ကမ္ဘာကြီးပေါ်က အသက်ပေါင်းများစွာကို ကယ်တင်ပေးမယ့် စက္ကူကပ်ကော်

ဂျပန်နိုင်ငံမှာ သွေးကင်ဆာကြောင့်သေဆုံးတဲ့ လူတွေ အယောက် ၈၀၀၀ ကျော်ရှိပြီး ဝေဒနာခံစားနေရတဲ့ လူနာအနေအတွက်လည်း တိုးပွားလျက်ရှိပါတယ်။

ဒါဟာ ဂျပန်နိုင်ငံမှာတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်ပွားနေတာဖြစ်ပါတယ်။

အဲ့ဒီကြောက်စရာရောဂါကို ကုသနိုင်တဲ့ဆဲလ်ကို ရှာတွေ့ထားတယ်ဆိုပေမယ့် ပြဿနာကြီးတစ်ခုရှိပါတယ်။

သွေးကင်ဆာရောဂါဆိုတာက သွေးဖြူဥကနေ ဖြစ်လာတဲ့ ရောဂါဖြစ်ပြီး အဲ့ဒီဆဲလ်တွေကို အစားထိုးလိုက်မယ်ဆိုရင် သွေးဖြူဥထုတ်လုပ်မှုက ပြန်ထွက်လာမှာဖြစ်ပါတယ်။

ဒါကြောင့် ဆဲလ်တွေရဲ့ဖြစ်စဥ်က တော်တော်လေးကိုခက်ခဲပါတယ်။

အဲ့ဒီအတွက် ဆဲလ်တွေ အများကြီးထုတ်လို့မရဘဲ ထိရောက်တဲ့ကုသမှုတွေကို မပြုလုပ်နိုင်တော့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီကုသမှုအတွက် ကယ်တင်ပေးမယ့် ပစ္စည်းတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

 

https://news.line.me/issue/oa-asahishimbun/626d1d1e7ece?utm_source=Facebook&utm_medium=share&utm_campaign=none&fbclid=IwAR2KwI3vwTpFVWWSSCbWRMLyx-aV6u9GwmlnILDQVXL448owGz3wqaHwpTc

 

ပုံထဲက ဘာလဲဆိုတာကို သိပါသလား ?

ဂျပန်နိုင်ငံမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ စက္ကူကပ်တဲ့ကော်အရည် ဖြစ်ပါတယ်။

စာရေးသူ ငယ်ငယ်တုန်းကလည်း ဒီကော်ကို သုံးခဲ့ဖူးပါတယ်။

အဲ့ဒီကော်ရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ PVA နဲ့စမ်းသပ်ကြည့်လိုက်တဲ့အခါမှာ ဆဲလ်တွေကို ရာနဲ့ချီပြီး ပွားလာစေပါတယ်။

သေချာတာကတော့ အဲ့ဒီပုံထဲကပစ္စည်းကို ဒီတိုင်းသုံးရတာမျိုးမဟုတ်ဘဲ ပါဝင်ပစ္စည်းတွေ တော်တော်များများတူညီပြီး အဲ့ဒီကော်ရည်ကို အားလုံးသိတဲ့အတိုင်း လွယ်လွယ်ကူကူနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီလေ့လာစမ်းသပ်မှုဟာ တိုကျိုတက္ကသိုလ်နဲ့ အမေရိကန်နိုင်ငံ Stanford တက္ကသိုလ်တို့က ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဘယ်သူတွေက ဘယ်လိုစိတ်ကူးနဲ့ ဒီလိုထုတ်ဖော်ခဲ့လဲဆိုတာ မသိပေမယ့် တော်တော်လေးကို ဥာဏ်ကောင်းတယ်နော်။

ကမ္ဘာပေါ်မှာ ထောင်သောင်းပေါင်းများစွာရှိတဲ့ သွေးကင်ဆာဝေသနာရှင်တွေကို စက္ကူကပ်တဲ့ကော် နဲ့ကယ်တင်နိုင်ခဲ့ပါတယ်။

အဲ့ဒီစမ်းသပ်ချက်ရလဒ်ကနေ ကြီးမားတဲ့ရလဒ်ကို ဖြစ်ပေါ်စေခဲ့ပြီး အလွယ်တကူ အသုံးပြုနိုင်ဖို့အတွက် မျှော်လင့်မိပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: