ဂျပန်မှာ ဈေးသက်သာတဲ့အဝတ်အစားဆိုရင်…

ဂျပန်နိုင်ငံမှာ အဝတ်အစားတွေ ဝယ်မယ်ဆိုရင် ဈေးကြီးလိမ့်မယ်လို့တွေးမိပါသလား ?

တစ်ယောက်ယောက်နဲ့ ပုံမှန်ဆိုင်တွေမှာ သွားဝယ်မယ်ဆိုရင် ပိုက်ဆံတွေအများကြီးကုန်ကျပါလိမ့်မယ်။

ဖက်ရှင်ကျချင်လို့ သိပ်ဈေးကြီးတဲ့ အဝတ်အစားတွေ ဝယ်ဝတ်စရာမလိုတော့ဘူးနော်…

ဒီလိုလူတွေကို အကြံပေးတဲ့အနေနဲ့ GU(じーゆー)ဂျီယူ လို့ခေါ်တဲ့ အဝတ်အစား တံဆိပ်နဲ့ မိတ်ဆက်ပေးပါမယ်။

https://www.fastretailing.com

GU ဆိုတာက လူငယ်လေးတွေကို အဓိကထားပြီးရောင်းချတဲ့ တံဆိပ်ဖြစ်ပါတယ်။

ဈေးသက်သာတဲ့ အဝတ်အစားတွေကို ရောင်းချပေးနေတာဖြစ်ပါတယ်။

အဝတ်အစားတွေတင်မဟုတ်ဘဲ ဖိနပ်နဲ့ accessorie အမျိုးမျိုးကိုလည်း ရောင်းချပေးနေတာကြောင့် GU ကိုသွားရင်းနဲ့ တစ်ခါတည်း ဝယ်ခဲ့လို့ရမယ်ထင်ပါတယ်။

GU မှာ လက်ရှိခေတ်စားနေတဲ့ အဝတ်အစားတွေကို အမျိုးမျိုးပြောင်းလဲပြီးရောင်းချပေးနေလို့ ဖက်ရှင်ကျချင်တဲ့ လူငယ်လေးတွေကြားမှာ အရမ်းကိုခေတ်စားပါတယ်။

https://www.pivot-clip.co.jp/uploads/2015/07/fp_604-1.jpg

သူ့ရဲ့ ဈေးနှုန်းကလည်း တကယ့်ကို အံ့သြစရာပါပဲ။

ရိုးရိုးတီရှပ်ဆိုရင် ယန်း ၁၀၀၀ အောက်၊ စကပ်နဲ့ဘောင်းဘီတွေဆိုရင် ယန်း ၁၀၀၀၊ယန်း ၂၀၀၀ လောက်နဲ့

ဝယ်လို့ရပါတယ်။

နောက်ထပ်စုပြီးဝယ်မယ်ဆိုရင် ပိုပြီးဈေးသက်သာမယ့် ပရိုမိုးရှင်းတွေလည်းများလို့ ဈေးသက်သက်သာသာနဲ့ အဝတ်အစားတွေဝယ်ယူချင်တဲ့သူတွေကို အရမ်းကိုတန်တယ်လို့ အကြံပြုချင်ပါတယ်။

အရည်အသွေးကို ပြောရမယ်ဆိုရင်လည်း ဈေးသက်သာလို့ ပစ္စည်းမကောင်းဘူးလို့မထင်လိုက်ပါနဲ့။

ပစ္စည်းကိုလိုက်ပြီး ဈေးကြီးတဲ့အဝတ်အစားနဲ့ သိပ်မကွာတဲ့အရည်အသွေးနဲ့ အဝတ်အစားတွေလည်းရှိပါတယ်။

https://isuta.jp/wp-content/uploads/2019

အရောင်းဆိုင်တွေကလည်းအများကြီးရှိလို့ ရောက်တုန်းရောက်ခိုက်မှာလည်း သွားရောက်ဝယ်ယူဖို့အတွက် အကြံပြုချင်ပါတယ်။

ဂျပန်မလေးတစ်ယောက်က ယန်း ၂ သောင်းနဲ့ အများကြီးဝယ်လို့ရတယ်ဆိုတာကို ပြောပြထားပါတယ်။ ဒီဗီဒီယိုထဲမှာ ကြည့်လိုက်ပါနော်…

တီရှပ်တွေအများကြီးရှိလို့အဆင်ပြေပြီး ဒီလိုဈေးသက်သာတဲ့ဆိုင်တွေမှာ အများကြီးဝယ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေရှိမယ်ဆိုရင်လည်း ဒီအရောင်းဆိုင်တွေမှာ သွားဝယ်မယ်ဆိုရင်ဘယ်လိုလဲ ?

အောက်မှာ Online Store ရဲ့ Link ပေးထားလို့ စိတ်ဝင်စားရင် Link ထဲဝင်ကြည့်လိုက်ပါဦးနော်…

 

https://www.gu-japan.com/jp/pc/?gclid=Cj0KCQjwjMfoBRDDARIsAMUjNZpjc6ho8uobRsvjfaZ4sse67wlbd99wx0WKR_bxLshMJc2Xv7uTUHsaAqQJEALw_wcB

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: