ခေတ်ဆန်လွန်းတဲ့ဘုန်းကြီးကျောင်း

နှစ် ၃၀ ကျော်လောက် Heisei ခေတ်ကိုကျော်လွန်ခဲ့ပြီး ယခု Reiwa ဆိုတဲ့ခေတ်သစ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ခေတ်တွေပြောင်းလဲသွားတဲ့အလျောက် ဘုန်းကြီးကျောင်းတွေလည်း ပြောင်းလဲမှုရှိလာတာမသိဘူးနော်….

နားလည်ဖို့ခက်တဲ့ ခေတ်ဆန်တဲ့ဒီဇိုင်းတွေနဲ့ တည်ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းပေါ်ထွက်လာခဲ့ပါတယ်။

အဲ့ဒီဘုန်းကြီးကျောင်းကတော့ 新潟県燕市(つばめし)Niigata ပြည်နယ် Tsubameshi မှာရှိတဲ့ 国上寺(こくじょうじ)ခိုခုဂျောဂျိ ဘုန်းကြီးကျောင်းပဲဖြစ်ပါတယ်။

အဆောက်အဦမှာတော့ ဗုဒ္ဓရဲ့ပုံတော်တွေကိုရေးဆွဲထားပါတယ်။

https://irorio.jp/nagasawamaki/20190422/523748/

 

ဒါက ဘာမှမထူးခြားဘူးလို့ထင်ပေမယ့်အနီးကပ်ကြည့်လိုက်တဲ့အခါမှာတော့ …….

https://irorio.jp/nagasawamaki/20190422/523748/

ဘယ်လိုတောင်လဲ ……. အရမ်းတွေခေတ်ဆန်နေတယ်နော်……

https://www.youtube.com/watch?v=L-9SUfzOqCI

ဒီလိုပုံတွေက ဘုန်းကြီးကျောင်းမှာ ရှိနေတယ်ဆိုတာက ထူးဆန်းတာပဲနော်။

ဒါပေမယ့် အဲ့ဒီဘုရားကျောင်းက ခေတ်ပေါ်လို့ထင်ထားပေမယ့်လည်း ဘုရားကျောင်းရဲ့သမိုင်းအရ နှစ်ပေါင်း ၁၃၀၀ ကျော်ပြီးဆိုတာကိုသိခဲ့ရပါတယ်။

အဲ့ဒီအနီးနားတစ်ဝိုက်က ဘုန်းကြီးကျောင်းတွေထဲမှာ သမိုင်းကြောင်းအရှည်ဆုံး ဘုန်းကြီးကျောင်း ဖြစ်ပါတယ်။

လတ်တလော ဘုရားကျောင်းကို ရောက်မလာတဲ့လူငယ်တွေကို လာရောက်စေချင်တဲ့ရည်ရွယ်ချက်နဲ့ မိန်းမပျိုလေးတွေရဲ့ပုံကို ထည့်သွင်းရေးဆွဲထားခဲ့တာဖြစ်ပါတယ်။

ဘုရားကျောင်းနဲ့ လူငယ်တွေရဲ့ လွဲမှားတဲ့အယူအဆတွေနဲ့ ကောင်းဖို့အတွက်ရည်ရွယ်ထားခဲ့တယ်ဆိုပေမယ့် ဒီလိုပုံတွေကို ဘုရားကျောင်းမှာရေးဆွဲထားတာ သင့်တော်တယ်လို့ထင်ပါသလား ?

စာရေးသူကတော့ ဘုန်းကြီးကျောင်းနဲ့ ဒီပုံတွေဟာ လုံးဝမသင့်တော်ဘူးလို့ထင်ပေမယ့် ရှေးလူကြီးဖြစ်နေလို့လားတော့မသိပါဘူး။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: