Tokyo မြို့ပေါ်က Anime တွေ တကယ်ရှိတဲ့နေရာ

Anime တွေကိုကြိုက်နှစ်သက်တဲ့သူတွေဆိုရင် ဇာတ်လမ်းလေးတွေအကုန်လုံးကို ကြည့်ပြီးလောက်ပြီ ထင်ပါတယ်။ ဒါ့အပြင် ကြိုက်လွန်းလို့ တစ်ကားထဲကို ထပ်ခါထပ်ခါပြန်ပြန်ကြည့်နေတဲ့သူတွေလည်း ရှိပါတယ်။

ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Anime ဇာတ်လမ်းလေးတွေကိုတော့ ကြည့်ဖူးတဲ့သူများပါတယ်။

ဒီနာမည်ကြီးဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ 言の葉の庭 ( The Garden of Words ) နဲ့ပတ်သက်ပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးကို ၂၀၁၃ ခုနှစ်မှာ Makoto Shinkai ဆိုတဲ့သူက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးကတော့ မိုးရွာနေတဲ့ မနက်ခင်းလေးတစ်ခုမှာ ကောင်လေးတစ်ယောက်ဟာ တိုကျိုရှင်းဂျူ့ခု ပန်းခြံထဲကို သွားရောက်တဲ့အခါမှာ သူ့ထက်အသက်ကြီးတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။


http://www.spoon-tamago.com/wp-content/uploads/2016/03/Garden_of_Words_poster.png

တိုကျိုမြို့ကြီးနဲ့ အဲ့ဒီပန်းခြံဟာအရမ်းကိုလှပပြီး မိုးရေစက်တွေကြားက အစိမ်းရောင်ရှု့ခင်းတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

သေးသေးမွှားမွှားလေးကအစ အသေးစိတ်ဖန်တီးထားပြီး Shinkai ဟာ သူ့ရဲ့ တိုကျိုမြို့ပုံစံနဲ့ ဖန်တီးဖို့အတွက် အချိန်တွေများစွာကုန်ကျခဲ့ပါတယ်။

နောက်ဆုံး အဲ့ဒီဇာတ်လမ်းထွက်ရှိခဲ့တဲ့အခါမှာတော့ သူ့ရဲ့ပုံတွေဟာ အပင်ရဲ့အခက်အလက်တွေကအစ အပြင်မှာမြင်ရတဲ့မြင်ကွင်းနဲ့ လုံးဝထပ်တူကျနေတာကို တွေ့ရပါတယ်။

အောက်ကပုံထဲမှာ ကြည့်လိုက်ပါနော်….

http://www.spoon-tamago.com/wp-content/uploads/2016/03/garden-of-words-film-photo-1.jpg

အပေါ်မှာပြထားတဲ့ပုံက ဇာတ်လမ်းထဲကပုံဖြစ်ပြီး အောက်ကပုံကတော့ အပြင်မှာတကယ်ရှိတဲ့ပုံ ဖြစ်ပါတယ်။

တကယ်ကို ကွက်တိပဲနော်…

တခြားပုံတွေကိုလည်း ကြည့်လိုက်ပါဦး….

 

 

 

 

http://www.spoon-tamago.com/wp-content/uploads/2016/03/garden-of-words-film-photo-7.jpg

ဘယ်လိုလဲ ?  ? တော်တော်လေးကိုတူတယ်နော်… ဘယ်နေရာကိုကြည့်ကြည့် အသေးစိတ်ကိုဆွဲထားပါတယ်။

ဒီပုံတွေကို ဇာတ်လမ်းမဖန်တီးခင် ကြိုတင်ရိုက်ကူးခဲ့တာလားဆိုတာကိုမသိရသလို ရိုက်ကူးထားတဲ့လူကိုလည်း မသိရပါဘူး။

ဒါပေမယ့် ဒီဇာတ်လမ်းကို ထုတ်လုပ်ပြီးတဲ့နောက်မှ ဒီဓာတ်ပုံတွေကို လုံးဝတူတဲ့နေရာမှာ လိုက်ရိုက်မယ်ဆိုရင်လည်း မီးပွိုင့်ဆိုရင် တူတဲ့အထိစောင့်ရမှာဆိုတော့ မလွယ်လောက်ဘူးနော်။

ဒီဇာတ်လမ်းလေးကိုမကြည့်ရသေးဘူးဆိုရင်တော့ အမြည်းလေးကို အောက်က ဗီဒီယိုထဲမှာကြည့်လိုက်နော်….

https://youtu.be/qzlGqBV6z3o

ဒီဇာတ်လမ်းလေးကို မကြည့်ရသေးတဲ့သူတွေဆိုရင် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါနော်။

ဇာတ်လမ်းနာမည်ကို နောက်တစ်ခေါက်ပြောပြပါမယ်။ 言の葉の庭 ( The Garden of Words ) ဖြစ်ပါတယ်။

ဒီကားကိုကြည့်ရင်း မိုးရွာထဲက အစိမ်းရောင်သစ်ပင်လေးတွေနဲ့ ဂျပန်နိုင်ငံရဲ့အလှကို ခံစားလိုက်ပါနော်။

 

Su Hlaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: