ကံကောင်းစေတဲ့ 座敷童(ざしきわらし)ဆိုတဲ့သရဲလေး

မြန်မာနိုင်ငံကလူတွေတော်တော်များများ သရဲကားကြိုက်ကြမယ်ထင်ပါတယ်။

ဒါပေမယ့် သရဲနဲ့တစ်အိမ်တည်းနေရမယ်ဆိုရင် နေရဲလား?

ရိုးရိုးသရဲတွေဆိုရင်မနေရဲဘူးထင်ပေမယ့် 座敷童(ざしきわらし)ဇရှိခိဝရရှိ ကတော့ အဲဒီလိုမဟုတ်ဘူးနော်။

ဇရှိခိဝရရှိ နေတဲ့အိမ်နဲ့မြင်ရတဲ့အိမ်ဆိုရင် ပျော်စရာတွေရောက်လာနိုင်တဲ့ပုံပါပဲ။

ဇရှိခိဝရရှိပုံပြင်ဟာ ဂျပန်နိုင်ငံရဲ့ တိုဟိုကု၊ အီဝတဲ့၊ အအိုမိုရိအနီးတစ်ဝိုက်မှာ ကြားဖူးတဲ့ဇာတ်လမ်းလေး ဖြစ်ပါတယ်။

ကလေးလေးပုံစံနဲ့ဝိဉာဥ်က အနီးနားမှာရှိတဲ့ကလေးနဲ့ဆော့ပေးနေတာကိုလည်း တွေ့ဖူးကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီအိမ်ကလူနဲ့တွေ့တဲ့လူတွေကို ပျော်စရာတွေရောက်လာစေတယ်လို့ပြောတာကြောင့် ကျေးဇူးတင်စရာကောင်းတဲ့သရဲလေးဖြစ်ပါတယ်။

ဒီလို ဇရှိခိဝရရှိရဲ့ဇာတ်လမ်းတွေဖြစ်ပျက်ခဲ့တဲ့ အပန်းဖြေရေပူစမ်းတစ်ခုရှိပါတယ်။

အီဝတဲ့ခရိုင်緑風荘(りょくふうそう)လျောခုဖူးဆိုး မှာရှိတဲ့ ပုံပြင်လေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၇၀ လောက်ကတည်းကဖြစ်ပါတယ်။

စစ်ပွဲရှုံးသွားတဲ့ဆာမူရိုင်းက သူမိသားစုကိုခေါ်ပြီး မြောက်ပိုင်းကိုထွက်ပြေးသွားခဲ့ပါတယ်။

အဲ့ဒီကိုရောက်တော့ ကလေးနှစ်ယောက်ထဲက အသက် ၆ နှစ်အရွယ်သားလေး 亀麿(かめまろ)ခမဲမရို ကနေမကောင်းဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။

အိမ်ကိုစွန့်ခွာခဲ့ရပြီး ခက်ခက်ခဲခဲနေထိုင်ရတဲ့ ခမဲမရိုက နောက်ဆုံးမှာ ဒီလိုစကားတစ်ခွန်းချန်ခဲ့ပါတယ်။

” အိမ်ကိုစောင့်ရှောက်ပေးမယ်နော် ”

အဲ့ဒီအချိန်ကနေစပြီး ဒီရေပူစမ်းမှာ ဇရှိခိဝရရှိ ဆိုတာပေါ်လာတာဖြစ်ပါတယ်။

 


https://tabicoffret.com/article/75459/index.html

ခမဲမရိုလေးရဲ့ပန်းချီကိုတွေ့တဲ့သူတိုင်းက စိတ်ကြည်နူးမိပြီး တစ်ချိန်မှာတော့ ဇရှိခိဝရရှိ ဆိုတဲ့နာမည်နဲ့ ဒဏ္ဍာရီလေးဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဒီလို 緑風荘 ရောခုဖူးဆိုး ကိုခုလက်ရှိမှာတကယ်ရှိတဲ့ပုံစံနဲ့လုပ်ထားပါတယ်။

https://tabicoffret.com/article/75459/index.html

လက်ရှိမှာအရမ်းကိုလှတဲ့ ရေပူစမ်းတွေကိုဖြစ်လာခဲ့တာက ဇရှိခိဝရရှိ ကြောင့်မဟုတ်ဘူးလား?

နောက်ပြီးဒီနေရာက 緑風荘 ရောခုဖူးဆိုး မှာ ဇရှိခိဝရရှိ ကိုတွေ့ရမယ့်အခန်းဖြစ်ပါတယ်။

https://tabicoffret.com/article/75459/index.html

အဲ့ဒီအပန်းဖြေရေပူစမ်းတွေမှာ သွားရောက်တည်းခိုရင်း ထူးဆန်းတာတွေကို ကြုံတွေ့ခဲ့ရတဲ့သူတွေလည်း များပါတယ်။

ဘယ်သူမှမရှိတဲ့အခန်းထဲကနေ အသံတွေကြားနေရပြီး အလင်းရောင်တွေကိုလည်းမြင်ရပါတယ်။

သင်ရော ဇရှိခိဝရရှိ တကယ်ရှိတယ်ဆိုတာကိုယုံပါသလား?

မယုံရင်အောက်မှာပါတဲ့ ဗီဒီယိုကိုကြည့်လိုက်နော်။

ဇရှိခိဝရရှိ အရိပ်ထင်နေတာကိုရိုက်မိထားတာဖြစ်ပါတယ်။ တကယ်ရှိလားမရှိလားသိချင်ရင် အဲ့ဒီနေရာကို သွားကြည့်လိုက်နော်။

https://www.youtube.com/watch?v=4PDzoyVHT3U

 

緑風荘

住所 岩手県二戸市金田一宇長川41

電話 0195-27-2131

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: