ငါးမျှားရတာဝါသနာပါတဲ့အဖေရဲ့ ချစ်စရာကောင်းတဲ့ အကြံဥာဏ်

ငါးမျှားပြီးရလာတဲ့ ငါးတွေကို ဘယ်လိုချက်စားကြပါသလဲ ?

လတ်လတ်ဆတ်ဆတ်ရှိနေတုန်းစားလိုက်ချင်ပေမယ့် အများကြီးမိလာရင် ဒုက္ခပဲနော်…

အဲ့ဒီအခါကျရင် ဘယ်လိုလုပ်ကြပါသလဲ ?

ဒီလိုအချိန်မှာ အဖေဖြစ်သူရဲ့ ဖြေရှင်းလိုက်တဲ့နည်းလမ်းက အရမ်းကိုမိုက်ပါတယ်။

ဂျပန်နိုင်ငံရဲ့ငါးမျှားတာကိုကြိုက်တဲ့သူတွေထဲမှာ ငါးမျှားတဲ့အခါမှာသုံးတဲ့အစာတွေကို ထိန်းသိမ်းဖို့အတွက် ရေခဲသေတ္တာထဲထည့်ထားတဲ့သူတွေရှိပါတယ်။

အကောင်တွေကိုသုံးတာကြောင့် စားစရာတွေထည့်တဲ့ရေခဲသေတ္တာထဲမှာထည့်ရင် အိမ်ကလူတွေ ပူညံပူညံလုပ်တာကိုခံရမယ်ဆိုပေမယ့် အပြင်မှာထားလိုက်ရင်လည်း သေသွားမှာဖြစ်ပါတယ်။

အဲ့ဒီတော့ ဘာမှမတတ်နိုင်ဘဲ ရေခဲသေတ္တာတစ်လုံးသပ်သပ်ဝယ်ထားလိုက်ပါတယ်။

အဖေဖြစ်သူရဲ့ရေခဲသေတ္တာကို သားဖြစ်သူကလာဖွင့်ကြည့်လိုက်တဲ့အခါ ဒီလိုပုံစံမျိုးဖြစ်နေပါတယ်။

https://nlab.itmedia.co.jp/nl/articles/1905/13/news092.html

 

ဘာဖြစ်နေလဲဆိုတာကိုတွေ့လိုက်လား ?

?

?

?

အောက်ဆုံးက အံဆွဲကန့်ကိုကြည့်လိုက်တော့ . . .

https://nlab.itmedia.co.jp/nl/articles/1905/13/news092.html

မျှားလို့ရလာတဲ့ငါးကို ပြန်မွေးထားတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့မြစ်ထဲကရေတွေကအေးတာကြောင့် အဲ့ဒီထဲမှာနေတဲ့ငါးတွေကိုမွေးဖို့ဆိုတာ အပူချိန်မတူလို့မရပါဘူး။

ရေခဲသေတ္တာရဲ့အရွက်တွေထည့်တဲ့အကန့်မှာ အကြမ်းဖျဥ်းတော့ ၁၀ ဒီဂရီလောက်ရှိမယ်လို့ထင်ပါတယ်။

အဲ့ဒီမှာရေထည့်ပြီး မျှားလာတဲ့ငါးကိုမွေးထားလို့ရပါတယ်။

ဒီလိုအကြံမျိုးဆိုတာ တော်ရုံနဲ့ထွက်တာမဟုတ်ဘူးနော်။

ငါးတွေအများကြီးမိလာရင်စားလို့မကုန်ဘူးဆိုတဲ့သူတွေ မကုန်ဘူးဆိုတဲ့သူတွေက ၃ ကောင်လောက်ကို မွေးထားပြီး နောက်မှစားလို့လည်းရတယ်နော်။

ခုနကပုံထဲက ငါးဟာ ၁ ပတ်ကျော်လောက်ထားထားတဲ့ငါးဖြစ်ပါတယ်။

၂ ကောင်ကိုတော့စားလိုက်ပြီမို့ ဒီတစ်ကောင်တည်းကျန်တော့တာဖြစ်ပါတယ်။

နေ့တိုင်းရေခဲသေတ္တာကိုဖွင့်ကြည့်ပြီး ငါးလေးဘယ်လိုနေလဲဆိုတာကို ခဏခဏစစ်ကြည့်တဲ့အဖေရဲ့ပုံစံက ချစ်ဖို့ကောင်းပါတယ်။

အဲဒီ့လောက်ထိတောင် ဝါသနာကိုလိုက်ပြီးပျော်တတ်တဲ့သူမျိုးကိုတော့ စာရေးသူ သဘောကျမိပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: