အိုကာယာမရဲ့ နာမည်ကြီးပန်းခြံ

( 日本三名園 ) Nihon san meien ဆိုတာကိုကြားဖူးသလား။

အဲဒါက ဂျပန်မှာရှိတဲ့ပန်းခြံတွေထဲမှာ ရှုခင်းအကောင်းဆုံးပန်းခြံ ၃ ခုကိုညွှန်ပြနေပါတယ်။

Ishikawa ခရိုင်မှာရှိတဲ့ Kenrokuen၊ Ibarakiခရိုင်မှာရှိတဲ့ Kairakuen၊ Okayamaခရိုင်မှာရှိတဲ့ Korakuen တို့ကိုပေါင်းပြီး ( 日本三名園 ) Nihon san meien လို့ခေါ်ပါတယ်။

အဲဒါတွေကတော့ ရှေးရှေးတုန်းက ဒေသအသီးသီးကို အုပ်ချုပ်ခဲ့တဲ့ Hanshu လို့ခေါ်တဲ့ခေါင်းဆောင်တွေက သူ့တို့ရဲ့ ရဲတိုက်ပတ်ပတ်လည်မှာ တည်ဆောက်ခဲ့တဲ့ ပန်းခြံတွေဖြစ်ပါတယ်။

အဲဒီပန်းခြံတွေက အခုထိလည်းကျန်နေသေးလို့ ဂျပန်မှာနာမည်ကြီးတဲ့ နေရာအနေနဲ့ဖြစ်လာခဲ့ပါတယ်။

ဒီနေ့ အဲဒီထဲမှာ Okayamaခရိုင်မှာရှိတဲ့ Korakuen နဲ့အသေးစိတ် မိတ်ဆက်ပါမယ်။

Korakuenက Okayamaမြို့ထဲမှာရှိပါတယ်။

Edo ခေတ်အစောပိုင်းမှာ Ikeda Tsunamasa လို့ခေါ်တဲ့ Hanshu ကတည်ဆောက်ခဲ့တဲ့ ပန်းခြံဖြစ်ပါတယ်။ အဲဒီခေတ်ရဲ့ယဥ်ကျေးမှုကို ကိုယ်စားပြုတဲ့ ပန်းခြံတစ်ခုလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှုအမွေအနှစ်တစ်ခုအနေနဲ့ သတ်မှတ်ထားပါတယ်။

Korakuen က Okayama မြို့လယ်မှာရှိတဲ့ဘူတာကနေ လမ်းလျှောက်သွားရင် မိနစ်၂၀လောက်ပဲ ကြာလို့ သွားလာရတာလည်း အရမ်းကိုလွယ်ကူပါတယ်။

Korakuen ဘေးကပ်ရပ်မှာ Okayamajo လို့ခေါ်တဲ့ရဲတိုက်ရှိပါတယ်။

Korakuen ထဲမှာလမ်းလျှောက်ပြီးတော့ အဲဒီရဲတိုက်နားအထိ လျှောက်သွားလို့ရပါတယ်။

ဒီပန်းခြံထဲမှာ တောင်ကုန်းအသေးလေးရှိလို့ အဲဒီထိပ်ကနေ ပန်းခြံတစ်ခုလုံးကြည့်ရှုနိုင်ပါတယ်။

အရမ်းလှတယ်နော်။

ရှုခင်းအရမ်းကောင်းလို့ အရွယ်ရောက်ပွဲနဲ့ မင်္ဂလာပွဲအခမ်းအနားတွေမှာ အမှတ်တရ ဓါတ်ပုံရိုက်ဖို့အတွက် လာခဲ့တဲ့ လူတွေလည်းများပါတယ်။

Korakuenမှာ သဘာဝရှုခင်းတွေကိုလဲ အပြည့်အဝခံစားလို့ရပါတယ်။

ပန်းမျိုးစုံကိုလည်း ကြည့်ရှုနိုင်ပါတယ်။

ဒါက Tsutsuji လို့ခေါ်တဲ့ပန်းဖြစ်ပါတယ်။

 

ဒါကတော့ Shobu လို့ခေါ်တဲ့ပန်းဖြစ်ပါတယ်။

နှစ်ခုစလုံးက ၅လပိုင်းလောက်မှာ ပွင့်တဲ့ပန်းမျိုးဖြစ်ပါတယ်။

အရောင်အသွေးစုံပြီး အရမ်းကိုလှပပါတယ်။

ပန်းအပြင်တခြားအနေနဲ့ ဒီလိုမျိုးတွေကိုလည်းမြင်တွေ့နိုင်ပါတယ်။

ဒါကတော့ လက်ဖက်စိုက်ခင်းတွေပါ။

ဂျပန် green tea က ဒီလက်ဖက်နဲ့လုပ်ထားတာဖြစ်ပါတယ်။

နှစ်စဉ်၅လပိုင်းရောက်ရင် ဒီလက်ဖက်ကိုခူးပြီး green tea လုပ်ဖို့ ပြင်ဆင်ပါတယ်။

အဲဒီအစိမ်းရောင်က အရမ်းလှတယ်နော်။

ပြီးတော့ Korakuen ထဲမှာ Tancho လို့ခေါ်တဲ့ကြိုးကြာတစ်မျိုးမွေးထားပါတယ်။

Okayamaခရိုင်မှာ အရင်ကတည်းက Tancho တွေကိုမွေးမြူထားပြီး Korakuen ထဲမှာလည်း Tanchoအများကြီး ရှိပါတယ်။

Tanchoဆိုတာက အရမ်းမင်္ဂလာရှိတယ်လို့ ပြောကြတဲ့ငှက်ဖြစ်ပါတယ်။

နှစ်သစ်ကူးပွဲတော်မှာ မင်္ဂလာရှိတဲ့ငှက်တွေကိုကြည့်ဖို့အတွက် Korakuen ကိုလာတဲ့လူများပါတယ်။

ပြီးတော့ ၅၀ ယန်းနဲ့အစာဝယ်ပြီး ရေကန်ထဲမှာရှိတဲ့ ငါးကြင်းကိုအစာကျွေးလို့ရပါတယ်။

ရေကန်ကအရမ်းကြီးလို့ ငါးကြင်းတွေက အမြဲမစုံလျှောက်သွားနေကြပါတယ်။

ဒါပေမဲ့ အစာစားချိန်ရောက်ရင်….

ဒီလိုအများကြီး ရောက်လာကြပါတယ်။

ထူးဆန်းတဲ့ မြင်ကွင်းပဲနော်…

ငါးကြင်းတွေကိုအစာကျွေးရတာက ကလေးတွေမှမဟုတ်ဘဲ လူကြီးတွေလည်းကြိုက်ကြပါတယ်။

ဘယ်လိုလဲ။

Korakuen မှာ သဘာဝရှုခင်းတွေကိုလဲ အပြည့်အဝခံစားနိုင်ပြီး ဂျပန်ယဉ်ကျေးမှုကိုလည်း သိနိုင်ပါတယ်။

အရမ်းကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။

Nihon san meien လို့ခေါ်တဲ့အကြောင်းအရင်းကို သိပြီလို့ထင်ပါတယ်။

အိုကယာမကို အိုဆာကာကနေ ကျဥ်ဆံရထားနဲ့ ၁ နာရီခွဲလောက် စီးပြီးသွားနိုင်ပါတယ်။

အကယ်၍ ဂျပန်နိုင်ငံရဲ့ အိုဆာကာကို လာလည်ခဲ့ရင် အိုကာယာမ ရဲ့ korakuen ကိုလည်း လာလည်ကြပါနော်…

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: