အဆင့်တန်းခွဲခြားမှုတွေရှိခဲ့တဲ့ ဂျပန်နိုင်ငံ

၅ လပိုင်း ၁၉ ရက်နေ့မှာ တိုကျိုအိခဲဘုခုရိုရဲ့လမ်းမပေါ်မှာ ၈၇ နှစ်အရွယ်အဖိုးအိုတစ်ယောက် မောင်းနှင်လာပြီး လမ်းလျှောက်လာတဲ့သူ ၁၀ ယောက်ကို တိုက်မိခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ အမှိုက်သိမ်းယာဥ်ကိုတိုက်မိခဲ့ပြီး တိုက်တဲ့ကားကရပ်သွားခဲ့ပါတယ်။

အနီးနားမှာရှိတဲ့ မှုခင်းကင်မရာထဲက ဗီဒီယိုမှတ်တမ်းအရဆိုရင် မီးပွိုင့်နီနေတာကို အဲ့ဒီကားကအရှိန်နဲ့ လူကူးမျဥ်းကြားကလူတွေကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီယာဥ်မတော်တဆမှုမှာ ၃၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ ၃ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ရပါတယ်။

https://news.nifty.com/article/domestic/society/12184-47581/

သက်ကြီးရွယ်အိုတွေများလာတဲ့ဂျပန်နိုင်ငံမှာ ဒီလိုလူတွေကြောင့် ယာဥ်မတော်တဆမှုတွေ ဖြစ်ပွားနေရတာ များရာကနေ သက်ကြီးရွယ်အိုတွေအတွက်လိုင်စင်ကို သက်တမ်းလျော့ချမှုစတဲ့ စည်းမျဥ်းဥပဒေတွေ ရှိပေမယ့် လုံးဝလျော့ချလိုက်တာမျိုးတော့မဟုတ်ပါဘူး။

ဒါ့အပြင် ပြဿနာက မတော်တဆမှုတွေမှာတင်မဟုတ်ဘဲ အဲ့ဒီမတော်တဆမှုကိုကျူးလွန်ခဲ့တဲ့ အမျိုးသားကို စီရင်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်။

အများအားဖြင့် ဒီလိုကိစ္စမျိုးတွေဖြစ်ပွားနေတဲ့အခါမျိုးမှာ အသက်အန္တရာယ်ရှိလား မရှိလားဆိုတာကို ဂရုမစိုက်ဘဲ ကားမောင်းတဲ့သူကိုဖမ်းလိုက်ပါတယ်။

နောက်ပြီး နာမည်အပြည့်အစုံနဲ့ တီဗီရုပ်သံအစီအစဥ်မှာ ဖော်ပြခံရပါတယ်။

ဒါပေမယ့် ဒီတစ်ခေါက်ယာဥ်တိုက်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားကိုတော့ မဖမ်းဆီးခဲ့ဘဲ စစ်ဆေးမေးမြန်း တာမျိုးတွေဘာမှမရှိခဲ့တဲ့အပြင် တီဗီအစီအစဥ်တွေမှာလည်း “ အလုပ်လက်မဲ့ အသက် ၈၇ နှစ်အရွယ် အမျိုးသား ” ဆိုတဲ့အကြောင်းအရာမပါလာခဲ့ပါဘူး။

ဒါကို ရဲတွေနဲ့ Mass မီဒီယာတို့ကမကျေနပ်ခဲ့ဘဲ အွန်လိုင်းကနေတဆင့် ၎င်းအမျိုးသားကိုစုံစမ်းတဲ့အခါမှာ သူ့ရဲ့အလုပ်အကိုင်နဲ့ နေရပ်လိပ်စာတွေ ပေါ်ထွက်လာခဲ့ပါတယ်။

သူဟာ နိုင်ငံတကာကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းရဲ့ ဝန်ကြီးချုပ်ဟောင်းတစ်ယောက်ဖြစ်ပါတယ်။

လုပ်ငန်းကြီးတစ်ခုရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်ပြီး နိုင်ငံကနေတောင် ဆုတံဆိပ်ရထားတဲ့သူဖြစ်ပါတယ်။

အစတုန်းကတော့ တခြားသူလိုလိုနဲ့ ဒီလိုယုံမှားစရာတွေလည်းရှိပေမယ့် တကယ့်လူမှန်ရှိတယ်ဆိုတာကို ပြန်လည်သုံးသပ်ခဲ့တဲ့ Mass ကနေ နာမည်နဲ့ အလုပ်အကိုင်ကို ထုတ်ပြန်လိုက်တဲ့အချိန်ကနေစပြီး အမျက်ဒေါသထွက်တဲ့သူတွေများလာခဲ့ပါတယ်။

 

နိုင်ငံရဲ့လူကြီးတစ်ယောက်က ဖမ်းဆီးမခံရတဲ့အပြင် နာမည်ကိုတောင်ထုတ်ဖော်မခံရဘူးနော်

 

ဂျပန်နိုင်ငံမှာ နိုင်ငံရဲ့အကြီးအကဲတွေရဲ့ အဆင့်အတန်းခွဲခြားမှုဆိုတာမရှိပေမယ့် ဒီလိုထူးခြားအောင် ပြုမှုနေတာက နိုင်ငံရဲ့အကြီးအကဲတွေဖြစ်ပါတယ်။

ယာဥ်မတော်တဆမှုမှာဆိုရင်လည်း လူနှစ်ယောက်လုံးရဲ့ အသက်ကိုနှုတ်ယူခဲ့တဲ့ကိစ္စမှာလည်း ပြောင်းလဲမှုမရှိခဲ့ပါဘူး။

ဒီကိစ္စမတိုင်ခင်မှာလည်း တူညီတဲ့ပြဿနာတွေရှိနေပါသေးတယ်။

ဂျပန်နိုင်ငံ ဗဟိုတီဗီရုပ်သံလိုင်းရဲ့ Fuji TV ရဲ့ အစီအစဥ်တင်ဆက်သူမိန်းကလေးဟာ ကားပါကင်မှာ လမ်းလျှောက်နေတဲ့သူကို တိုက်မိခဲ့ပြီး လမ်းလျှောက်နေတဲ့သူက သေဆုံးသွားခဲ့တာမျိုးရှိခဲ့ပေမယ့် သက်သေအထောက်အထားတွေကို ဖျက်ဆီးနိုင်ခဲ့တာကြောင့် ဖမ်းဆီးခြင်းမခံခဲ့ရပါဘူး။

သူမဟာ အစီစဥ်တင်ဆက်သူအလုပ်ကို ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် အဖမ်းအခံရပဲ သာမာန်ဘဝနဲ့ ဆက်လက်ပြီးနေထိုင်နေပါတယ်။

လူတစ်ယောက်လုံးသေသွားတာတောင်မှနော်…..

အင်တာနက်မှာတော့ ကိစ္စကြီးတစ်ခုအနေနဲ့ ပြောစရာဖြစ်နေပြီး ဒီလိုလူသိများလာတာကြောင့် ပိုပြီးသတိထားလာမိကြပါတယ်။

ဥပဒေဆိုတာက ပြည်သူတွေအားလုံးအတွက် တန်းတူညီမျှပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံက ဒါကိုထိန်းသိမ်းလိုက်နာတဲ့ နိုင်ငံဖြစ်နိုင်ပါတော့မလား ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: