိုတွေလုပ်ရင်းကနေ ဟိုးအရင်က မြို့ကြီးမှာ အနံ့ဆိုးတွေထွက်နေရတာဖြစ်ပါတယ်။

ရေမွှေးတွေပေါ်လာခဲ့တဲ့တာဟာ အဲဒီအနံ့ဆိုးတွေပျောက်သွားစေဖို့ဖြစ်ပြီး၊ ဒေါက်ဖိနပ်တွေဆိုတာကလည်း မြေပြင်မှာကျနေတဲ့ အညစ်အကြေးတွေကို မနှင်းမိစေဖို့အတွက် ရည်ရွယ်ပြီး ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ဟိုးအရင်တုန်းက မြို့ကြီးဖြစ်တဲ့ ပဲရစ်မြို့မှာ လူဦးရေ 670,000 လောက်ရှိခဲ့ပါတယ်။

လန်ဒန်မှာတော့ လူဦးရေအနည်းငယ်ပိုများပြီး အယောက် 860,000 ရှိခဲ့ပါတယ်။

အဲဒိုမြို့မှာတော့ အယောက် 1,200,000 ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အနံ့ဆိုးတွေမရှိဘဲ သန့်ရှင်းတဲ့ ပြန်လည်အသုံးပြုခြင်းစနစ်တွေကို အသုံးပြုခဲ့တဲ့ မြို့ကြီးတစ်မြို့ဖြစ်ခဲ့ပါတယ်။

အမှိုက်ဆိုတာလည်း မရှိသလောက်ပါပဲ။

ဘယ်လိုပြန်လည်အသုံးပြုခဲ့ကြလဲဆိုတာကို ကြည့်လိုက်ကြပါစို့။

 

စက္ကူအမှိုက်

http://www.nara-u.ac.jp/faculty/let/history/news/2019/115

အခုခေတ်နဲ့အနည်းငယ်ခြားနားတဲ့ စက္ကူထုတ်နည်းကို အသုံးပြုထားတဲ့ 和紙(わし)ဝရှိဆိုတဲ့ ဂျပန်စက္ကူကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

ဒါတွေကို သေသေချာချာပြန်လည်ထုတ်လုပ်ပြီး နောက်တစ်ခါပြန်လည်အသုံးပြုတာဖြစ်ပါတယ်။

အဲ့ဒီအတွက် စာရွက်အဟောင်းတွေကို ဝယ်ယူရပါတယ်။

ဝယ်တယ်ဆိုတာက မြို့ထဲမှာပစ်ထားတဲ့ စာရွက်အမှိုက်တွေကနေ ပိုက်ဆံပြန်ဖြစ်နိုင်လို့ပါ။

ပစ်ထားတယ်ဆိုရင်လည်း တစ်ယောက်ယောက်က ကောက်ပြီးရောင်းတာကြောင့် စာရွက်ဟောင်းတွေကို လွှင့်ပစ်တာမျိုးမရှိပါဘူး။

 

အဝတ်အဟောင်းဆိုင်

http://www4.airnet.ne.jp/sakura/katazome/katazome_11.html

အားလုံးက ကီမိုနိုဝတ်ဆင်နေကြတဲ့ခေတ် ဖြစ်ပါတယ်။

ဝတ်နေရင်းနဲ့ ပုံမကျတော့တဲ့ အဝတ်အစားတွေရှိမယ်ဆိုရင် ပြန်ပြင်ပေးမယ့်ဆိုင်တွေရှိပြီး အဝတ်အဟောင်းဆိုင်တွေလည်း တော်တော်များများရှိခဲ့ပါတယ်။

တစ်ချိန်တုန်းက အဲဒိုမှာ အဝတ်အဟောင်းဆိုင်ပေါင်း ၄,၀၀၀ ရှိခဲ့ပါတယ်။

နောက်ပြီး တော်တော်လေးကို စုတ်ပြတ်နေပြီဆိုရင်တော့ အဲ့ဒီအထည်ကို အိတ်သေးသေးလေးပြန်ချုပ်ပြီး သုံးတာကလည်း အားသာချက်တစ်ခုဖြစ်ပါတယ်။

 

ထမင်းစားပန်းကန်ကွဲများ

https://mag.japaaan.com/step/43111

ပြုတ်ကျသွားလို့ပန်းကန်တွေကွဲသွားပါတယ်။

ဒါပေမယ့် ဒါတွေကို လွှင့်မပစ်ပါဘူး။ ပုံထဲမှာပြထားတဲ့ ပန်းကန်မှာ ကွဲတာကို ပြန်ဆက်ထားတဲ့ အက်ကြောင်းတွေရှိနေတယ်နော်။

ပန်းကန်အဟောင်းဆိုင်တွေလည်း မြို့ထဲမှာလျှောက်သွားနေတတ်ကြပြီး အသံကြားတာနဲ့ ပြန်ပြင်ပေးတယ်ဆိုတဲ့ စနစ်မျိုးရှိခဲ့တာဖြစ်ပါတယ်။

 

ဖယောင်းစက်

https://www.e-maruesu.net/product/candle/unique/011.html

ဟိုးအရင်တုန်းက လျှပ်စစ်မီးတွေမရှိသေးတာကြောင့် ဖယောင်းတိုင်တွေကိုပဲ အသုံးပြုခဲ့ကြပါတယ်။

ဖယောင်းတိုင်မီးထွန်းတဲ့အခါမှာ ကျလာတဲ့ဖယောင်းစက်တွေရှိပါတယ်။

ဒါတွေကို တစ်ဖန်ပြန်ယူပြီး အသုံးပြုကြတာဖြစ်ပါတယ်။

လာဝယ်တဲ့သူတွေရှိခဲ့ပါတယ်။

 

ပြာ

http://kozumitsuo.hatenablog.com/entry/2018/07/01/212414

ထမင်းဟင်းခက်တဲ့အခါမှာ ထင်းမီးကိုအသုံးပြုကြပါတယ်။

နောက်ဆုံးအဲ့ဒီထင်းမီးတွေကနေ ပြာတွေကျန်ခဲ့ပါတယ်။

ဒါတွေကိုလည်း ဝယ်တဲ့သူတွေရှိပါတယ်။

လယ်ယာစိုက်ပျိုးတဲ့အခါမှာ မြေသြဇာအဖြစ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

 

အိမ်သာ

肥桶 天秤棒  FATUB0012

ပုံထဲကလိုမျိုး ပုံးတွေကိုထမ်းပိုးနဲ့ထမ်းပြီး အဲဒိုမြို့ထဲမှာ လျှောက်သွားနေပါတယ်။

ဘာလုပ်နေတာလဲဆိုရင် အိမ်သာထဲမှာရှိတဲ့အညစ်အကြေးတွေကို လိုက်လံဝယ်ယူနေတာဖြစ်ပါတယ်။

ဒါကလည်း လယ်ယာစိုက်ပျိုးတဲ့အခါမှာ ဓာတ်မြေသြဇာအနေနဲ့ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

ကောင်းတာတွေစားတဲ့အိမ်ကအိမ်သာတွေကနေ ကောင်းတဲ့မြေသြဇာတွေရနိုင်တယ်ဆိုပြီး ချမ်းသာတဲ့အိမ်တွေမှာ ဈေးကြီးပေးဝယ်ကြတာဖြစ်ပါတယ်။

မင်းရဲ့အိမ်မှာ အီးတောင်ဝင်မပါဘူးကွာ!

လို့ ရန်ဖြစ်တဲ့အခါမှာ ပြောတဲ့လူတွေရှိလောက်အောင် အိမ်သာရဲ့အညစ်အကြေးက တန်ဖိုးရှိခဲ့တာဖြစ်ပါတယ်။

တခြားအနေနဲ့ ပုလင်းတွေကိုဝယ်တဲ့သူတွေလည်းရှိပြီး မိန်းကလေးတွေရဲ့ဆံပင်ဝယ်တာမျိုးလည်းရှိပါတယ်။

နောက်ပြီး စားကြွင်းစားကျန်တွေလည်း မြေသြဇာဖြစ်နိုင်တာကြောင့် ဝယ်ယူကြပါတယ်။

အညစ်အကြေးတွေကနေတောင် ငွေဖြစ်နေမှတော့ အမှိုက်တွေဆိုတာ ထွက်လာစရာအကြောင်းမရှိတော့ပါဘူး။

ပဲရစ်မြို့ထက် လူဦးရေနှစ်ဆလောက်နေထိုင်ကြပေမယ့် သန့်ရှင်းတဲ့မြို့ကြီးဖြစ်နေရတာက အဲ့ဒီပြန်လည်အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားနေရတာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာလည်း အမှိုက်တွေတဖြည်းဖြည်းပိုများလာတာက ပြဿနာတစ်ခုဖြစ်ပါတယ်။

နောက်ဆိုလည်း ပိုပိုတိုးလာနိုင်ပါတယ်။

ပလပ်စတစ်နဲ့ သတ္ထုပစ္စည်းစတာတွေကို လျှော့ချမှုတွေပြုလုပ်ကြမယ်ဆိုရင် မြို့ကြီးလည်း သန့်ရှင်းလာမှာသေချာပါတယ်။

ဒါကြောင့် သပ်ရပ်သန့်ရှင့်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ အားလုံးအတူတကွပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: