ဂျပန်နိုင်ငံရဲ့မိုးရာသီ လည်ပတ်စရာနေရာများ

ဂျပန်နိုင်ငံမှာ ခုချိန်က 梅雨(つゆ)စုယု လို့ခေါ်တဲ့ မိုးရာသီဖြစ်ပါတယ်။

ဒီရာသီပြီးသွားရင် နေသာတဲ့နွေရာသီစတင်လာတော့မှာဖြစ်ပြီး ခြောက်ခြောက်ကပ်ကပ်နဲ့ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ရာသီဖြစ်လာတော့မှာဖြစ်ပါတယ်။

လာလည်ပါတယ်ဆိုနေမှ မိုးတွေရွာနေတယ်…. လို့စိတ်မပျက်လိုက်ပါနဲ့နော်….

မိုးရွာတဲ့နေ့တွေမှာလည်း မိုးလုံလေလုံတဲ့နေရာတွေအများကြီးရှိလို့ ဒီလိုရာသီမျိုးမှာဆိုရင်တော့…

 

Maxell Aqua Park Shinagawa   Flower Aquarium Directed By Naked Brand new sea

 

https://rtrp.jp/articles/122987/?_ga=2.113981572.2095304604.1560327987-1749106335.1560327987

ခေါင်းစဥ်အရှည်ကြီးဆိုပေမယ့် တိုကျိုရှိနဂဝ မှာရှိတဲ့ Maxell Aqua Park Shinagawa မှာကျင်းပနေတဲ့ပွဲတော်ဖြစ်ပါတယ်။

ဒီပွဲကိုတော့ ၇ လပိုင်း ၇ ရက်နေ့အထိပဲ ကျင်းပသွားမှာဖြစ်ပါတယ်။


https://rtrp.jp/articles/122987/?_ga=2.113981572.2095304604.1560327987-1749106335.1560327987

အဲ့ဒီပွဲတော်ရဲ့အကြောင်းအရာကတော့ တေးဂီတ၊ ပန်း၊ မီးရောင်စုံ၊ ပင်လယ်ပြင်ကြီးတွေရှိတဲ့ ကမ္ဘာဖြစ်ပါတယ်။

မိုးလုံလေလုံထဲမှာ အဆင်ပြေပြေနဲ့ ထူးဆန်းတဲ့ အရာတွေနဲ့အပြည့်ပါပဲ။

 

ဖွင့်လှစ်မယ့်ကာလ  ၂၀၁၉ ခုနှစ် ၇ လပိုင်း ၇ ရက်နေ့အထိ

နေရာ   Maxell Aqua Park Shinakgawa

東京都港区高輪4-10-30 ( Takanawa 4-10-30, Minato-ku, Tokyo )

ဖွင့်လှစ်ချိန် ၁၀ နာရီ မှ ၂၂ နာရီထိ ( နောက်ဆုံးဝင်ခွင့် ၂၁ နာရီအထိ )

 

Tokyo Tower City Light Fantasia Cool Japanese Summer

https://rtrp.jp/articles/122987/?_ga=2.113981572.2095304604.1560327987-1749106335.1560327987

တိုကျိုမြို့ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ တိုကျိုတာဝါကြီးဖြစ်ပါတယ်။

အဲ့ဒီမှာ အပြင်ကိုလည်းကြည့်နိုင်တာကြောင့် နွေရာသီမှာ ညဖက်ရှု့ခင်းကြည့်တဲ့ ပွဲတော်အနေနဲ့လည်း ကျင်းပကြပါတယ်။

https://rtrp.jp/articles/122987/?_ga=2.113981572.2095304604.1560327987-1749106335.1560327987

အမြင့်ဆုံးတာဝါတိုင်လို့ပြောရမယ်ဆိုရင် Sky Tree ကနံပါတ် ၁ နေရာမှာရှိနေပေမယ့် အရင်တုန်းကတော့ တိုကျိုတာဝါက အမြင့်ဆုံးနံပါတ် ၁ မှာရှိနေတာဖြစ်ပါတယ်။

ဘေးပတ်ပတ်လည်မှာရှိတဲ့ အဆောက်အဦတွေနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် လှပတဲ့ညနေခင်းရှု့ခင်းကို မြင်နိုင်တဲ့နေရာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့နွေရာသီလို့ ပြောရရင် မီးရှူးမီးပန်းဖြစ်ပါတယ်။

နောက်ပြီး ကြယ်တွေလည်း စုံစုံလင်လင်တောက်ပနေတဲ့ သဘာဝရဲ့ရှု့ခင်းတွေနဲ့အတူ အားလုံးကို ပေါင်းစပ်ပြီး မြင်တွေ့ရမှာဖြစ်ပါတယ်။

 

ဖွင့်လှစ်မယ့်ကာလ  ၂၀၁၉ ခုနှစ် ၉ လပိုင်း ၁ ရက်နေ့ထိ

အချိန် 19:30〜22:50

နေရာ 東京タワーメインデッキ ( Tokyo Tower Main Deck )

東京都港区芝公園4-2-8 ( 4-2-8 Shiba Park, Minato-ku, Tokyo )

 

Sumida Aquarium Tokyo Goldfish Wonderland 2019

https://rtrp.jp/articles/122987/?_ga=2.113981572.2095304604.1560327987-1749106335.1560327987

အဲ့ဒီငါးပြတိုက်မှာရှိတဲ့ စုမိတမြို့ဟာ ဟိုးအရင် အဲဒိုလို့ခေါ်တဲ့ခေတ်ကတည်းကနေ ရှိနေခဲ့တဲ့ ဧရိယာဖြစ်ပါတယ်။

စာရေးသူကလေးဘဝလောက်တုန်းက ရှောဝခေတ်ကိုပြန်လည်ခံစားရင်းနဲ့ ရွှေငါးတွေကိုကြည့်ရှု့နိုင်တဲ့ ပွဲတော်ကိုကျင်းပနေတာဖြစ်ပါတယ်။

ခြေဖဝါးရဲ့အောက်မှာ ရွှေငါးတွေကူးခတ်သွားလာနေပါတယ်။

https://rtrp.jp/articles/122987/?_ga=2.113981572.2095304604.1560327987-1749106335.1560327987

ဖွင့်လှစ်မယ့်ကာလ  ၂၀၁၉ ခုနှစ် ၁၀ လပိုင်း ၃၁ ရက်နေ့

နေရာ   すみだ水族館 ( စုမိတ ငါးပြတိုက် )

東京都墨田区押上1丁目2番 ( Oshiage 1-chome No. 2 Sumida-ku, Tokyo )

 

日本橋三井ホール Art Aquarium2019

https://rtrp.jp/articles/122987/?page=2&_ga=2.113981572.2095304604.1560327987-1749106335.1560327987

 

ဒီနေရာကတော့ ၇ လပိုင်း ၅ ရက်နေ့ကနေ စတင်ကျင်းပမယ့် ပွဲတော်ဖြစ်တာကြောင့် ပုံကတော့ မနှစ်ကပုံဖြစ်ပါတယ်။

လူပေါင်း 9,450,000 လောက်လာရောက်ခဲ့တဲ့ အရမ်းကိုနာမည်ကြီးတဲ့ ပွဲတော်ဖြစ်ပြီး ဒီနှစ်မှာတော့ ၉ ကြိမ်မြောက်အနေနဲ့ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။

https://rtrp.jp/articles/122987/?page=2&_ga=2.113981572.2095304604.1560327987-1749106335.1560327987

ဒါပေမယ့် ဒီနှစ်ကနောက်ဆုံးအကြိမ်လို့သိလိုက်ရပါတယ်။

နောက်နှစ်မှာတော့ ရှိတော့မှာ မဟုတ်ပါဘူး။ ဒီနှစ်ကြည့်နိုင်ရင်တော့ သွားကြည့်ကြပါနော် …

 

ဖွင့်လှစ်မည့်ကာလ ၂၀၁၉ ခုနှစ် ၇ လပိုင်း ၅ ရက်နေ့ မှ ၂၀၁၉ ခုနှစ် ၉ လပိုင်း ၂၃ ရက်နေ့ထိ

အချိန်  တနင်္ဂနွေနေ့ကနေ သောကြာနေ့ထိ ၁၁ နာရီကနေ ၂၂ နာရီခွဲထိ ( နောက်ဆုံးဝင်ရောက်ချိန် ၂၂ နာရီ )

စနေနေ့ နဲ့ အားလပ်ရက်မတိုင်ခင်မှာ ၁၁ နာရီကနေ ၂၃ နာရီခွဲထိ ( နောက်ဆုံးဝင်ရောက်ချိန် ၂၃ နာရီ )

日本橋三井ホール ( Nihonbashi Mitsui ခန်းမ )

東京都中奥区日本橋室町2-2-1

 

Toyosu Gururi Park Star Island2019

https://rtrp.jp/articles/122987/?page=2&_ga=2.113981572.2095304604.1560327987-1749106335.1560327987

၇ လပိုင်း ၂၀ ရက်နေ့မှာ ဖွင့်လှစ်ဖို့စီစဥ်ထားတဲ့ ပွဲတော်ဖြစ်ပါတယ်။

ရှေးရိုးရာမီးရှူးမီးပန်းနဲ့ အဆင့်မြင့်နည်းပညာနဲ့ ဖျော်ဖြေတင်ဆက်မှုတွေဟာ အရမ်းကိုနည်းပညာမြင့်မားတဲ့ ဖျော်ဖြေမှုတွေဖြစ်ပါတယ်။

စင်ကာပူမှာလည်းနာမည်ကြီးတဲ့ ဒီပွဲတော်က တိုကျိုမြို့ရဲ့ Toyosu မှာကျင်းပတာဖြစ်ပါတယ်။

လက်မှတ်ဖိုးပေးရမှာဖြစ်တာကြောင့် မြန်မြန်ဦးအောင်ဝယ်ကြပါနော်…

https://rtrp.jp/articles/122987/?page=2&_ga=2.113981572.2095304604.1560327987-1749106335.1560327987

 

ဖွင့်လှစ်မည့်ကာလ ၇ လပိုင်း ၂၀ ရက်နေ့

အချိန်  ၁၆ နာရီမှ ၂၁ နာရီ

နေရာ   東京ぐるり公園 ( တိုကျိုဂုရုရိပန်းခြံ )

東京都江東区豊洲6-4

 

Metsa Village သစ်တော၊ ရေကန်နဲ့ ထီး

https://rtrp.jp/articles/122987/?page=2&_ga=2.113981572.2095304604.1560327987-1749106335.1560327987

ဆိုင်းတမ ပြည်နယ်မှာရှိတဲ့ Metsa Village မှာကျင်းပပြုလုပ်တဲ့ ပွဲဖြစ်ပါတယ်။

ထီးအလက်ပေါင်း ၁၀၀၀ ကိုအသုံးပြုပြီးအလှဆင်ထားတဲ့ပွဲတော်ဖြစ်ပါတယ်။

https://rtrp.jp/articles/122987/?page=2&_ga=2.113981572.2095304604.1560327987-1749106335.1560327987

မီတာ ၁၀၀ ကျော်တဲ့နေရာမှာ လေထဲမှာလွင့်နေတဲ့ ထီးတွေအောက်ကနေဖြတ်ပြီး အလင်းရောင်တွေဝင်ရောက်လာတဲ့အခါ အရောင်တွေပြောင်းလဲသွားပြီး ဆက်လျှောက်သွားရင်း မြင်ရတဲ့ရှု့ခင်းက တကယ်ကိုဆန်းကြယ်တဲ့ဖွဲ့စည်းပုံဖြစ်ပါတယ်။

မိုးကိုမုန်းပြီးထီးဆောင်းတာမကြိုက်တဲ့သူတွေတောင် ဒီထီးတွေကိုကြည့်ပြီးပျော်နေမှာဖြစ်ပါတယ်။

 

ဖွင့်လှစ်မယ့်ကာလ ၂၀၁၉ ခုနှစ် ၇ လပိုင်း ၁၅ ရက်နေ့

အချိန်  ၁၀ နာရီမှ ၂၁ နာရီထိ

Metsa Village

埼玉県飯能市宮沢327-6

 

 

AEON Laketown Kaze  Jewelry Aquarium

https://rtrp.jp/articles/122987/?page=3&_ga=2.113981572.2095304604.1560327987-1749106335.1560327987

ဆိုင်းတမခရိုင် ခိုရှိဂယရှိ မှာရှိတဲ့ ဈေးဝယ်ကုန်တိုက်ကြီးဖြစ်တဲ့ Aeon Laketown Kaze ဖြစ်ပါတယ်။

အဲ့ဒီမှာကျင်းပပြုလုပ်မယ့်ပွဲတော်ဖြစ်ပါတယ်။

ငါးအကောင် ၂၀၀၀ လောက်ကိုပြသထားမယ့် ကော်ဖီဆိုင်လို့ပုံစံ ငါးပြတိုက်ဖြစ်ပါတယ်။

စားစရာသောက်စရာတွေကို စားသောက်ရင်း ငါးတွေကိုကြည့်ရှု့ခံစားနိုင်မှာဖြစ်ပါတယ်။

 

ဖွင့််လှစ်မယ့်     ကာလ ၂၀၁၉ ခုနှစ် ၇ လပိုင်း ၇ ရက်နေ့အထိ

Aeon Laketown Kaze

埼玉県越谷市レイクタウン4-2-2

 

Hilton Tokyo Bay ナツマツリ

https://rtrp.jp/articles/122987/?page=3&_ga=2.113981572.2095304604.1560327987-1749106335.1560327987

နွေရာသီကိုဆက်သွားကြမယ်နော် !

Disneyland အနီးနားမှာရှိတဲ့ Hilton Tokyo Bay မှာ နွေရာသီကို ခံစားနိုင်မယ့် အချိုပွဲဘူးဖေး ကိုသုံးဆောင်လို့ရပါတယ်။

https://rtrp.jp/articles/122987/?page=3&_ga=2.113981572.2095304604.1560327987-1749106335.1560327987

ပုံစံလေးတွေက ချစ်စရာလေးတွေဆိုတော့ ဓာတ်ပုံရိုက်ချင်စရာပဲနော်…

စားလိုက်ရင်လည်း အရမ်းကိုအရသာရှိပါတယ်။

ဖွင့်လှစ်ချိန် ၂၀၁၉ ခုနှစ် ၉ လပိုင်း ၁ ရက်နေ့ထိ ( စနေ၊ တနင်္ဂနွေ၊ ပိတ်ရက် )

Hilton Tokyo Bay

千葉県浦安市舞浜1-8

 

ကဲ ဘယ်လိုလဲ ?

မိုးတွေရွာနေတဲ့ ဒီလိုအချိန်မျိုးမှာ အပြည့်အဝပျော်လိုက်ကြရအောင်နော်…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: