လည်ပတ်ချင်စရာ အဝါရောင်ပန်းခင်းကြီး

淡路島 ( あわじしま ) အဝဂျိ ကျွန်း အကြောင်းကို သိပါသလား ?

အဝဂျိကျွန်းဆိုတာက 兵庫県 ( ひょうごけん ) Hyogo ခရိုင်မှာနားမှာရှိတဲ့ ကျွန်းလေးတစ်ကျွန်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ကျွန်းတွေထဲမှာ လူဦးရေအများဆုံးကျွန်းလေးတစ်ကျွန်းဖြစ်ပြီး လူဦးရေ ၁ သိန်း ၃ သောင်းလောက်နေထိုင်တဲ့ ကျွန်းလေးတစ်ကျွန်းဖြစ်ပါတယ်။

ပင်လယ်ကြီးက အရမ်းကိုလှပပြီး ခရီးသွားဧည့်သည်တော်တော်များများက အဝဂျိကျွန်းကို လာရောက်ကြပါတယ်။

နောက်တစ်ခုက ကြက်သွန်နီပေါတဲ့ဒေသအနေနဲ့လည်း နာမည်ကြီးပြီး ကျွန်းပေါ်မှာဘယ်ကိုပဲသွားသွား ကြက်သွန်စိုက်ခင်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အရမ်းကိုလှပတဲ့ပင်လယ်ကြီးနဲ့ ကြက်သွန်နီကြောင့်နာမည်ကြီးပေမယ့် နှစ်တိုင်းနှစ်တိုင်း လှပတဲ့ပန်းတွေပွင့်တဲ့ကျွန်း ဆိုတာကိုလည်း သိပါသလား။

ဘယ်တော့သွားသွား အမြဲတမ်းပန်းလှလှလေးတွေပွင့်နေတာကြောင့် ပန်းတွေဝေဆာတဲ့ကျွန်းလို့လည်းခေါ်ကြပါတယ်။

အထူးသဖြင့် နာမည်ကြီးတဲ့ပန်းတွေရှိတဲ့နေရာအနေနဲ့ ( あわじ花さじき ) အဝဂျိဟနဆဂျိခိ ဆိုတဲ့ပန်းခင်းကြီးရှိပါတယ်။

https://iwiz-lifemagazine.c.yimg.jp

အဲ့ဒီမှာပွင့်နေတဲ့ပန်းတွေထဲမှာ အထူးတလည်ပွင့်နေတဲ့ နာမည်ကြီး အဝါရောင်ပန်းခင်းတွေနဲ့မိတ်ဆက်ပေးမယ်နော်။

အဝဂျိဟနဆဂျိခိ မှာပန်းပွင့်ပေါင်း ၆ သောင်း ၅ ထောင် ကိုစိုက်ပျိုးထားပါတယ်။

ရာသီဥတုအရမ်းကိုအေးတဲ့ ၁၂ လပိုင်းလောက်ကနေစပြီး ၄ လပိုင်းအကုန်လောက်ထိ အရမ်းကိုလှပတဲ့ပန်းတွေကို တွေ့ရမှာဖြစ်ပါတယ်။

ပန်းတွေကြည့်လို့အလှဆုံးအချိန်ကတော့ ၃ လပိုင်းလောက်ဖြစ်ပြီး အဝါရောင်ကော်ဇော်ကြီးလိုပန်းခင်းကြီးဟာ 菜の花  နနော့ဟန လို့ခေါ်တဲ့အပန်းတွေအပြည့်ဖြစ်နေပါတယ်။

https://ray-life.net/wp-content

ဘာကြောင့် နနော့ဟန လို့ခေါ်ရလဲဆိုတာကတော့ ( န ) ဆိုတာက ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး စားလို့ရပါတယ်။ ဟန ဆိုတာကတော့ ပန်းပေါ့နော်။ ဒါကြောင့် ဟင်းသီးဟင်းရွက်ရဲ့ ပန်းဆိုပြီး ခေါ်ကြတာဖြစ်ပါတယ်။

မြန်မာမှာရှိတဲ့ ပိတောက်ဝါနဲ့ ဆင်တူပါတယ်။

ဒါပေမယ့် ပိတောက်ဝါနဲ့ ကွာခြားတာကတော့ နနော့ဟန က ၄ လလုံးအချိန်ကြာကြာပွင့်နေပါလို့ ပျော်စရာသတင်းကောင်းပါပဲ။

နနော့ဟနကို မြေပြင်ပေါ်မှာမြင်တွေ့နိုင်တာဖြစ်ပြီး ဒီလိုပန်းခင်းပြင်ကြီးတော့ တခြားနေရာတွေမှာ တော်တော်နဲ့တွေ့ရမှာမဟုတ်ဘူးလို့ထင်ပါတယ်။

ဒါ့အပြင် အဝဂျိကျွန်းမှာ ပင်လယ်ကမ်းခြေလည်းရှိတာကြောင့် ပန်းခင်းကြီးကိုလာရောက်ကြည့်ရှု့ရင်းနဲ့ ပင်လယ်ကြီးရဲ့အလှတွေကိုပါ ခံစားနိုင်ပါတယ်။

လတ်တလောမှာလည်း ပုံတွေတော်တော်များများတင်တာကိုလည်းတွေ့ရပါတယ်။

Instagram မှာလည်း ပုံတွေတော်တော်များများတင်ထားတာတွေ့ရပါတယ်။

နောက်ပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေရှိထားမယ်ဆိုရင် လက်ထက်ပွဲအတွက် ဓာတ်ပုံတွေလည်းရိုက်လို့ရတယ်နော်…

https://scontent-atl3-1.cdninstagram.com

သူငယ်ချင်း၊ မိသားစု၊ ချစ်သူနဲ့အတူတူ ဒီနေရာလေးကို သွားမလည်ချင်ကြဘူးလား ?

https://www.sankei.com

အဝဂျိကျွန်းဟာ Hyogo ခရိုင်ကနေ တံတားထိုးထားတာကြောင့် ဘက်စ်ကားနဲ့ အလွယ်တကူသွားလို့ရပါတယ်။

အိုဆာကာကနေသွားမယ်ဆိုရင် ကုန်ကျစရိတ်က ယန်း ၂၀၀၀ ဝန်းကျင်ကျသင့်မှာဖြစ်ပြီး အချိန်ကတော့ ၂ နာရီလောက်ကြာမှာဖြစ်ပါတယ်။

あわじ花さじき အဝဂျိဟနဆဂျိခိ ထဲကိုဝင်ရောက်ဖို့အတွက်ကတော့ ဝင်ကြေးအခမဲ့ပါ !

https://qkamura.or.jp

ကားရပ်နားခတွေပေးစရာမလိုတာကြောင့် ကိုယ်တိုင်ကားငှားပြီးသွားချင်ရင်လည်းရလို့ အရမ်းကိုအဆင်ပြေတယ်နော်…

အခုချိန်မှာတော့ ပန်းပွင့်တဲ့အချိန်မဟုတ်သေးလို့ တခြားပန်းတွေကိုကြည့်ဖို့လည်းသွားလို့ရပါတယ်။

အဝါရောင်ပန်းခင်းကြီးတွေပွင့်တဲ့အချိန်ကတော့ ၁၂ လပိုင်းအကုန်လောက်ကနေ ၄ လပိုင်းအကုန်လောက်ထိဖြစ်ပါတယ်။

အကယ်၍ ဒီလိုအချိန်အတွင်းမှာ ဂျပန်နိုင်ငံကိုရောက်နေခဲ့မယ်ဆိုရင်တော့ အဝဂျိကျွန်းပေါ်မှာရှိတဲ့ အဝဂျိဟနဆဂျိခိ ကို သေချာပေါက်သွားလည်ကြပါနော်…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: