ငလျင်မလှုပ်ခင်မှာ ဘာတွေကြိုပြင်ဆင်ထားရမလဲ ?

၆ လပိုင်း ၁၈ ရက်နေ့ ည 10:22 ၊ နီဂတခရိုင်မှာ 6.7 ပြင်းအားနဲ့ ငလျင်ကြီးတစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။

အဲ့ဒီမြေငလျင်ဟာ နီဂတခရိုင်မှာတင်မဟုတ်ဘဲ အနီးနားက ယမဂတခရိုင်နဲ့ တိုးဟိုခုခရိုင်ကနေ ခန်တိုအထိ ကျယ်ပြန့်ခဲ့တယ်လို့ သိရပါတယ်။

ဆူနာမီဘေးအန္တရာယ်လည်းရှိတာကြောင့် ယမဂတခရိုင်နဲ့ နီဂတခရိုင်တွေမှာလည်း ဆူနာမီနဲ့ပတ်သပ်တဲ့ သတင်းတွေကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။


https://earthquake.tenki.jp/bousai/earthquake

ဒီတစ်ခေါက်လှုပ်ခတ်တဲ့မြေငလျင်မှာ စုစုပေါင်း ၂၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီ ၂ ရက် ၃ ရက်အတွင်း အလားတူမြေငလျင်ကြီးတွေပေါ်ပေါက်နိုင်ချေလည်းများတာကြောင့် အထူးသတိထားဖို့လို့ပါတယ်။

ဂျပန်နိုင်ငံဟာ ငလျင်စတဲ့ သဘာဝဘေးအန္တရာယ်တွေများတဲ့နိုင်ငံဖြစ်တယ်ဆိုတာကို အားလုံးသိထားပြီးသားလို့ထင်ပါတယ်။

လွန်ခဲ့တဲ့နှစ်၂၀၁၈ ခုနှစ် မှာလည်း သဘာဝဘေးအန္တရာယ်တွေများပြားခဲ့ပြီး အဲ့ဒီနှစ်ရဲ့အခြေအနေ လက္ခဏာများအရ ခန်းဂျီးတစ်လုံးအနေနဲ့ 災害 ဆိုင်းဂိုင်ရဲ့ 「災」ဆိုင်းကို ၂၀၁၈ ခုနှစ်အတွက် ရွေးချယ်သတ်မှတ်ခဲ့ကြပါတယ်။

တကယ်တော့ မနှစ်တုန်းကလည်း ဒီလိုမြေငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

ဒီလို ဂျပန်မှာ ငလျင်ကြီးတွေဖြစ်ပေါ်တာက မဆန်းတော့ပါဘူး။

ငလျင်လှုပ်တာမကြုံဖူးသေးတဲ့ မြန်မာလူမျိုးတွေလည်း တိုကျိုနဲ့ အိုဆာကာမှာ အများကြီး သွားရောက်နေထိုင်နေကြလိမ့်မယ်လို့ထင်ပါတယ်။

ဘယ်အချိန်ဘယ်နေရာမှာ ငလျင်ကြီးတွေလှုပ်မယ်ဆိုတာကိုမသိဘဲ ကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်နေရတဲ့သူတွေလည်း အများကြီးရှိပါလိမ့်မယ်။

ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့အချိန်အတောအတွင်းမှာတော့ စိတ်မကောင်းပေမယ့် ငလျင်ဒဏ်ကို ရှောင်ပြေးလို့မရပါဘူး။

ဒါကြောင့် မဖြစ်လာခင်ကတည်းက ကြိုတင်ပြင်ဆင်ထားလို့တော့ရပါတယ်။

တိုကျို၊ အိုဆာကာနဲ့ ကျိုတိုစတဲ့ ခရိုင်အသီးသီးမှာ နိုင်ငံခြားသားတွေအတွက်ရည်ရွယ်ပြီး ငလျင်လှုပ်ခတ်တဲ့အခါ ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို လက်ကမ်းစာဆောင်တွေ အခမဲ့ဝေငှပေးပါတယ်။

ကျိုတိုခရိုင်မှာ အပြည်ပြည်ဆိုင်ရာစင်တာ ကနေထုတ်တဲ့ သဘာဝဘေးကြိုတင်ကာကွယ်ရေးလမ်းညွှန်စာအုပ် ကိုအစမ်းဖတ်ကြည့်လိုက်ပါနော်။

http://www.seikatubunka.metro.tokyo.jp/chiiki_tabunka/tabunka/tabunkasuishin/files/0000000144/bousai.pdf

အဲ့ဒီလမ်းညွှန်စာအုပ်ကို နိုင်ငံခြားသားတွေအတွက် အင်္ဂလိပ်၊ တရုတ် ၊ ဗီယက်နမ်စတဲ့ ဘာသာစကားအမျိုးမျိုးနဲ့ ရေးထားတာကြောင့် ဂျပန်စာနားမလည်တဲ့ နိုင်ငံခြားသားတွေလည်း ဖတ်လို့ရပါတယ်။

နောက်ပြီး ဂျပန်နိုင်ငံမှာနေတဲ့ နိုင်ငံခြားသားတွေ အတွက်လည်း ငလျင်ဖြစ်ပွားတဲ့အခါ ဘယ်လိုလှုပ်ရှားရမလဲဆိုတာကို ရှင်းပြထားတဲ့ ဗီဒီယိုတွေလည်းရှိလို့ ကြည့်လိုက်ပါဦးနော်…

https://www.youtube.com/watch?v=loWCqHFRRb8

https://www.youtube.com/watch?v=222k43b_EBc

ဒါတွေကိုကြည့်ထားမယ်ဆိုရင် အကယ်၍ငလျင်ဒဏ်တွေကျရောက်လာမယ်ဆိုရင်တောင် စိတ်အေးအေးနဲ့ လှုပ်ရှားသွားလာနိုင်ပါပြီ။

ဒီဆောင်ပါးကိုဖတ်ပြီး ငလျင်လှုပ်လေ့ရှိတဲ့ဂျပန်နိုင်ငံကိုသွားရမှာ ကြောက်စရာကောင်းမယ်လို့ တွေးကြတဲ့သူတွေ အများကြီးရှိကောင်းရှိမှာပါ။

ဒါကြောင့် ဒီတစ်ခေါက်မိတ်ဆက်ပေးခဲ့တဲ့ အင်တာနက်စာမျက်နှာကိုဖတ်ပြီး စိတ်အေးအေးနဲ့ လှုပ်ရှားမယ်ဆိုရင် အရာအားလုံးအဆင်ပြေမှာသေချာပါတယ်။

နောက်ပြီး ဂျပန်လူမျိုးတွေတော်တော်များများက သဘာဝဘေးအန္တရာယ်တွေအမျိုးမျိုးကို ကျော်လွှားနိုင်ခဲ့ကြပြီး ဒုက္ခရောက်တဲ့အခါမှာ သေချာပေါက်ကူညီပေးကြမှာပါ။

အကယ်၍အသိမိတ်ဆွေတွေထဲမှာ ဂျပန်နိုင်ငံကိုသွားဖို့စီစဥ်နေတဲ့သူတွေနဲ့ ဂျပန်မှာနေထိုင်နေတဲ့သူတွေရှိမယ်ဆိုရင် ဒီဆောင်းပါးမှာပါတဲ့ အကြောင်းအရာတွေကို ဝေငှပေးလိုက်ပါနော်….

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: