ချစ်စရာကောင်းပေမယ့် ဒီလိုတော့မလုပ်သင့်ဘူနော်

ဂျပန်နိုင်ငံရဲ့ကျောင်းတွေမှာ အပတ်စဥ်တိုင်း ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွေရှိပါတယ်။

အားကစားအမျိုးမျိုးရှိပြီး နွေရာသီမှာတော့ ရေကူးတာက အဓိကဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ကျောင်းတိုင်းလိုလိုမှာ ရေကူးကန်အကြီးကြီးတွေကို တည်ဆောက်ထားပါတယ်။

အဲ့ဒီမှာသင်ယူခဲ့တာကြောင့် ဂျပန်လူမျိုးတွေ အားလုံးနီးပါး ရေကူးတတ်ကြပါတယ်။

အဲ့ဒီရေကူးကန်တွေမှာ ဒီလိုကိစ္စမျိုးဖြစ်ပွားခဲ့ပါတယ်။

 

ရွှေငါးတွေနဲ့အတူတူ ရေကူးမယ်ဆိုရင်ပိုမကောင်းဘူးလား ?

https://matome.naver.jp/odai/2134822870281878801

 

ပျော်စရာပဲကောင်းမလား၊ ဘယ်လိုဖြစ်မလဲမသိဘူးဆိုတာကိုတော့ တစ်ခါလောက်လုပ်ကြည့်ချင်ပါတယ်။

အလယ်တန်း တတိယနှစ်ကျောင်းသူ ၄ ယောက်ဟာ ညသန်းခေါင်မှာ ကျောင်းထဲကိုလာပြီး ရေကူးကန်ထဲကို ရွှေငါး အကောင် ၅၀၀ ထည့်ဖို့လုပ်ခဲ့ကြပါတယ်။

https://matome.naver.jp/odai/2134822870281878801

ခြံစည်းရိုးတစ်ခုကိုချိုးဖျက်ခဲ့ပြီး အဲ့ဒီကလေးတွေက ရွှေငါးအကောင် ၅၀၀ ကိုဘယ်လိုထည့်ခဲ့လဲမသိဘူးနော် ?

အဖြေကတော့ ပွဲတော်ဖြစ်ပါတယ်။

ရွှေငါးဖမ်းပွဲတော်ဆိုတဲ့ ဂိမ်းမျိုးရှိပါတယ်။

https://www.photo-ac.com/main/search?q=金魚すくい&srt=dlrank

စက္ကူနဲ့လုပ်ထားတဲ့ပိုက်ကွန်လေးနဲ့ ဖမ်းလို့ရတဲ့ရွှေငါးတွေကို အိမ်ပြန်ယူသွားလို့ရတာဖြစ်ပါတယ်။

စာရွက်တွေက ရေထဲမှာပျော်ပြီး ပြဲသွားတာကြောင့် တော်တော်နဲ့မဖမ်းမိနိုင်ပါဘူး။

အဲ့ဒီပွဲတော်အတွက်ရောင်းချတဲ့သူတွေနဲ့ ညှိနှိုင်းပြီး ပွဲပြီးတော့မှ ပိုနေတဲ့ရွှေငါးတွေကို ဈေးပေါပေါနဲ့ရရှိခဲ့တာဖြစ်ပါတယ်။

ရောင်းကောင်းတယ်နော် ဟဟ

ခိုးဝင်ပြီး ရေကူးကန်ထဲကို လွှတ်ခဲ့ပေမယ့် စိတ်မကောင်းစရာတစ်ခုက မှောင်မဲနေလို့ ဘာကိုမှမမြင်နိုင်ခဲ့ပါဘူး။

အဲ့ဒါကပြဿနာကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

ရွှေငါးတွေကိုထည့်လိုက်တဲ့အခါမှာ ရေကညစ်ပတ်နေပြီး ရေတွေအားလုံးကို လဲပစ်ဖို့ဖြစ်လာခဲ့ပါတယ်။

ရေကန်ထဲကိုရေထည့်ဖို့ဆိုတာ ၂၅ မီတာအရှည်နဲ့ 422㎥ လောက်ထည့်ရပါမယ်။ အဲ့ဒီရေထည့်ဖို့ဆိုတာ ယန်း ၁၆ သောင်းလောက်ကျသင့်မှာဖြစ်ပါတယ်။

ရေလဲတာက ချက်ချင်းမပြီးနိုင်ဘဲ ထုတ်တာနဲ့ ထည့်တာမှာ အချိန်တော်တော်လေးကြာမှာဖြစ်ပါတယ်။

နောက်ပြီး ထည့်ခါစရေတွေကအေးလွန်းလို့ ထည့်လို့မရပါဘူး။

ချစ်စရာကောင်းတဲ့လုပ်ရပ်ဆိုပေမယ့် ကျောင်းကနေထုတ်ခံရပြီး ရဲတွေလည်းရောက်လာခဲ့ရာမှာ ရုတ်ရုတ်သဲသဲတွေဖြစ်ခဲ့ပါတယ်။

လုပ်ကြည့်ချင်တယ်ဆိုရင်တော့ ကိုယ့်အိမ်မှာရေကူးကန်လေးဆောက်လိုက်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်နော်..

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: