ငလျင်မလှုပ်ခင်မှာ တွေ့ရတတ်တဲ့လက္ခဏာ

ဂျပန်နိုင်ငံမှာ ငလျင်တွေခဏခဏလှုပ်ပါတယ်။

ငလျင်အန္တရာယ်ကာကွယ်ဖို့အတွက် တခြားနိုင်ငံတွေထက်ပိုတဲ့ ပြင်ဆင်မှုတွေကိုပြုလုပ်ထားပြီး ပြင်းထန်တဲ့ငလျင်တွေကြောင့် မပြိုလဲနိုင်တဲ့အဆောက်အဦတွေကို တိုးချဲ့ပြီးတည်ဆောက်ကြပါတယ်။

နောက်ပြီး ငလျင်ဒဏ်ကျရောက်တဲ့အခါမှာ ကယ်ဆယ်ရေးနည်းလမ်းတွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းလမ်းတွေဖြစ်ပါတယ်။

https://www.iza.ne.jp/kiji/events/photos/170926/evt17092609130006-p4.html

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားလျက်ရှိတဲ့ ငလျင်တွေရဲ့ပျက်စီးဆုံးရှုံးမှုမှာ ဂျပန်နိုင်ငံရဲ့ ကယ်ဆယ်ရေးလှုပ်ရှားမှုက အမြန်ဆုံးဖြစ်ပြီး  အောင်မြင်မှုအများဆုံးဖြစ်ပါတယ်။

ဒီလိုဂျပန်နိုင်ငံဟာ ငလျင်နဲ့ပတ်သက်ပြီး သုတေသနတွေပြုလုပ်တဲ့နေရာမှာလည်း ကမ္ဘာ့ထိပ်ဆုံးပါပဲ။

ဒါပေမယ့် ငလျင်ဒဏ်ကိုကြိုတင်ခန့်မှန်းတဲ့နေရာမှာ တိကျမှုမရှိသေးပါဘူး။

အကယ်၍ အကုန်လုံးကို တိတိကျကျသိရမယ်ဆိုရင် ထိခိုက်ပျက်စီးမှုတွေကို အနည်းဆုံးဖြစ်တဲ့အထိ ကောင်းကောင်းရပ်တန့်နိုင်မှာဖြစ်ပါတယ်။

ဘယ်သူမဆို သိပ္ပံပညာနဲ့ထုတ်ဖော်နေတဲ့ကြားက အရင်ကတည်းကနေ ထုတ်ပြန်ထားတာတွေတော့ ရှိပါတယ်။

 

ဒါတွေဒါတွေဖြစ်လာရင် ငလျင်ကြီးလှုပ်လိမ့်မယ်လို့ ဖော်ပြထားတာတွေရှိပါတယ်။

ဟိုးအရင်ကတည်းကနေ ပြောကြတာက ငလျင်လှုပ်တော့မယ်ဆိုရင် သဘာဝအတိုင်း ပြတဲ့လက္ခဏာပုံစံ ၂ မျိုးရှိပါတယ်။

 

ငလျင်မိုးတိမ်

 

ပုံစံတွေအမျိုးမျိုးရှိတဲ့ထဲမှာမှ ပုံစံတစ်မျိုးကတော့ ဒီလိုမျိုးပါ။

https://fusitan.net/0036/

 

တိမ်တွေနဲ့ ကောင်းကင်ပြာကြီးခွဲထွက်နေတဲ့ ထူးဆန်းတဲ့တိမ်တိုက်ပုံစံဖြစ်ပါတယ်။

မြင်နေကျပုံစံမဟုတ်တဲ့ အဲ့ဒီတိမ်တွေပေါ်လာပြီးတဲ့နောက် ၃ ရက်လောက်မှာ ငလျင်ကြီးလှုပ်ခတ်နိုင်ပါတယ်။

ဥပမာအားဖြင့် ၂၀၀၅ ခုနှစ်တုန်းက ဟိုကိုင်းဒိုး ခုရှိရို ငလျင်ကြီးနဲ့ ၂၀၁၆ ခုနှစ်ရဲ့ တို့တိုရိငလျင်တွေမှာ ဒီလိုလက္ခဏာတွေပြခဲ့ပါတယ်။

ဒီလိုကောင်းကင်မှာ ထူးဆန်းတဲ့လက္ခဏာတွေပြခဲ့ပါတယ်။

https://fusitan.net/0036/

ဒီလိုပုံစံတွေမြင်နေရတာက ထူးဆန်းတယ်နော်။

အဲ့ဒီတိမ်ရဲ့အရှည်ကရှည်နိုင်သလောက်ရှည်ပြီး ငလျင်လှုပ်ခါနီးကျရင် တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်။

၂၀၀၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းငလျင်နဲ့ ၂၀၁၆ ခုနှစ်ရဲ့ ခုမမိုတိုငလျင်ရဲ့ နိမိတ်လက္ခဏာအနေနဲ့ ဒီလိုပုံစံတွေပြခဲ့ပါတယ်။

 

ထူးဆန်းတဲ့မိုးတိမ်တွေက ဒီလိုပုံစံမျိုးပါ။

https://fusitan.net/0036/

တိမ်တွေဟာ အစင်းကြောင်းပုံစံတွေဖြစ်နေပါတယ်။ ၂၀၀၄ ခုနှစ်ရဲ့ နီဂတငလျင်မတိုင်ခင်မှာလည်း ဒီလိုပုံစံတိမ်တွေကို တွေ့ခဲ့ရပါတယ်။

မိုးတိမ်တွေမှ မဟုတ်ပါဘူး။

တိရိစ္ဆာန်တွေလည်း ပုံမှန်မဟုတ်တာကိုတွေ့ခဲ့ရပါတယ်။

https://kyoto-diet-mania.com/南海トラフ-地震前兆-現象-まとめ-動物-2497

ဝေလငါးတွေ ကုန်ပေါ်မှာပေါ်လာပြီး ဟိုးရေနက်ထဲမှာနေတဲ့ ဆခဲဂရှိရငါးတွေကိုလည်း ဖမ်းမိကြပါတယ်။

http://news.livedoor.com/article/image_detail/16454831/?img_id=21049875

ဒီပင်လယ်ရေနက်ငါးတွေကို ဒီနှစ်ရဲ့ ၅ လပိုင်း ၉ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

မီတာ ၂၀၀ ကနေ ၅၀၀ အတွင်းနက်တဲ့ ပင်လယ်နက်ကြီးထဲမှာနေထိုင်တဲ့ငါးတွေကို ဒီလိုလွယ်လွယ်နဲ့ဖမ်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ငလျင်လှုပ်ခတ်မယ့် နမိတ်လက္ခဏာအနေနဲ့ ဖမ်းမိခဲ့တယ်လို့လည်း ပြောကြပါတယ်။

ဒါအပြင် တခြားတိရိစ္ဆာန်တွေဖြစ်တဲ့ နွား၊ ခွေး၊ ကြောင် စတဲ့သတ္တဝါတွေမှာလည်း မူမမှန်တာတွေကို တွေ့ရပါတယ်။

သိပ္ပံပညာမှာ မဖော်ပြနိုင်တာတွေကို တိရိစ္ဆာန်တွေက နိမိတ်လက္ခဏာတွေကို ကြိုတင်ပြီးသိနေပါတယ်။

အထူးတဖြင့် ဂျပန်နိုင်ငံမှာ နှစ် ၂၀ ကြာရင် ကြီးမားတဲ့ငလျင်ကြီးလှုပ်ခတ်လိမ့်မယ်လို့ ခန့်မှန်းချက်တွေရှိခဲ့ပါတယ်။

သဘာဝတရားရဲ့စွမ်းအားတွေက လူတွေရဲ့ခေတ်မီတိုးတက်မှုနဲ့ ဥာဏ်ပညာတွေကို နောက်တစ်ကြိမ်စမ်းသပ်ဖို့အတွက် ပြန်ရောက်လာမလားမသိဘူးနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: