ယောက်ျားလေးတွေတောင်ကြောက်ရတဲ့ ရထားပေါ်ကနှောင့်ယှက်မှု

ဂျပန်နိုင်ငံမှာ ရုံးသွား၊ ကျောင်းသွားဖို့က  အရမ်းကိုခက်ခဲပင်ပန်းလွန်းပါတယ်။

မြို့ပြတွေမှာ ရထားကိုအသုံးပြုတဲ့သူတွေများပြီး သွားလာလှုပ်ရှားဖို့ ရထားအရေအတွက်များနေပေမယ့် အမြဲတမ်းဒီလိုချိန်မှာ ပြည့်ကြပ်တာကိုတော့ဖြေရှင်းလို့မရပါဘူး။

https://gunosy.com/articles/abu4s?s=s

နောက်ပြီး ဒီလိုရထားတွေမှာ မိန်းကလေးတွေအတွက်စိုးရိမ်ရတဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေ ရှိပါတယ်။

လူစုလူဝေးတွေကြားထဲမှာ မလှုပ်ရှားနိုင်တဲ့ မိန်းကလေးတွေရဲ့နောက်ကနေ လက်နဲ့ ခန္ဓာကိုယ်ကို ထိပါးခံရတယ်လို့ တွေးလိုက်ရုံနဲ့တောင် ကြောက်ဖို့ကောင်းပါတယ်။

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ကြုံတွေ့ခဲ့ရဖူးတဲ့ အကြောင်းအရင်းနဲ့ ဘယ်ရထားကိုမှ မစီးရဲလောက်တော့တဲ့အထိ ကြောက်သွားခဲ့တဲ့သူတွေလည်းရှိပါတယ်။

ဒါပေမယ့် ပစ်မှတ်ထားခံရတာက မိန်းကလေးတွေတင် မဟုတ်ပါဘူး။

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရတဲ့ ယောကျ်ားလေးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို ဒီလိုပြောပြခဲ့ပါတယ်။

သူစီးနှင်းလိုက်ပါခဲ့တဲ့ရထားဟာ ရှင်းဂျူ့ခုဘူတာကိုရောက်တော့ ရုံးသွားမယ့်သူတွေအားလုံး ရောနှောပြီး တက်လာကြပါတယ်။

ရထားကြပ်လာလေလေ အနားကလူတွေက ပိုပိုပြီးကပ်လာလေလေဖြစ်ပြီး မျက်နှာတော့ အဲ့လောက်ထိ ကပ်မနေတဲ့ အနေအထားကို သိကြလိမ့်မယ်လို့ထင်ပါတယ်။

ဒါပေမယ့် ချက်ချင်းပဲ ၁၉၀ စင်တီမီတာလောက်ရှိတဲ့ ယောကျ်ားလေးတစ်ယောက်က သူ့မျက်နှာနားကို အတင်းကပ်လာခဲ့ပါတယ်။

အသက် ၃၀ အရွယ်လောက်ရှိမယ့် ယောကျ်ားလေးကအနားနားကပ်လာတာကို စိတ်ထဲမှာ ဘဝင်မကျဖြစ်နေခဲ့မိပါတယ်။

https://gunosy.com/articles/abu4s?s=s

ရထားလှုပ်လိုက်တဲ့အခါမှာ အဲ့ဒီလူရဲ့လက်နဲ့ လာထိပါတယ်။

ဘယ်နေရာလဲဆိုရင် ပေါင်နားတစ်ဝိုက်ကိုဖြစ်ပါတယ်။

အစတုန်းကတော့ ဒီအတိုင်းထိမိတယ်လို့ပဲတွေးခဲ့ပေမယ့်လည်း ဘယ်လိုပဲစဥ်စားစဥ်းစား တမင်သက်သက် ထိနေသလိုပါပဲ။

စိတ်ရှုပ်ဖို့ကောင်းလိုက်တာလို့တွေးရင်း နှုတ်ပိတ်နေခဲ့ရာက အတွင်းပိုင်းကို တဖြည်းဖြည်း ရောက်လာခဲ့ပါတယ်။

စိတ်ပျက်စရာကောင်းတဲ့ အရပ် ၁၉၀ စင်တီမီတာရှိတဲ့ ယောကျ်ားကြီးက မျက်နှာတင်မဟုတ်ဘဲ တစ်ကိုယ်လုံးကိုပါဖိထားပါတယ်။

ကြောက်ပြီးမလှုပ်နိုင်အောင်လို့ လို့ထင်ပါတယ်။

နောက်ပြီး ဒီလိုလိင်ပိုင်းဆိုင်ရာနှောင့်ယှက်တာကြောင့် ဘေးကခရီးသည်တွေက

 

ယောကျ်ားလေးဖြစ်နေတာတောင်မှ ဒီလိုလုပ်ခံရတယ်။

 

ဆိုပြီးလှောင်ပြောင်ခံခဲ့ရတာကို သတိမထားမိအောင်လို့ ဖြစ်ပါတယ်။

သူဟာ နောက်ဘူတာတံခါးဖွင့်တာနဲ့တပြိုင်နက် ရထားရဲ့အပြင်ဘက်ကို ထွက်ပြေးလိုက်ပါတယ်။

https://gunosy.com/articles/abu4s?s=s

နောက်တော့ အဲဒီ့အရပ်ရှည်ရှည်နဲ့ယောကျ်ားကြီးလည်း ဘယ်လိုဆင်းသွားလဲမသိတော့ပါဘူး။

လူတွေကိုကျော်ပြီးပြေးရင်းနဲ့ ဘူတာလက်မှတ်ဖြတ်တဲ့အပြင်တစ်ဘက်ဆီ ရောက်သွားခဲ့ပါတယ်။

ခုနက ယောကျ်ားကြီးဆီကနေ လွတ်မြောက်လာခဲ့ရပါတော့တယ်။

ဒီတစ်ခေါက်ပြောပြခဲ့တာဟာ ယောက်ျားလေးတစ်ယောက်ရဲ့ ထိပါးနှောင့်ယှက်ခြင်းခံခဲ့ရတဲ့ကိစ္စဖြစ်ပေမယ့် မိန်းကလေးတွေလည်း ဒီလိုခံစားချက်မျိုးနဲ့တူညီနေမှာပါ။

ကိုယ့်ထက်အားနည်းတယ်ဆိုပြီး ယောကျ်ားလေးအချင်းချင်းတောင် ထိပါးခြင်းခံရတယ်ဆိုတာဟာ တကယ်ကိုကြောက်စရာပါပဲ။

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုဆိုတာဟာ တကယ့်ကိုစပ်ဆုပ်ရွံရှာဖို့ကောင်းတဲ့အရာ ဖြစ်ပါတယ်။

လုံးဝကိုခွင့်လွှတ်လို့မရတဲ့ကိစ္စဖြစ်ပြီး ဂျပန်နိုင်ငံမှာ ရထားစီးပြီးလုံခြုံစိတ်ချရတယ်ဆိုတာ ဟိုးအတိတ်မှာ ကျန်ခဲ့ပါပြီ။

ထိပါးနှောင့်ယှက်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့မိန်းကလေးတွေကိုလည်း ကူညီပေးကြပါ။

ဒီလို ထိပါးနှောင့်ယှက်ခံရတာဟာ ရှက်စရာကိစ္စတစ်ခုဖြစ်တာကြောင့် မသိမသာလေး အဲ့ဒီမိန်းကလေးနဲ့ ထိပါးနေတဲ့ယောကျ်ားလေးကြားထဲကိုဝင်ပြီး သဘောကောင်းတဲ့ကယ်တင်ရှင်ကြီးအဖြစ် ကူညီပေးကြပါနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: