ဂျပန်နိုင်ငံမှာခေတ်စားနေတဲ့ Chairing

ဂျပန်လူမျိုးတွေဆိုတာ ဟင်းခွက်ထဲဆံပင်မွှေးလေးတစ်မွှေးပါလာရင် ဆူညံပူညံနဲ့ အရမ်းကိုအသန့်ကြိုက်တဲ့သူတွေဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာလည်း လမ်းဘေးဆိုင်တွေရှိပေမယ့် မြန်မာနိုင်ငံက လမ်းဘေးမှာချရောင်းတဲ့ အစားအစာတွေကိုသာမြင်ရင် လန့်ပြီးစားလို့ရမယ်မထင်ပါဘူး။

ဒီနှစ်အတောအတွင်း ဒီလိုဂျပန်လူမျိုးတွေကြားထဲမှာ စခန်းချခရီးထွက်တာတွေခေတ်စားနေပါတယ်။

တောင်တွေ၊ မြစ်ချောင်းတွေနားကိုသွားပြီး အေးအေးဆေးဆေး ချက်ပြုတ်စားသောက်အနားယူကြတာဖြစ်ပါတယ်။

စားသောက်ဆိုင်တွေမှာ ဆံပင်မွှေးတွေပါလာရင် စိတ်အနှောင့်အယှက်ဖြစ်နိုင်တယ်ဆိုပြီး အပြင်မှာဟင်းချက်မယ်ဆိုရင် အကောင်တွေဝင်နိုင်သလို အမှိုက်တွေလည်းဝင်လာနိုင်ပါတယ်။

ဂျပန်လူမျိုးတွေမှာ ထူးဆန်းတဲ့အကျင့်တွေရှိပြီး ပြောရမယ်ဆိုရင် အပျော်စခန်းချအပန်းဖြေကြတာကို တော်တော်ကြိုက်ကြပါတယ်။

https://www.difa.me/23386/digital-gadget-camp

ဒါပေမယ့် ဒီလိုအပျော်စခန်းချတာမျိုးက နီးနီးနားနားမှာမဟုတ်ဘဲ အဝေးကြီးမှာရှိတဲ့ တောင်တွေမြစ်ချောင်းတွေနားကိုသွားမှရမှာပါ။

ဒါကြောင့် ဒီလို Camping တွေလုပ်မယ့်အစား Chairing က ပိုပိုပြီးရေပန်းစားလာခဲ့ပါတယ်။

Chairing ဆိုတဲ့နာမည်အတိုင်း ထိုင်ခုံနဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်။

Chairing ဆိုတာကတော့ မြို့ထဲမှာကိုယ်ကြိုက်တဲ့နေရာကိုရွေး၊ အဲ့ဒီနေရာကိုရောက်ရင်  ကိုယ်ယူလာတဲ့အကြိုက်ဆုံးခုံမှာထိုင်၊ အေးအေးဆေးဆေးအရက်လေးသောက်ပြီး အနားယူကြတာဖြစ်ပါတယ်။

ပန်းခြံတွေမှာလည်း ခုံတန်းရှည်တွေရှိပြီး အဲ့ဒီမှာထိုင်ပြီးသောက်တာကို Chairing လို့မခေါ်ပါဘူး။

ကိုယ်အကြိုက်ဆုံးခုံကိုယူလာပြီးထိုင်တယ်ဆိုတာက အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။

ထိုင်တဲ့နေရာက သက်သောက်သက်သာဖြစ်တဲ့ထိုင်ခုံ၊ ဥပမာ ဒီလိုထိုင်ခုံမျိုးပါ

https://www.amazon.co.jp/exec/obidos/ASIN/B01C51OENA/ref=nosim?tag=maftracking155009-22&linkCode=ure&creative=6339

ဒီလိုခေါက်လိုရတဲ့ထိုင်ခုံတွေကို ယူပြီးလမ်းလျှောက်သွားရတာဖြစ်ပါတယ်။

https://www.amazon.co.jp/dp/B07DHLZXTT/ref=sspa_dk_hqp_detail_aax_0?psc=1

 

နေရာကလည်းကိုယ်ကြိုက်တဲ့နေရာဖြစ်ပြီး တခြားသူတွေကိုအနှောင့်အယှက်မဖြစ်စေတဲ့နေရာဆိုရင် ရပါပြီ။

ဥပမာ မြစ်ဘေးနားလိုနေရာမျိုးဖြစ်ပါတယ်။

https://www.dempa-anshitsu.org/entry/2018/05/05/225103

ပန်းခြံထဲမှာဆိုရင်လည်း သူငယ်ချင်းတွေနဲ့……..

http://choke000.hatenablog.com/entry/2018/05/15/001010

ညဘက်မှာ တိုကျိုတာဝါကြီးကိုငေးရင်းနဲ့ ဒီ charing ကိုလုပ်လို့ရပါတယ်။

https://bizspa.jp/post-50476/

အမြဲတမ်းမြင်နေရတဲ့ မြို့ထဲကအလှတွေကို ထိုင်ခုံမှာထိုင်ပြီးကြည့်မယ်ဆိုရင် မတူညီတဲ့ရှုခင်းကို ခံစားရမှာပဲဖြစ်ပါတယ်။

https://bizspa.jp/post-50476/3/

ခေါက်လိုက်ရင်သေးသေးလေးဖြစ်သွားပြီး ပေါ့ပါးတာကြောင့် အားလုံးက အကြိုက်တွေ့ကြပါတယ်။

ဂျပန်နိုင်ငံမှာဆိုရင် သောက်စရာစားစရာတွေကို convenience store တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။

ဘီယာအေးအေးလေးသောက်ချင်တယ်ရင် Cooler box ကိုပါ ယူသွားလို့ရပါတယ်။

အိမ်ထဲမှာသောက်တာလည်းကောင်းပေမယ့် အပြင်မှာလွတ်လွတ်လပ်လပ် သောက်ရတာ ပိုကောင်းပါတယ်။

စခန်းချခရီးသွားသလို သေချာစီစဥ်ပြီး ခရီးဝေးတွေကိုသွားစရာမလိုတာကြောင့် Chairing က ပိုပြီးခေတ်စားတယ်လို့ထင်ပါတယ်။

 

နောက်ပြီး Chairing မှာ မဖြစ်မနေလိုက်နာရမယ့် စည်းကမ်းချက်တွေတော့ရှိပါတယ်။

လူတွေကို အနှောင့်အယှက်ဖြစ်စေတာမျိုးကို ရှောင်ကျဥ်ရပါမယ်။

အမှိုက်တွေကိုလည်း စနစ်တကျစွန့်ပစ်ရပါမယ်။

ပစ္စည်းတွေအများကြီးယူသွားပြီး စခန်းချသလိုမျိုးတော့လုပ်လို့မရပါဘူး။

ဒီလိုဆိုရင် ဂျပန်နိုင်ငံရဲ့ဥပဒေအရ Chairng တွေဟာ လမ်းမပေါ်က ကြော်ငြာဘုတ်ကြီးတွေလိုပါပဲ။

တခြားလူတွေသွားလာတဲ့လမ်းမှာပိတ်မနေဖို့နဲ့ အကယ်၍အနှောင့်အယှက်ဖြစ်စေတဲ့နေရာမှာဆိုရင် ချက်ချင်းရွှေ့ပေးရမှာဖြစ်ပါတယ်။

ဒီအချက်အလက်တွေကိုလိုက်နာမယ်ဆိုရင် နေရာတော်တော်များများမှာအဆင်ပြေပါတယ်။

ဘာကြောင့်လဲဆိုတော့ စားစရာတွေမစားဖို့တားမြစ်ထားတဲ့နေရာတွေမှာလည်း ထိုင်ပြီးသောက်ဖို့ အဆင်ပြေပါတယ်။

မြန်မာနိုင်ငံမှာတော့ လမ်းဘေးမှာဝိုင်းပြီးသောက်နေကြတယ်ဆိုရင် ဥပဒေနဲ့မကင်းလွှတ်တာကြောင့် ဆိုင်ထဲမှာ၊ ဒါမှမဟုတ် အိမ်ရဲ့ခြံဝန်းလေးထဲမှာက အေးအေးဆေးဆေးနဲ့ အကောင်းဆုံးနေရာလေးပါပဲ။

ဒီလိုအခွင့်အရေးကို ဂျပန်မှာရှိနေတဲ့သူတွေနဲ့ ဂျပန်နိုင်ငံကိုသွားရောက်မယ့်သူတွေ အမိအရ ခံစားလိုက်ပါနော်….

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: