ဂိမ်းဆော့ရင်းစားရမယ့် အီဝတဲ့က Wanko soba

အီဝတဲ့ခရိုင်မှာ ( わんこそば )  Wanko soba ဆိုတဲ့ နာမည်ကြီးစားစရာတစ်မျိုးရှိပါတယ်။

စားလို့ကောင်းလားဆိုတော့ ကောင်းလွန်းတာလည်းမဟုတ် ခါတိုင်းစားနေကျခေါက်ဆွဲလိုပါပဲ။

ဒီခေါက်ဆွဲကို ကောင်းလွန်းလို့စားကြတာမဟုတ်ပါဘူး၊ စိတ်ဝင်စားလို့ လာစားကြတာဖြစ်ပါတယ်။

ဘယ်နှစ်ပွဲစားနိုင်လဲဆိုတာကို Challenge ခေါ်ပြီးစားရပါတယ်။

ဒါပေမယ့် ကိုယ့်စိတ်ကြိုက်စားလို့တော့မရပါဘူး။

ဆိုဘခေါက်ဆွဲနဲ့ ဒီလို set လိုက်တွဲစားရမှာပါ။

https://www.jalan.net/news/article/283607/

ခေါက်ဆွဲကို မြန်မြန် မြန်မြန်စားရတာကြောင့် အရသာခံပြီးစားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ပန်းကန်ထဲမှာရှိတဲ့ခေါက်ဆွဲကိုစားပြီး ကုန်သွားတာနဲ့ ပန်းကန်ထဲကို ခေါက်ဆွဲတွေ ထပ်ရောက်လာမှာ ဖြစ်ပါတယ်။

ကုန်တာနဲ့တစ်ပန်းကန်ပြီး တစ်ပန်းကန် ထည့်ပေးမှာဖြစ်ပြီး လက်မှာကိုင်ထားတဲ့ပန်းကန်ထဲက ခေါက်ဆွဲတွေကို ကုန်အောင်မြန်မြန်စားရမှာပါ။

မစားနိုင်လောက်တော့တဲ့အချိန်ရောက်ရင် ပန်းကန်ကိုလုံးဝပိတ်လိုက်တယ်ဆိုမှ ထည့်ပေးတာကို ရပ်လိုက်မှာဖြစ်ပါတယ်။

ဒီဂိမ်းကိုပိုပြီးရှင်းသွားအောင် အောက်ကဗီဒီယိုမှာကြည့်လိုက်ကြပါနော်။

https://www.youtube.com/watch?v=Vyxm7QCgTfA

 

ဒီဗီဒီယိုထဲကအတိုင်းဆိုရင် ဆိုင်ရှင်က သဘောကောင်းတဲ့ပုံပဲနော်။

စာရေးသူသွားစားတုန်းကဆိုရင် ဆိုင်ရှင်က ဒီတစ်ယောက်မဟုတ်ဘူးလို့တောင်ထင်ရပါတယ်။

အဖုံးပိတ်လိုက်တဲ့အခါမှာ

 

ဟေ…နဲနဲကျန်သေးတယ်လေ။ ကုန်အောင်စားရမယ်။

 

လို့ပြောလို့ အဖုံးပြန်ဖွင့်လိုက်တော့ ဆိုင်ရှင်က ခေါက်ဆွဲတွေကို ထပ်ထည့်ပေးပါတယ်။

အီဝတဲ့ကလူတွေတော်တော်များများက နှိမ့်ချတတ်တယ်ဆိုပေမယ့် ဘာကြောင့် ဒီအဒေါ်ကြီးကျမှ ကြောက်စရာကောင်းနေလဲမသိပါဘူး။( ဟားဟား )

အရွယ်ကိုခန့်မှန်းကြည့်သလောက်တော့ အသက် ၇၀ လောက်ရှိပြီထင်ပါတယ်။

ပွဲ ၁၀၀ ကျော်လောက်စားနိုင်မယ်ထင်ပြီးစိန်ခေါ်ခဲ့ပေမယ့် တကယ်တော့မစားနိုင်ခဲ့ပါဘူး။

 

နောက်ပြီး ဒါကပြိုင်ပွဲမှာဖြစ်ပြီး ဆိုဘခေါက်ဆွဲကို ဆိုင်ဝန်ထမ်းတစ်ယောက်က အဆက်မပြတ် ထည့်ပေးတာကိုစားရတာဖြစ်ပါတယ်။

ဘယ်လိုမျိုးလဲဆိုတာကြည့်လိုက်ပါဦး။

https://www.youtube.com/watch?v=x871pnWJdUU

 

စာရေးသူစားဖူးတာက ပြိုင်ပွဲမှာမဟုတ်ပေမယ့် ပိုပိုမြန်လာပြီး ကြည့်ရုံနဲ့တင် ဗိုက်ပြည့်လာပါတယ်။

သတိထားရမှာက မဝါးလို့မရပါဘူး။

ပြီးတော့ ဟင်းရည်လည်း သောက်လို့မရပါဘူး။

ဆိုဘခေါက်ဆွဲတစ်မျိုးတည်းကိုပဲ စားရမှာဖြစ်ပါတယ်။

ပွဲ ၇၀၀ စားနိုင်တဲ့သူရှိခဲ့ဖူးတယ်လို့လည်းသိရပါတယ်။

အရသာရှိလို့တော့မဟုတ်ဘဲ စိတ်ဝင်စားလို့ ဝမ်ခိုဆိုဘ ဆိုတဲ့ခေါက်ဆွဲကို လာစားကြတာဖြစ်ပါတယ်။

ဆိုင်တွေတော်တော်များများမှာ Challenge တွေလုပ်ပြီးစားလို့ရတာကြောင့် အီဝတဲ့ကိုရောက်ရင် သေချာပေါက်သွားစားကြည့်လိုက်ကြပါနော်။

 

ဒါနဲ့ ဒီလိုမျက်နှာပြောင်တဲ့သူတွေလည်းရှိပါတယ်။

အများကြီးစားနိုင်ရဲ့သားနဲ့ တစ်ပန်းကန်လောက်စားပြီး ပိတ်လိုက်တာကို ဆိုင်ကအဒေါ်ကြီး ဘယ်လိုဖြစ်သွားလဲဆိုတာ ကြည့်လိုက်နော်…

https://www.youtube.com/watch?v=8HxmtVbyqH8

 

အီဝတဲ့ခရိုင်ကိုရောက်ရင် ဝမ်ခိုဆိုဘကို သေချာပေါက်သွားစားကြည့်လိုက်ကြပါနော်…

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: