ဘယ်ဘက်လှည့်အိပ်ခြင်းရဲ့အကျိုးရလဒ်

သင်အိပ်တဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့အိပ်ပါသလဲ ?

ပက်လက်အိပ်တာလား ? ဘေးကိုစောင်းပြီးအိပ်တာလား ?

ဒီလိုအိပ်တဲ့ပုံစံတစ်ခုထဲက ကျန်းမာရေး အချက် ၈ ချက်လောက်နဲ့သက်ဆိုင်နေတာ အံ့သြစရာပါပဲ။

အောက်ကပုံကို ကြည့်လိုက်ပါဦး။

ခန္ဓာကိုယ်ထဲက ဖွဲ့စည်းပုံတွေအရ အကောင်းဆုံးအိပ်စက်တဲ့ပုံစံဟာ ဘယ်ဘက်ကိုလှည့်ပြီး အိပ်တဲ့ပုံစံဖြစ်ပါတယ်။

https://healthfitnessbeautydiet.com/blog-entry-929.html?fbclid=IwAR2HjvGcKzRkRH9W4Y3Yhuhuho_nfTuymw7RzXWvsTewRvHyaWBnDMLtrRA

 

ပထမ နံပါတ်တစ်အချက်ကတော့ ကျန်းမာရေးရလဒ်အနေနဲ့ အစာမကြေခြင်းကို ဖြစ်ပွားစေပါတယ်။

https://healthfitnessbeautydiet.com/blog-entry-929.html?fbclid=IwAR2HjvGcKzRkRH9W4Y3Yhuhuho_nfTuymw7RzXWvsTewRvHyaWBnDMLtrRA

ဟင်းထဲမှာပါတဲ့ ဆီတွေနဲ့ အစပ်တွေကိုစားပြီးတဲ့နေ့မှာ မအီမသာဖြစ်နေတာမျိုးခံစားဖူးလား?

ဒါဟာ အစာမကြေလို့ဆိုတဲ့ အကြောင်းအရင်းဖြစ်နိုင်ချေများပါတယ်။

အရင်ပုံမှာပြထားတဲ့အတိုင်း အစာအိမ်ဟာအနေထားမမှန်တဲ့ပုံစံနဲ့  အစာအိမ်ထဲမှာအစာချေနေရပြီး ပြန်အန်မထွက်လာအောင် ထိန်းထားရလို့ဖြစ်ပါတယ်။

 

နောက်တစ်ခုနံပါတ် ၂ အချက်ကတော့ ဟောက်သံထွက်တာကိုလည်းတားဆီးပေးပါတယ်။

https://healthfitnessbeautydiet.com/blog-entry-929.html?fbclid=IwAR2HjvGcKzRkRH9W4Y3Yhuhuho_nfTuymw7RzXWvsTewRvHyaWBnDMLtrRA

ခူး…ခေါ….ခူး… ခေါ…. ဆိုတဲ့ဟောက်သံက တော်တော်လေးကိုနားငြီးပါတယ်။

ပက်လက်လှန်ပြီးအိပ်နေတဲ့သူဆီကနေ ကြားနေရတဲ့ပုံပါပဲ။

အပေါ်ကပုံစံအတိုင်းအိပ်မယ်ဆိုရင် လျှာက ကမ္ဘာ့ဆွဲအားအောက်ကိုကျနေသလိုဖြစ်တာကြောင့် လေပြွန်ကိုပိတ်ထားသလိုဖြစ်နေပါတယ်။

ဟောက်သံက နားငြီးတာတစ်ခုတည်းမဟုတ်ဘဲ ၊ အသက်ရှူရတာလည်းခက်တာကြောင့် ဦးနှောက်အနားမရတာလည်း များပါတယ်။

ညဘက်အချိန်အကြာကြီးအိပ်ခဲ့တာတောင်မှ ဦးနှောက်အနားမရဘူးဆိုတဲ့သူတွေဟာ ညတုန်းက အသံအကျယ်ကြီးနဲ့ဟောက်ခဲ့လို့နဲ့တူပါတယ်။

 

နောက်ပြီး နံပါတ် ၃ အချက်က အစာအိမ်ရဲ့ အစာချေဖျက်မှုနဲ့ စုပ်ယူမှုကို အထောက်အကူပြုစေပါတယ်။

https://healthfitnessbeautydiet.com/blog-entry-929.html?fbclid=IwAR2HjvGcKzRkRH9W4Y3Yhuhuho_nfTuymw7RzXWvsTewRvHyaWBnDMLtrRA

စားထားတဲ့အစာတွေဟာ အစာအိမ်ကနေတဆင့် အူမကြီးဆီကို စီးဆင်းသွားပါတယ်။

ဘယ်ဘက်ကိုလှည့်ပြီးအိပ်တာက စီးဆင်းမှုကိုကောင်းမွန်စေပြီး မနက်ပိုင်းအညစ်ကြေးသန့်စင်တဲ့အခါမှာ ပိုမိုအဆင်ပြေပါလိမ့်မယ်။

ဝမ်းချုပ်တယ်ဆိုတာက ခန္ဓာကိုယ်ထဲမှာအရင်က အစာဟောင်းတွေကျန်ရှိနေလို့ဖြစ်ပါတယ်။

ခန္ဓာကိုယ်အပူချိန် ၄၀ ဒီဂရီလောက်မှာ အစိုဓာတ်များတဲ့အစာတွေ စုရင်းစုရင်း ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုသိပါသလား ?

ဟုတ်ပါတယ်။ ပုပ်ပွလာမှာဖြစ်ပါတယ်။

ဒါက ခန္ဓာကိုယ်အတွက်ကတော့ ဘာမှမဖြစ်ပါဘူး။

ဝမ်းချုပ်ခြင်းကြောင့် အသားအရည်မွဲခြောက်တာတွေဖြစ်လာတဲ့အပြင် ကင်ဆာရောဂါကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။

 

နောက်ထပ် ၄ ချက်မြောက်ကတော့ နှလုံးကိုသက်တောင့်သက်သာဖြစ်စေပါတယ်။

https://healthfitnessbeautydiet.com/blog-entry-929.html?fbclid=IwAR2HjvGcKzRkRH9W4Y3Yhuhuho_nfTuymw7RzXWvsTewRvHyaWBnDMLtrRA

ရုတ်တရက် မတ်တပ်ရပ်လိုက်လို့ နှလုံးရပ်ပြီးသေသွားနိုင်တဲ့ အရမ်းကိုအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

အဲ့ဒီအပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေရှိစေပါတယ်။

ဘယ်ဘက်ကိုလှည့်ပြီးအိပ်မယ်ဆိုရင် နှလုံးဆီကိုဦးတည်နေတဲ့ သွေးဖြူဥတွေဟာ ချောချောမွေ့မွေ့နဲ့ထုတ်လိုက်နိုင်မှာဖြစ်ပါတယ်။

သွေးဖြူဥတွေရဲ့စီးဆင်းမှုတွေ ပိုပြီးကောင်းမွန်နေမယ်ဆိုရင် အိပ်စက်ခြင်းကိုလည်းအထောက်အကူပြုစေနိုင်ပါတယ်။

ကောင်းမွန်စွာအိပ်စက်ခြင်းရဲ့ရလဒ်အနေနဲ့ နှလုံးရဲ့လှုပ်ရှားမှုကို ငြိမ်သက်စေပြီး ပုံမှန်အတိုင်းလှုပ်ရှားမှုတွေဖြစ်ပေါ်စေတာကြောင့် ပိုပြီးတော့သက်တောင့်သက်သာရှိစေပါတယ်။

 

နံပါတ် ၅ အချက်ကတော့ သရက်ရွက်ကို ထိန်းညှိပေးခြင်းပဲဖြစ်ပါတယ်။

https://healthfitnessbeautydiet.com/blog-entry-929.html?fbclid=IwAR2HjvGcKzRkRH9W4Y3Yhuhuho_nfTuymw7RzXWvsTewRvHyaWBnDMLtrRA

သရက်ရွက်ဆိုတာ ကိုယ်ခံအားအတွက် အဓိကအရင်းအမြစ်ဖြစ်တာကြောင့် အဲ့ဒီအစိတ်အပိုင်း အားနည်းသွားတဲ့သူဆိုရင် ကျန်းကျန်းမာမာနဲ့နေထိုင်ဖို့ခက်ခဲ့ပါလိမ့်မယ်။

သရက်ရွက်ရှိတဲ့နေရာကိုကြည့်ရင် ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်မှာရှိနေတာဖြစ်ပါတယ်။ ဘယ်ဘက်ကိုလှလည့်ပြီးအိပ်မယ်ဆိုရင် သရက်ရွက်ကိုအနေထားမှန်မှန်ရှိစေတာကြောင့် ပိုပြီးတော့တိကျလျင်မြန်စေပါတယ်။

 

နောက်နံပါတ် ၆ အချက်ကတော့ သွေးဖြူဥစီးဆင်းမှုကိုလျင်မြန်စေပါတယ်။

https://healthfitnessbeautydiet.com/blog-entry-929.html?fbclid=IwAR2HjvGcKzRkRH9W4Y3Yhuhuho_nfTuymw7RzXWvsTewRvHyaWBnDMLtrRA

လက်ဖျံ၊ ခြေထောက်၊ လည်ပင်း နဲ့ လက်မောင်းတွေမှာ သွေးဖြူဥတွေစီးဆင်းတဲ့နေရာတွေ အများကြီးရှိပါတယ်။

စီးဆင်းမှုတွေမကောင်းဘူးဆိုရင် လည်ပင်းတွေတောင့်ရာကနေ တခြားရောဂါတွေလည်း ဝင်ရောက်လာပါလိမ့်မယ်။

ခန္ဓာကိုယ်ရဲ့နေရာအနံ့မှာ အဆိပ်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေကောင်းကောင်းမွန်မွန်မစီးဆင်းနိုင်တာကြောင့် ခန္ဓာကိုယ်အနှံ့အပြား အဆိပ်တွေကို ပျံ့နှံ့စေပါတယ်။

 

နံပါတ် ၇ အချက်ကတော့ သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။

https://healthfitnessbeautydiet.com/blog-entry-929.html?fbclid=IwAR2HjvGcKzRkRH9W4Y3Yhuhuho_nfTuymw7RzXWvsTewRvHyaWBnDMLtrRA

စီးဆင်းမှုကိုကောင်းမွန်စေတာက သွေးဖြူဥတွေပဲမဟုတ်ပါဘူး။

သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဆဲလ်တွေရဲ့ဇီဝဖြစ်စဥ်ကိုလည်းကောင်းမွန်စေတာကြောင့် အိုမင်းရင့်ရော်ခြင်းကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။

သွေးလည်ပတ်မှုကို ဟန့်တားနေမယ်ဆိုရင် သွေးကြောပိတ်တဲ့ရောဂါတွေကိုပါဖြစ်ပွားစေမှာဖြစ်ပါတယ်။

 

နောက်ဆုံး ၈ ချက်မြောက်ကတော့ သန္ဓေသားကို ကောင်းမွန်လျင်မြန်စွာ ကြီးထွားစေနိုင်ခြင်းပဲဖြစ်ပါတယ်။

https://healthfitnessbeautydiet.com/blog-entry-929.html?fbclid=IwAR2HjvGcKzRkRH9W4Y3Yhuhuho_nfTuymw7RzXWvsTewRvHyaWBnDMLtrRA

 

သွေးလည်ပတ်မှုကောင်းမွန်စေတာဟာ သင့်တစ်ဦးတည်းအတွက်မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သန္ဓေသားပေါ်မှာလည်း ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေရှိစေနိုင်ပါတယ်။

သန္ဓေသားကောင်းမွန်စွာကြီးထွားလာနိုင်တာကြောင့် မွေးရာပါရောဂါတွေကိုလည်း အနည်းဆုံးအထိလျှော့ချပေးနိုင်ပါတယ်။

 

ကဲ ဘယ်လိုလဲ ?

လူတွေရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဘယ်ဘက်ကိုလှည့်ပြီးအိပ်နိုင်မယ်ဆိုရင် မမျှော်လင့်ထားတဲ့ အကျိုးရလဒ်တွေကိုတောင် ရရှိစေနိုင်တယ်နော်…

ခန္ဓာကိုယ်ဖွဲ့စည်းပုံအရတွေးကြည့်မယ်ဆိုရင် ဟိုအရင်ကတည်းကနေသတိထားမိကြပြီး ဘာမှထူးဆန်းတဲ့အရာမဟုတ်ဘူးဆိုတာ သေချာပါတယ်။

စာဖတ်သူတို့ရေ ဒီညကနေစပြီး ဘယ်ဘက်ကိုလှည့်အိပ်ကြရအောင်နော်…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: