ကားမမူးအောင် ဘယ်လိုလုပ်ကြမလဲ !

ခရီးဝေးတွေသွားတဲ့အခါမှာ လေယာဥ်၊ ဘက်စ်ကား၊ ရထားတွေကိုမစီးမဖြစ်စီးကြရပါတယ်။

မူးတတ်တဲ့သူတွေက စီးစရာယာဥ်တွေပေါ်မှာ အော့အန်မိနေတတ်ကြပါတယ်။

http://karapaia.com/archives/52274422.html

ဒီလိုဖြစ်နေပြီဆိုရင်တော့ သေချာပါတယ် ဒီခရီးကပျော်စရာမကောင်းတော့ပါဘူး။

စီးစရာယဥ်တွေကို စီးနှင်းတဲ့အခါ ဦးနှောက်က မငြိမ်ဘဲနဲ့လှုပ်နေတာကြောင့်ဖြစ်ပါတယ်။

လူတွေဟာ လှုပ်ရှားသွားလာတဲ့အခါမှာ ခြေလက်၊ မျက်စိ၊ နား တွေကနေအာရုံခံပြီး ရရှိလာတဲ့အချက်အလက်တွေကို ဦးနှောက်ဆီပို့လိုက်ပါတယ်။

အဲ့ဒီအချက်အလက်တွေက တစ်ခုနဲ့တစ်ခုမတူဘူးဆိုရင် ကားမူးတာမျိုးဖြစ်လာရတာဖြစ်ပါတယ်။

စီးစရာယာဥ်တွေစီးနေတဲ့အခါ အဲ့ဒီလှုပ်ရှားမှုကိုလိုက်ပြီး ခန္ဓာကိုယ်ကလည်း ပုံမှန်အတိုင်းမဟုတ်ဘဲ လှုပ်နေပါတယ်။

လှုပ်ရှားမှုကိုလိုက်ပြီးတော့ ပုံစံအမျိုးမျိုးပြောင်းနေတာ ဘယ်လောက်မြန်နေလဲဆိုတဲ့ အချက်အလက်တွေဝင်ရောက်နေတာကြောင့် စီးစရာယာဥ်တွေမှာဆိုရင် မျက်လုံးရဲ့လှုပ်ရှားမှုကတော့ တော်တော်ကိုနည်းပါတယ်။

စီးစရာယာဥ်တွေစီးရင်မူးတတ်တဲ့သူက ရုပ်ရှင်ထဲမှာတစ်ခုခုစီးနေတဲ့အခန်းကိုကြည့်ရင်တောင် မူးလာတယ်လို့ခံစားရတဲ့သူတွေလည်းရှိပါတယ်။

ဒီတစ်ခါမှာတော့ ဒီလိုမဟုတ်ဘဲ မျက်စိရဲ့လှုပ်ရှားမှုရှိနေမယ်ဆိုရင် ခန္ဓာကိုယ်လှုပ်ရှားမှုကိုလည်း ထိန်းထားနိုင်ပါတယ်။

http://karapaia.com/archives/52274422.html

မူးတတ်တဲ့သူတွေဟာ ကိုယ်တိုင်မောင်းရင် မမူးကြတာဖြစ်ပါတယ်။

ဘယ်ကိုပဲသွားသွား ကိုယ်တိုင်မောင်းဖို့မဖြစ်နိုင်ဘူးလေနော်…

ဒါဆိုရင် မမူးအောင်ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြမယ်နော်။

 

  1. ကားရဲ့အခြေအနေကိုကြည့်ခြင်း

ကားရဲ့အခြေအနေအရ ရှေ့မှာထိုင်တာက ရှု့ခင်းတွေကိုပိုပြီးမြင်ရလို့ သိပ်မမူးဘူးလို့ ပြောကြပါတယ်။

ရထားနဲ့ ဘက်စ်ကားကြီးတွေစီးတဲ့အခါ နေရာပြောင်းလို့ရတယ်ဆိုပေမယ့်

ခရီးမသွားခင်ကတည်းကနေ ရှေ့ခုံကိုရွေးထားတာက ပိုကောင်းပါတယ်။

နောက်ပြီး စာဖတ်တာတို့ ဖုန်းသုံးတာတို့ကို လုံးဝမလုပ်ပါနဲ့။

 

  1. သင်္ဘောစီးမယ်ဆိုရင် မိုးကုပ်စက်ဝိုင်းကိုကြည့်ပါ

သင်္ဘောစီးနေရင်တတ်နိုင်ရင် ဧည့်ခန်းထဲကနေထွက်ပြီး ကုန်းပတ်ပေါ်မှာပဲနေပါနော်။

နောက်ပြီး ဟိုးအဝေးမှာရှိတဲ့ မိုးကုတ်စက်ဝိုင်းကိုကြည့်ပါ။

မိုးကုတ်စက်ဝိုင်းနားမှာရှိတဲ့ဝေလငါးကို ရှာတာ၊ စိတ်ဝင်စားစရာကောင်းတဲ့ တိမ်တွေရဲ့ပုံသဏ္ဠာန်တွေကို ခံစားတာတို့ကိုလုပ်ပါ။

 

 

  1. မစီးခင်မှာ ဆေးကြိုသောက်ခြင်း

မူးပြီးမှသောက်ရင် ဘာမှမထူးတာကြောင့် မစီးခင်မှာဆေးကို အရင်ကြိုသောက်ထားတာ ကောင်းပါတယ်။

ဆေးကိုဘယ်လိုသောက်ရမလဲဆိုတာကတော့ အညွှန်းမှာရေးထားတဲ့အတိုင်း မစီးခင် မိနစ် ၃၀ မတိုင်ခင်မှာသောက်တာ ပိုထိရောက်နိုင်လို့ထင်ပါတယ်။

ဆေးမှာလည်းအာနိသင်ရှိပြီး ဆေးသောက်ထားလို့မမူးဘူးဆိုတဲ့စိတ်ကြောင့် မမူးတော့တာလည်း ဖြစ်နိုင်ပါတယ်။

 

 

  1. ကိုယ်နှစ်သက်တာတစ်ခုခုကိုလုပ်နေခြင်း

ကားမူးတာကိုမေ့လောက်အောင် စိတ်ဝင်စားတဲ့အရာတစ်ခုခုကို လုပ်နေလိုက်ပါ။

ဒါပေမယ့် လက်ထဲကတစ်ခုခုကို အာရုံစိုက်ပြီးကြည့်နေမယ်ဆိုရင် မူးတတ်လို့ ကဒ်ဆော့တာမျိုးတွေကိုတော့မလုပ်ပါနဲ့။

သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်စကားတွေပြောလိုက်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

 

 

  1. အိပ်စက်ခြင်း

နေလို့ထိုင်လို့မကောင်းမဖြစ်ခင်ကတည်းကနေ အိပ်နေလိုက်တာ အကောင်းဆုံးအချက်ပါပဲ။

 

အဲ့လောက်ထိကြိုးစားပြီးတာတောင်မှ မူးနေတုန်းပဲဆိုရင်ရော ?

http://karapaia.com/archives/52274422.html

ကားစီးတယ်ဆိုရင် အရင်ဆုံး လေကောင်းလေသန့်ရမယ့်နေရာမျိုးမှာ ကားခဏရပ်ပြီး အဝေးမှာရှိတဲ့ ရှု့ခင်းကိုကြည့်နေတာလည်း ကောင်းပါတယ်။

နည်းနည်းလောက်သက်သာလာရင် ဆေးပြန်သောက်ဖို့တော့မမေ့လိုက်နဲ့နော်…

ဆေးသောက်ပြီး မိနစ် ၃၀ လောက်မှထွက်မယ်ဆိုရင် သိသိသာသာနေလို့ထိုင်လို့ကောင်းလာပြီး ဆေးစွမ်းတွေပြလာပါလိမ့်မယ်။

ကိုယ်ပိုင်ကားနဲ့ခရီးသွားတဲ့သူတွေအတွက်ကတော့ အဆင်ပြေသွားပါပြီ။

အများစီးယာဥ်နဲ့ဆိုရင်တော့ တခြားသူတွေကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပြီး လေယာဥ်တွေ သင်္ဘောစီးတဲ့အခါ လမ်းတစ်ဝက်မှာလည်း ရပ်လို့မရပါဘူး။

ဒါကြောင့် ဆေးကိုသေချာဂရုစိုက်သောက်ပြီးမှ ခရီးသွားတာက အကောင်းဆုံးပဲလို့ အကြံပြုလိုက်ပါတယ်နော်…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: