လက်ရှိ ဂျပန်နိုင်ငံရဲ့ Bubble Tea နဲ့ အမှိုက်ပြဿနာ

ခုလတ်တလော ဂျပန်နိုင်ငံမှာ နာမည်ကြီးနေတာကတော့ Bubble Milk Tea ဖြစ်ပါတယ်။

ထိုင်ဝမ်မှာနာမည်ကြီးတဲ့ လက်ဖက်ရည်ဆိုင်က ဂျပန်နိုင်ငံကိုရောက်ရှိလာပြီးနောက်မှာ ဆိုင်တွေအမျိုးမျိုးပေါ်လာခဲ့ပြီး Bibble Tea ရောင်းတဲ့ဆိုင်တွေလည်းများလာပါတယ်။

မြို့ထဲကိုသွားရင် အဲ့ဒီမှာ Bibble Tea အရောင်းဆိုင်တွေရှိပြီး ကောင်မလေးတွေက Bibble Tea ဘူးလေးတွေကို လက်ထဲမှာကိုင်ပြီး လမ်းလျှောက်ကြပါတယ်။

မြို့ထဲမှာ နာမည်ကြီးတဲ့ဆိုင်ဖြစ်လာရင် အချိန်ကြာကြာတန်းစီနေတာမျိုးတွေလည်း မကြာခဏပါပဲ။

ဘာကြောင့် Bibble Tea တွေက ဂျပန်နိုင်ငံမှာ အဲ့လောက်ထိခေတ်စားနေရတာလဲ ?

ဘာကြောင့်လဲဆိုတော့ Bibble Tea ရောင်းတဲ့ဆိုင်တွေနဲ့ ထည့်တဲ့ဘူးကချစ်ဖို့ကောင်းလို့ Instagram မှာပုံတင်ပြီး ပျော်နေကြတဲ့ မိန်းကလေးတွေ ပိုပိုပြီးများလာလို့ဖြစ်ပါတယ်။

https://d2j6doapa7j1ze.cloudfront.net

Bibble Tea ဝယ်မယ်ဆိုရင် ချက်ချင်းသူငယ်ချင်းနဲ့ ဓာတ်ပုံရိုက်ပြီး Instagram ပေါ်တင်လိုက်တော့တာပါပဲ။

https://img-mdpr.freetls.fastly.net/article

ဒီလို ပျော်စရာအနေနဲ့ ဖန်တီနေကြတာ ကောင်းတယ်ဆိုပေမယ့် ခုတလောပြဿနာလေးတွေရှိလာပါတယ်။

ဒါကတော့ ဘူးခွံအမှိုက်ဖြစ်ပါတယ်။

အောက်က ပုံထဲမှာကြည့်လိုက်ပါနော်။

https://rr.img.naver.jp/mig

Bubble Tea သောက်ပြီး သူ့ရဲ့ဘူးတွေကို လမ်းဘေးမှာချထားခဲ့ကြတယ်နော်…

အမှိုက်ပုံးတွေမှာမပစ်ဘဲ ဒီတိုင်းအနားမှာ ပစ်ချခဲ့တာတွေလည်း ရှိပါတယ်။

https://rr.img.naver.jp

ဒါတွေကို ကြည့်ပြီး  Social Network Service ( SNS ) မှာ အမှိုက်တွေဒီတိုင်းပစ်တဲ့ သူတွေကို ဝေဖန်ပြောဆိုတာတွေလည်း ပိုပိုပြီးများလာပါတယ်။

ဂျပန်နိုင်ငံမှာက အသန့်ကြိုက်တဲ့သူတွေလည်းများပြီး မြို့ကိုသန့်ရှင်းစေချင်တယ်လို့ တွေးထားတဲ့ကြားက ဒီလိုလုပ်တဲ့သူတွေ တော်တော်များပါတယ်။

သေချာတာတစ်ခုကတော့ Bubble Tea သောက်တဲ့သူတွေအားလုံး ဒီလို မကောင်းတဲ့သူတွေမဟုတ်ပါဘူး။

သောက်ပြီးကျန်တဲ့အမှိုက်ကိုတော့ အမှိုက်ပုံးထဲသေချာပစ်တဲ့သူတွေလည်းရှိပါတယ်။

ကျန်နေခဲ့တာက Bubble Tea ဘူးခွံအမှိုက်ဘဲမဟုတ်လို့ Bubble Tea သောက်တဲ့သူတွေက သောက်တဲ့သူတွေကိုပဲ ဝေဖန်လို့မရပါဘူး။

ဒီပြဿနာနဲ့ပတ်သက်ပြီး သိလိုက်ရတာက ဂျပန်နိုင်ငံမှာ အမှိုက်ပုံးနည်းတယ်ဆိုတာပါပဲ။

တစ်ယောက်ယောက်နဲ့ မြို့ထဲမှာ လမ်းလျှောက်ထွက်မယ်ဆိုရင် အမှိုက်ပုံးတွေသိပ်မတွေ့ရပါဘူး။

ဒါတွေကလည်း ဂျပန်နိုင်ငံမှာ ဟိုးအရင်တုန်းက ဘာသာရေးအကြမ်းဖက်မှုတစ်ခုကြောင့် မြို့ထဲမှာရှိတဲ့ အမှိုက်ပုံးတွေကို ဖယ်ရှားပစ်ခဲ့တာဖြစ်ပါတယ်။

အမှိုက်ပုံးထဲမှာ ဗုံးတွေထောင်ထားမှာစိုးလို့ဖြစ်ပါတယ်။

ဒါ့အပြင် မြို့ထဲက အမှိုက်ပုံးတွေမှာ အိမ်အမှိုက်တွေလာပစ်တဲ့သူတွေရှိပြီး ကျီးကန်းတွေက အမှိုက်တွေကို လာဆွဲတတ်တာကြောင့် အမှိုက်ပြန်သိမ်းရတာ အလုပ်ရှုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှိုက်ပုံးတွေကို ရှင်းထုတ်ခဲ့တာဖြစ်ပါတယ်။

အမှိုက်ပုံးတွေနည်းလို့ ခဏလေးနဲ့အမှိုက်ပုံးတွေပြည့်လာလို့ အမှိုက်ပုံးထဲမထည့်ဘဲ ဘေးမှာပစ်ထားခဲ့တယ်လို့ထင်ပါတယ်။

ခေတ်စားနေတဲ့ Bubble Tea ကိုအကြောင်းပြပြီး အမှိုက်တွေကို မြို့ထဲမှာပစ်တယ်လို့ စိတ်ဆိုးပြီးပူညံပူညံလုပ်နေမယ်ဆိုရင် ဘာအကျိုးမှထူးလာမှာမဟုတ်ပါဘူး။

အမှိုက်ထိန်းသိမ်းဖို့ အမှိုက်ပုံးအရေအတွက်တွေကို တိုးချဲ့လိုက်မယ်ဆိုရင် ဂျပန်နိုင်ငံအတွက် ပိုမကောင်းဘူးလား။

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: