ဂျပန်နိုင်ငံက ဧရာမသင်္ချိုင်းကျယ်ကြီး

ကမ္ဘာ့သမိုင်းမှတ်တမ်းထဲမှာ အာဏာပိုင်တွေတော်တော်များများက လိုအပ်တာထက်ပိုတဲ့ သင်္ချိုင်းတွေကို တည်ဆောက်စေပြီး သူတို့မှာ ဘယ်လောက်အာဏာရှိလဲဆိုတာကို ထုတ်ပြခဲ့ပါတယ်။

အီဂျစ်နိုင်မှာရှိတဲ့ ပိရမစ် ကြီးတွေဆိုရင်လည်း ဒီလိုပါပဲ။

အားလုံးကလည်း ပိရမစ်တွေဟာ ကမ္ဘာပေါ်မှာအကြီးဆုံးသင်္ချိုင်းလို့ ထင်ကောင်းထင်နေကြပါလိမ့်မယ်။

တကယ်တော့ ပိရမစ်က အကြီးဆုံးဆိုတာ မှားပါတယ်။

သင်္ချိုင်းရဲ့ဧရိယာအရဆိုရင် ဂျပန်နိုင်ငံရဲ့သင်္ချိုင်းက ကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်ပါတယ်။

အဲ့ဒီသင်္ချိုင်းရဲ့ ဧရိယာက 460,000㎡ ဖြစ်ပြီး အမြင့်က ၃၄ မီတာနဲ့ အရှည်က ၈၄၀ မီတာဖြစ်ပါတယ်။

ဘယ်လောင်ကြီး ကြီးမှန်းတောင် မသိနိုင်ဘူးနော်…

အီဂျစ်နိုင်ငံမှာ အကြီးဆုံးပိရမစ်ဖြစ်တဲ့ ခုဖုဘုရင်ရဲ့ ပိရမစ်ဖြစ်ပြီး ဧရိယာ 53,000㎡ ပဲရှိတာကြောင့် ဂျပန်နိုင်ငံကသင်္ချိုင်းက ၅ ဆပိုကြီးပါတယ်။

တရုတ်နိုင်ငံမှာ ရှင်းခေတ်ဘုရင်ရဲ့ သင်္ချိုင်းဟာ 122,500 ㎡ ရှိတာကြောင့် ယှဥ်ကြည့်ရင် ဂျပန်နိုင်ငံရဲ့သင်္ချိုင်းက ၃ ဆလောက်ပိုကြီးပါတယ်။

ဂျပန်နိုင်ငံကျဥ်းကျဥ်းလေးမှာ ဒီလိုမယုံနိုင်စရာကောင်းလောက်တဲ့ ဧရာမသင်္ချိုင်းကြီးရှိနေတာဖြစ်ပါတယ်။

အဲ့ဒီသင်္ချိုင်းက ဒီမှာပါ။

https://www.asagei.com/excerpt/127535

ဘေးပတ်ပတ်လည်မှာရှိတဲ့ အိမ်လေးတွေနဲ့နှိုင်းယှဥ်ကြည့်လိုက်မယ်ဆိုရင် ဘယ်လောက်ထိကြီးလဲဆိုတာကို သိရပါလိမ့်မယ်။ အိမ်လေးတွေက သေးသေးလေးဖြစ်နေတယ်နော်…

仁徳天皇(にんとくてんのう)နင်းတိုခု တန်းနိုး ကိုမြှုပ်နှံထားတဲ့သင်္ချိုင်းဖြစ်ပြီး၊ အဲ့ဒီအချိန်တုန်းကနည်းပညာနဲ့ လူအယောက် ၃၀၀၀ ကို အသုံးပြုပြီးဆောက်လုပ်ခဲ့ရာ နှစ်ပေါင်း ၁၅ နှစ်ကြာတယ်လို့သိရပါတယ်။

နင်းတိုခု တန်းနိုး ဆိုတာက ယခုလက်ရှိဘုရင်ရဲ့ ဘိုးဘေးအစဥ်အဆက်ဖြစ်ပြီး လွန်ခဲ့တဲ့ခေတ် ၁၆ ခေတ်ကတည်းက ဘုရင်ဖြစ်ပါတယ်။

ဟိုးအရင်ကတည်းက ဆိုစကားတွေဖြစ်ပေမယ့် သမိုင်းဝင်ဖြစ်ရပ်နဲ့ ဒဏ္ဍာရီရေစပ်နေပြီး ဘာကအမှန်လဲ ဆိုတာကိုမသိနိုင်ပေမယ့် နာမည်ကြီးတဲ့ပုံပြင်လေးတစ်ခုရှိပါတယ်။

နင်းတိုခုဘုရင်ကြီးဟာ တစ်ချိန်တုန်းဟာ လူတွေအများကြီးနေတဲ့နေရာကို တွေ့ပြီး သတိထားမိခဲ့ပါတယ်။

ထမင်းစားချိန်မှာ ပြည်သူတွေရဲ့အိမ်ကနေ မီးခိုးငွေ့တွေထွက်လာခဲ့ပါတယ်။

မေးကြည့်လိုက်တဲ့အခါမှာတော့ ဒီနှစ်မှာအသီးအနှံတွေမအောင်မြင်တာကြောင့် ပြည်သူတွေစားစရာမရှိ ငတ်ပြတ်နေကြရတာဖြစ်ပါတယ်။

တစ်ချိန်တုန်းက ဆန်ကိုအဓိကထားပြီး ကောက်ပဲသီးနှံတွေကိုအခွန်အဖြစ် ထိန်းသိမ်းထားခဲ့တာကြောင့် အခွန်ထက်လူတိုင်စားတာကို ဦးစားပေးခဲ့ပြီး အခွန်ကင်းလွတ်ခွင့်ကိုရရှိခဲ့ပါတယ်။

နောက်ပြီးရိုးရှင်းတဲ့ဘဝနဲ့ နေထိုင်ခဲ့ကြပြီး အကျပ်အတည်းတွေနဲ့နေထိုင်ခဲ့ကြပါတယ်။

တစ်ချိန်တုန်းက အာဏာရှင်တွေရဲ့အကြောင်းတွေကို စာတွေနဲ့မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။

တစ်စိတ်တစ်ပိုင်းရဲ့ထုတ်ဖော်မှုတွေအရ အရမ်းရှားပါးတဲ့ဖြစ်ရပ်ဆိုတာက

အိပ်ပျော်နေတဲ့ နင်းတိုခု ဘုရင်ကြီးကို အနှောင့်အယှက် မဖြစ်စေနဲ့ ဆိုတဲ့အရာ

ဖြစ်ပါတယ်။

အဲ့ဒီသင်္ချိုင်းကြီးကို ၂၀၁၉ ခုနှစ် ၆ လပိုင်းမှာ UNESCO ရဲ့ ရှေးဟောင်းအမွေအနှစ်အနေနဲ့ မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပြဿနာတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

စာရေးသူလည်း ဒီသင်္ချိုင်းကို 徳天皇陵(にんとくてんのうりょう)နင်းတိုခုတန်းနိုးရော လို့သင်ယူခဲ့ဖူးပါတယ်။

နင်းတိုခုတန်းနိုးရဲ့ သင်္ချိုင်းဆိုတဲ့ အဓိပ္ပာယ်ရှိပေမယ့်၊ နောက်ဆုံးစစ်တမ်းကောက်ယူမှုအရ နင်းတိုခုတန်းနိုးရဲ့ သင်္ချိုင်းဖြစ်လို့ ဒီနာမည်ဖြစ်လာရတာလား ဆိုတဲ့မေးခွန်းထွက်လာခဲ့ပါတယ်။

စစ်တမ်းကောက်ယူမှုအရ တစ်ယောက်ယောက်ရဲ့ အုတ်ဂူရှိနေတဲ့ နေရာပေါ်မှာမူတည်တာဖြစ်ပါတယ်။

နောက်ပြီး နင်းတိုခုတန်းနိုးခေတ်တုန်းက တည်ဆောက်ခဲ့တယ်ဆိုတဲ့ နေရာမှာလည်း နင်းတိုခုတန်းနိုးရဲ့မိဘနဲ့ သားသမီးတွေကိုလည်း မြှုပ်နှံထားခဲ့တာဖြစ်ပါတယ်။

နောက်ပြီး နင်းတိုခုတန်းနိုးရဲ့ သင်္ချိုင်း ဖြစ်ကြောင်းကိုဆုံးဖြတ်ခဲ့တဲ့ သက်သေတစ်စုံတစ်ရာဆိုတာမျိုး မရှိပါဘူး။

အိုဆာကာ ဆကအိရှိမြို့မှာ ရှိတဲ့ ဆန်းကြယ်တဲ့ကမ္ဘာ့အကြီးဆုံး သင်္ချိုင်းကို မူလက “御陵(おりょう)さん” အိုရောစံ ဆိုတဲ့နာမည်နဲ့ ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။

တိတ်ဆိတ်ငြိမ်သက်စွာနဲ့အိပ်ပျော်နေတဲ့သင်္ချိုင်းကိုမဖျက်ဆီးပဲ ဒီအတိုင်း နင်းတိုခုတန်းနိုး ဆိုတဲ့နာမည်နဲ့ ကျန်ရှိနေသေးတာဟာ ကောင်းတဲ့အရာတစ်ခုလို့ထင်ပြီး UNESCO က မှတ်တမ်းတင်ထားတာလည်း လူတွေရဲ့အာရုံစိုက်စရာတစ်ခုအနေနဲ့ တည်ရှိနေတယ်လို့ထင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: