ဂျပန်နိုင်ငံမှာ မိန်းကလေးတွေကို ဦးစားပေးတယ်ဆိုတာမျိုးမရှိဘူး

ဂျပန်လူမျိုးယောကျ်ားလေးတွေက အေးတိအေးစက်ကြီးလား ? 

Lady First ဆိုတဲ့အတွေးက တစ်ကမ္ဘာလုံးလုံးက လူတိုင်းလိုလိုမှာရှိကြပေမယ့် ဂျပန်နိုင်ငံရဲ့ ယောကျ်ားလေးတွေမှာတော့ အေးတိအေးစက်နဲ့ ဆုံးဖြတ်တတ်တဲ့သူတွေများပါတယ်။ 

အမေရိကနိုင်ငံတွေမှာတော့ စားသောက်ဆိုင်ထဲဝင်ရင်ရော ဓာတ်လှေကားစီးရင်ရော မိန်းကလေးတွေကို ဦးစားပေးပါတယ်။ 

Lady First ဆိုတဲ့စကားလုံးကိုတော့ လူတိုင်းသိကြပါတယ်။ 

ဒါပေမယ့် ဂျပန်နိုင်ငံမှာတော့ ဒီလိုထူးထူးထွေထွေလုပ်နေတဲ့သူတွေ မရှိသလောက်ပါပဲ။ 

ဒါဟာ Lady First ဆိုတဲ့ယဥ်ကျေးမှု မထွန်းကားတဲ့နိုင်ငံဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။ 

ဒီလိုဂျပန်လူမျိုးတွေက ဘာကြောင့် Lady First ကိုမကျင့်သုံးရလဲဆိုတာ စစ်တမ်းကောက်ယူခဲ့တဲ့အခါ ယောကျ်ားလေးတော်တော်များများရဲ့ အဖြေကတော့…… 

 

Lady First ဆိုတာ ဘာမှန်းတောင်မသိပါဘူး။ 

 

ဟုတ်ပါတယ်။ အေးတိအေးစက်မဟုတ်ပါဘူး။ တကယ်တော့ ဘာမှန်းတောင်မသိတာပါ။ 

 

ဟိုးရှေးတုန်းက အစဥ်အလာအရ ယောကျ်ားလေးတွေဟာ အထက်ကနေလွှမ်းမိုးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ မိန်းကလေးတွေဟာ နောက်သုံးလှမ်းမှာနေပြီးတော့ လမ်းလျှောက်ရပါတယ်။ လက်တွဲပြီးလျှောက်တာတွေ ဘာတွေလည်းမရှိပါဘူး။ 

https://www.youngisthan.in/wp-content/uploads/2016/11/holding_door.jpg

ဒီလိုယဥ်ကျေးမှုတွေရှိခဲ့တာကြောင့် Lady First ဆိုတဲ့အတွေးက သူ့တို့ဆီမှာမရှိတာဖြစ်ပါတယ်။ 

နောက်ပြီး ဟိုးအရင်ကတည်းက သူတို့ဆီမှာရှိနေတဲ့ အတွေးကတော့ ကျားမတန်းတူညီမျှမှု ဆိုတဲ့အတွေးပဲဖြစ်ပါတယ်။ 

 

တန်းတူပဲဆိုတော့ ထိုင်ခုံကနေထပေးဖို့မလိုပါဘူးလေ ဆိုပြီးတော့တွေးကြပါတယ်။ 

Lady First ဆိုတဲ့အတွေးတွေလုံးဝမရှိတဲ့နိုင်ငံဆိုတာကိုသိလိုက်ရပြီး အေးတိအေးစက်နိုင်တယ်ဆိုတာက လုံးဝမဟုတ်ဘူးနော်….. 

နောက်ပြီး ဂျပန်လူမျိုးမိန်းကလေးတွေရဲ့ အလေးထားမှုအပေါ်မှာ ပြဿနာရှိလာပါတယ်။ 

သူစိမ်းယောကျ်ားလေးတစ်ယောက်က နှုတ်ဆက်ရင် ကြောက်တတ်တာပါ။ 

 

ကျွန်တော်လည်းတစ်ခါက ဘူတာရုံမှာ ကလေးတွန်းလှည်းကို မဖို့လုပ်နေတဲ့အမျိုးသမီးကို ဒီလိုအသံပေးလိုက်မိပါတယ်။ 

ကူညီပေးရမလားခင်ဗျာလို့ပြောလိုက်တဲ့အခါ လန့်သွားတဲ့ပုံစံနဲ့ ငြင်းလိုက်ပါတယ်။ 

အမှောင်ထဲမှာအသံပေးတာမျိုးမဟုတ်ဘူးနော်။ ဘူတာမှာ လူတွေအများကြီးရှိနေတာတောင်မှ လာကြောက်နေတယ်။ 

ဒါကြောင့် ယောကျ်ားလေးတွေကလည်း မိန်းကလေးတွေဆို လှည့်တောင်မကြည့်တော့တာ ဖြစ်ပါလိမ့်မယ်။ 

စေတနာနဲ့အသံပြုတာကို ဒီလိုအချေပုံစံနဲ့ပြန်ပြောပြီဆိုတော့ တိတ်တိတ်ဆိတ်ဆိတ်နေလိုက်တာ ပိုကောင်းတာပေါ့နော်။ 

ဒီလိုမျိုးဆိုရင် ပတ်ဝန်းကျင်အတွက်မကောင်းပါဘူး။ 

ဂျပန်နိုင်ငံဟာ Lady First ဆိုတဲ့အတွေးကို တိတိကျကျမရှိတဲ့နိုင်ငံဖြစ်ပါတယ်။ 

ဒါကြောင့် တချို့အရာလေးတွေမှာ မဖြစ်နိုင်တာတွေ ရှိပါတယ်။ 

ဒါကြောင့် အေးတိအေးစက်ဖြစ်နေတာမဟုတ်လို့ ဂျပန်လူမျိုးတွေရဲ့ အခြေအနေတွေကိုနားလည်ပေးပြီး ဆက်ဆံရေးတွေအဆင်ပြေရင် ပျော်မိမှာအမှန်ပါပဲ။ 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: