မသန်စွမ်းသူတွေ သွားလာရတာလွယ်ကူဖို့ !
ကျန်းမာသန်စွမ်းတဲ့သူတွေက ဂရုမစိုက်နိုင်တာက မြို့ရဲ့ပြဿနာကြီးတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် မသန်စွမ်းတဲ့သူတွေကို ထောက်ပံ့မှုပေထားပါတယ်။
Wheelchair နဲ့လူ၊ မျက်မြင်၊ ခြေလက်မသန်မစွမ်း ဖြစ်နေတဲ့သူတွေရှိပါတယ်။
သက်ကြီးရွယ်အိုတွေများများလာတဲ့ ဂျပန်နိုင်ငံမှာ မသန်မစွမ်းတွေပိုများလာပြီး သူတို့တွေစိတ်အေးအေးနဲ့ မြို့ထဲကိုထွက်နိုင်ဖို့ဆိုတာကလည်း ပိုပိုများလာပါတယ်။
ဂျပန်နိုင်ငံရဲ့ လမ်းဘေးတွေက ဒီလိုပုံစံမျိုးပါ။
https://ameblo.jp/kitazawajunko/entry-12450052697.html
လမ်းတွေကစောင်းနေပါတယ်။
မြန်မာနိုင်ငံရဲ့ လမ်းဘေးတွေနဲ့ ယှဥ်ကြည့်လိုက်နော်။
ဂျပန်နိုင်ငံရဲ့ လမ်းဘေးတွေကတော့ မူမမှန်ပါဘူး။
ရေမြောင်းဖုံးတွေဟာလည်း လမ်းနဲ့တစ်ပြေးညီတည်းဖြစ်နေပြီး အတက်အဆင်းမဖြစ်အောင် ပြုလုပ်ထားပါတယ်။
အဲ့ဒီမှာ လမ်းလျှောက်တဲ့ သူတွေက ခလုတ်တိုက်စရာမရှိဘဲ wheelchair နဲ့လူတွေလည်း သွားလာမယ်ဆိုရင် ဘာပြဿနာမှမရှိပါဘူး။
ကားတွေမရပ်ထားဘူးဆိုတာကလည်း တော်တော်လေးကို ကွာခြားပါတယ်။
နောက်ပြီးလမ်းရဲ့အကာအရံတွေတပ်ဆင်ထားပြီး ကားလမ်းထက်နည်းနည်းမြင့်ပြီး နေရာချထားတဲ့နေရာတွေများပြီး လမ်းလျှောက်တဲ့သူတွေအတွက် လုံခြုံအောင်ကာကွယ်ပေးထားပါတယ်။
လူကူးမျဥ်းကြားတွေက ခြေလှမ်းတွေအတိုင်းလုပ်ထားပေးတာက လျှောက်ရလွယ်တဲ့ အချက်ဖြစ်ပါတယ်။
နောက်ပြီး လူသွားလမ်းနဲ့ ဘူတာက ဒီလိုအဝါရောင်လမ်းလေးတွေလုပ်ထားပေးတာများပါတယ်။
https://lineblog.me/dragon19641121/archives/1570608.html
ဒါကတော့ မျက်မမြင်တွေအတွက် လုပ်ထားတဲ့လမ်းတွေဖြစ်ပါတယ်။
မျက်လုံးမမြင်နိုင်တဲ့လူတွေက လမ်းမှာအန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်ဖို့ဖြစ်ပါတယ်။
အမျိုးစား ၂ မျိုးရှိပြီး အစင်းကြောင်းလေးတွေရှိနေရင်တော့ ဒီတိုင်းရှေ့ဆက်သွားဆိုတဲ့ အဓိပ္ပာယ်နဲ့ အစက်အပြောက်ပုံစံဆိုရင်တော့ လမ်းဆုံးတွေရှိနေလို့ ရပ်နေခိုင်းတာဖြစ်ပါတယ်။
လမ်းဘေးက မီးပွိုင့်မှာ ဒီလိုမျိုးတွေရှိတာများပါတယ်။
https://blogs.yahoo.co.jp/miyakogarden/28419501.html
မီးပွိုင့်အပေါ်နားက စပီကာကနေ ငှက်ကလေးတွေရဲ့အသံကို ဖွင့်ပေးထားပါတယ်။
မီးပွိုင့်စိမ်းသွားတဲ့အခါ အသံလည်းပြောင်းသွားမှာဖြစ်လို့ မျက်စိမမြင်ရင်တောင် မီးပွိုင့်ဘာအရောင်ဖြစ်နေလဲဆိုတာသိနိုင်မှာဖြစ်ပါတယ်။
ရထားဘူတာတွေမှာလည်း လှေကားအတက်အဆင်းတွေရှိပေမယ့် ဓာတ်လှေကားလို ထိုင်ခုံတွေနားမှာ တာဝန်ရှိတဲ့သူတွေရှိပါတယ်။
ဒါတော့ လှေကားရဲ့ဘေးနားမှာ Wheelchair ကိုအပေါ်အောက်ပို့ဆောင်ပေးတဲ့စက်ဖြစ်ပါတယ်။
http://www.shinkosangyo.co.jp/example/post-1.html
ဓာတ်လှေကားမရှိတဲ့ နေရာတွေဖြစ်တဲ့ ဘူတာရုံမှာ ဒီလိုမျိုးတွေတပ်ဆင်ထားပါတယ်။
တစ်ယောက်တည်းဆိုရင် အန္တရာယ်များလို့ ဘူတာရုံဝန်ထမ်းတွေက အမြဲတမ်းကူညီပေးပြီး ရထားစီးတဲ့နေရာအထိ ကူညီပေးကြပါတယ်။
နောက်ပြီး ကိုယ်သွားချင်တဲ့နေရာကိုပြောပြရင် ရောက်တဲ့ဘူတာမှာ ဘူတာရုံဝန်ထမ်းတွေက လာကြိုပေးတာတွေ တကယ်ကိုစနစ်ကျပါတယ်။
盲導犬(もうどうけん)မိုးဒိုးခန် လို့ခေါ်တဲ့ လမ်းပြခွေးတွေလည်းအများကြီးရှိပါတယ်။
http://www.kansai-guidedog.jp/knowledge/training/index.html
အထူးတလည် လေ့ကျင့်သင်ကြားပေးထားတဲ့ခွေူတွေဟာ မျက်မမြင်တဲ့လူတွေနဲ့ အတူတူလမ်းလျှောက်တဲ့အခါ ကူညီပေးပါတယ်။
မီးပွိုင့်ဖြတ်တဲ့အခါမှာ မီးနီသွားရင် ချက်ချင်းရပ်လိုက်ပြီး ရှေ့မှာပိတ်နေတဲ့ အရာတွေကိုလည်း ရှင်းလင်းကာကွယ်ပေးပါတယ်။
ရထားတွေ စားသောက်ဆိုင်တွေတော်တော်များများက တိရိစ္ဆာန်ယူဆောင်ခွင့်မရှိဘူးဆိုပေမယ့် လမ်းပြခွေးလေးတွေဟာ မျက်မမြင်တွေအတွက်မရှိမဖြစ်လိုအပ်တာကြောင့် နေရာတွေတော်တော်များများမှာတော့ နားလည်ပေးပြီးခွင့်ပြုပေးထားပါတယ်။
ကဲ ဘယ်လိုလဲ?
ဂျပန်နိုင်ငံမှာက မသန်စွမ်းတဲ့သူတွေလည်း ကိုယ်ကိုယ်တိုင်လျှောက်သွားလို့ရပြီး ကြံ့ကြံ့ခိုင်ခိုင်နေထိုင်စားသောက်နိုင်ဖို့အတွက် ကူညီထောက်ပံ့မှုတွေပြုလုပ်ထားပေးလို့ တကယ်ကိုအဆင်ပြေပါတယ်။ ဒီလိုထောက်ပံ့မှုတွေရှိထားဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။