လူသတ်သမားနေတဲ့ သရဲအိမ်ဟောင်းကြီး

ဂိဘုခရိုင်မှာရှိတဲ့ ရေပူစမ်းမြို့ဖြစ်တဲ့ 下呂温泉(げろおんせん)ဂဲရိုရေပူစမ်း ဆိုတာရှိပါတယ်။

အဲ့ဒီမှာ ကြောက်စရာကောင်းတဲ့ အိမ်ကြီးတစ်အိမ် ရှိပါတယ်။

အဲ့ဒီအိမ်ရဲ့နာမည်ကတော့ 猟奇館(りょうきかん)ရောခိကန် ဆိုတဲ့နေရာဖြစ်ပါတယ်။

လူသတ်သမားနေတဲ့ အိမ်ဟောင်းကြီးဖြစ်ပါတယ်။

https://nlab.itmedia.co.jp/nl/articles/1905/05/news024.html

လူသတ်သမားဖွက်ထားတဲ့ ဥစ္စာပစ္စည်းတွေကို သင်ယူပြီးထွက်ပြေးမယ်ဆိုရင် လွတ်မယ်လို့ထင်ပါသလား?

တစ်ခုခုကိုရှာဖွေနေတဲ့အချိန်အတောအတွင်းမှာပဲ လူသတ်သမားက ပြန်ရောက်လာခဲ့ပါတယ်။

လူသတ်သမားပြန်ရောက်လာတဲ့အသံကို ကြားလိုက်ရတဲ့အခါ ဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်လိုက်နော်…

https://www.youtube.com/watch?v=f98-NeosOb4

အဲ့ဒါက ဂဲရို ရေပူစမ်းမှာ တကယ်ရှိတဲ့ ဟိုင်ခရောအဆောက်အဦဖြစ်ပါတယ်။

ရေပူစမ်းမြို့ ဆီ လူငယ်တွေကို နောက်တစ်ကြိမ်လာရောက်စေတဲ့ သရဲအိမ်ကြီးတစ်အိမ်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ သရဲအိမ်ကြီးတွေအများကြီးရှိပေမယ့် ၂၀၁၈ ခုနှစ်ရဲ့ ကြောက်စရာအကောင်းဆုံးသရဲအိမ်ပါလို့ ပြောကြပါတယ်။

သရဲအိမ်ကြီးထဲမှာ ဗီဒီယိုလည်းရိုက်နိုင်ခဲ့တာကြောင့် ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။

တခြားဘယ်တစ်ခုက ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို အဆင့်တွေသတ်မှတ်ထားတာကလည်း အသစ်အဆန်းတစ်ခုပါပဲ။

မြန်မာနိုင်ငံမှာရှိတဲ့သူတွေလည်း သရဲကားကြိုက်ကြတယ်လို့ထင်ပါတယ်။ သရဲတကယ်ရှိတဲ့အိမ်ထဲကိုရော ဝင်ရဲကြလား ?

စာရေးသူကတော့ လုံးဝမသွားရဲပါဘူး။ ပိုက်ဆံတွေအများကြီးရမယ်ဆိုရင်တောင် အနားကိုကပ်မှာ မဟုတ်ပါဘူး။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: