ကလေးများနေ့အတွက် မြစ်ထဲမှာမျောနေတဲ့ Koinobori

ဂျပန်နိုင်ငံမှာ May 5 နေ့က အားလပ်ရက်ဖြစ်ပြီး 子供の日 ခိုဒိုမိုနော့ဟိ ( Children’s Day ) ကလေးများနေ့လို့သတ်မှတ်ထားပါတယ်။

အဲ့ဒီနေ့မှာ ကလေးတွေအတွက် ကျန်းမာရေးနဲ့ ပျော်ရွှင်ဖို့အတွက် ဆုတောင်းပွဲတွေကို ကျင်းပကြပါတယ်။

ကလေးတွေကလည်း သူတို့ရဲ့ဘဝတစ်လျှောက်မှာ ထောက်ပံ့ပေးခဲ့တဲ့ မိဘ၊ ဆွေမျိုးတွေနဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ကြောင်းပြောပြီး ရိုသေလေးစားမှုကို ပြသကြပါတယ်။

ကလေးများနေ့ကိုရောက်တဲ့အခါ Koinobori လို့ခေါ်တဲ့ပွဲကို ကျင်းပကြပါတယ်။

Koinobori ခိုအိနိုဘိုရိဆိုတာကတော့ ငါးကြင်းပုံစံစွန် ဖြစ်ပါတယ်။

https://i.pinimg.com/originals/f8/6a/97/f86a9760953426b941a02220de773a91.jpg

ငါးကြင်းဆိုတာကတော့ ကလေးများနေ့ရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ငါးကြင်းတွေဟာ စိတ်ဓာတ်ပြင်းထန်ပြီး၊ ရေစီးကြမ်းတဲ့မြစ်ထဲမှာလည်း စွမ်းအားအပြည့်နဲ့ကူးခတ်နိုင်တယ်လို့ ဂျပန်လူမျိုးတွေက ယူဆကြပါတယ်။

ဒါကိုအစွဲပြုပြီး ကလေးတွေဟာ ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲအတားအဆီးတွေကို ရှိသမျှ အစွမ်းသတ္တိတွေနဲ့ရင်ဆိုင်နိုင်ပြီး၊ ငါးကြင်းတွေလို ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ဆီရောက်အောင် သွားနိုင်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဟိုးအရင်တုန်းကတော့ ဒီရည်ရွယ်ချက်တွေဟာ မိသားစုထဲမှာရှိတဲ့ သားတွေအတွက်ရည်ရွယ်ပြီး ငါးကြင်းပုံစံစွန်တွေကို ချိတ်ဆွဲကြပေမယ့် အခုတော့ ဒီယဥ်ကျေးမှုဟာ သမီးမိန်းကလေးတွေအတွက်ပါ ရည်ရွယ်လာခဲ့ကြပါတယ်။

 

ဒီနှစ်မှာတော့ ထူးထူးခြားခြားနဲ့ ကောင်းကင်ပေါ်မှာဝဲနေတဲ့ ငါးကြင်းစွန်လေးတွေအစား ရေထဲမှာနေတဲ့ ငါးကြင်းတွေရှိတာကြောင့် ရေထဲမှာလွှတ်ထားတာကိုတွေ့ရပါတယ်။

ဘယ်လိုပုံလဲဆိုတာကို ပုံထဲမှာကြည့်လိုက်နော်…

http://www.spoon-tamago.com/wp-content/uploads/2019/05/sabogawa-koinobori-1.png

ရောင်စုံငါးကြင်းတွေရေထဲမှာ တကယ်အသက်ရှင်နေသလိုပါပဲနော်။

ဒီပွဲရဲ့နာမည်ကတော့ Sabogawa Koinobori Kawanagashi လို့ခေါ်ပြီး မေလ ၂ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ Saba မြစ်မှာကျင်းပခဲ့တာဖြစ်ပါတယ်။

Saba မြစ် ဆိုတာကတော့ ယမခုချိခရိုင်မှာပါတယ်။

ဒီလိုအချိန်တိုလေးအတွင်းမှာ koinobori ရောင်စုံငါးကြင်း အကောင် ၁၂၀ ကို မြစ်ထဲမှာအလှဆင်ထားခဲ့ပြီး လာရောက်ကြည့်ရှု့တဲ့သူတွေကလည်း အရမ်းကိုပျော်ရွှင်ခဲ့ကြပါတယ်။

http://www.spoon-tamago.com/wp-content/uploads/2019/05/sabogawa-koinobori.jpg

ဒါကြောင့် ဂျပန်လူမျိုးတွေဟာ ကလေးများနေ့ကိုရောက်တိုင်း သူတို့ရဲ့ကလေးတွေ ကျန်းမာကြံ့ခိုင်စွာနဲ့ ကြီးပြင်းလာဖို့ ရည်ရွယ်ပြီး Koinobori ဆိုတဲ့စွန်လွှတ်တဲ့ပွဲကို ကျင်းပကြတာဖြစ်ပါတယ်။

ဒါဆိုရင် ဂျပန်လူမျိုးတွေက ကလေးများနေ့မှာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဘာတွေကိုလုပ်လဲဆိုတာကို သိလောက်ပြီထင်ပါတယ်နော်။

Su Hlaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: