ခွေးကိုအသုံးချခဲ့တဲ့ဆာမူရိုင်း

လူသားတွေဟာ ဟိုးရှေးရှေးကတည်း သူခိုးတွေမလာအောင် အိမ်စောင့်ဖို့ ခွေးတွေကိုမွေးမြူကြပါတယ်။

လူသားတွေနဲ့ ခွေးတွေကြားမှာ ပက်သတ်ဆက်နွယ်မှုတွေရှိခဲ့တာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀၀၀ ကတည်းကနေ ရှိခဲ့ကြတယ်လို့သိရပါတယ်။

ဒီလိုခွေးတွေကို ဂျပန်နိုင်ငံမှာစတင်ပြီးတော့ စစ်တပ်အနေနဲ့အသုံးပြုတာကြောင့် အသက်ဘေးလွတ်ခဲ့တဲ့ ဆာမူရိုင်းတစ်ယောက်ရှိပါတယ်။

https://mag.japaaan.com/archives/94032

太田資正(おおた すけまさ)အိုတ စုခဲအမစ ဆိုတဲ့လူဖြစ်ပါတယ်။

နာမည်သိပ်မကြီးတဲ့ဆာမူရိုင်းဖြစ်တာကြောင့် ဂျပန်လူမျိုးတွေမှမဟုတ်ရင် သိမှာမဟုတ်ပါဘူး။

သူရဲ့အဖိုးကတော့ အဲဒိုရဲတိုက်ကို တည်ဆောက်ခဲ့တဲ့ အိုအိုတ ဒိုးကန် ဖြစ်ပါတယ်။

အဲ့ဒီ အဲဒိုရဲတိုက်ကို တိုခုဂဝအိအဲယစု နေထိုင်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ အလယ်ဗဟိုဖြစ်လာပါတယ်။

နောက်ပြီး ရဲတိုက်တွေလည်းမရှိတာကြောင့် ဒီနေရာကိုလက်ရှိမှာ ဘုရင်းမင်းမြတ်နေထိုင်ပြီး နန်းတော်အနေနဲ့ရှိနေပါတယ်။

အဖိုးဖြစ်သူကတော့ နာမည်ကြီးတဲ့သူတစ်ဦးဖြစ်ပါတယ်။

ရှိတဓရှိဟာ နာမည်မကြီးဘူးဆိုပေမယ့် စိတ်ဝင်စားစရာပုံပြင်လေးတစ်ခု ကျန်ရစ်နေခဲ့ပါတယ်။

ငယ်စဥ်ကတည်းကနေ ခွေးကိုအရမ်းချစ်ခဲ့တဲ့ ရှိတဓရှိဟာ ရဲတိုက်ထဲမှာ ခွေးအကောင် ၁၀၀ ကျော်ကို ခွဲခြားပြီးမွေးမြူခဲ့ပါတယ်။

သူ့ရဲ့အစေခံတွေဟာလည်းခွေးတွေနဲ့ပဲနေထိုင်တဲ့ ရှိတဓရှိကို ရူးနေတယ်လို့ပဲထင်ကြပါတယ်။

ရူးနေတယ်လို့ပြောနေပါစေ ခွေးနဲ့နေထိုင်ရတာကိုပျော်နေတဲ့ ရှိတဓရှိဟာ ဘဝကိုခက်ခက်ခဲခဲနဲ့ ရှင်သန်နေထိုင်ရပါတယ်။

ရှိတဓရှိဟာ မစုယမရဲတိုက်နဲ့ အိဝစုခိဂျောဆိုတဲ့ ရဲတိုက် ၂ လုံးကိုပိုင်ဆိုင်ပါတယ်။

ရှိတဓရှိ ဟာ အိဝစုခိရဲတိုက်မှာရှိတဲ့အချိန် မစုယမရဲတိုက်ကို ရန်သူစစ်တပ်တွေကလာရောက်တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိ မစုယမရဲတိုက်မှာရှိတဲ့ တပ်ဖွဲ့တွေနဲ့အနိုင်မရရှိခဲ့ပါဘူး။ မဖြစ်ဖြစ်တဲ့နည်းလမ်းနဲ့ ရှိတဓရှိကို အသိပေးမယ်ဆိုပေမယ့် ရန်သူတပ်တွေက ရဲတိုက်ကို ဝိုင်းထားပါပြီ။

တကယ်တော့ ရှိတဓရှိက ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုတင်ပြီးတော့တွက်ချက်ထားခဲ့ပါတယ်။

အရှေ့ကိုဆက်တိုးလာတာနဲ့ ခွေး ၁၀ ကောင်းရဲ့လည်ပင်းမှာ ချိတ်ပြီးတော့လွတ်ပေးလိုက်ပါတယ်။

ဒီလိုခွေးကိုလွှတ်ပြီးစာနဲ့ ဆက်သွယ်လိမ့်မယ်လို့ရန်သူတပ်က လုံးဝမထင်ထားပါဘူး။

ခွေးကလည်း အိဝစုခိရဲတိုက်ကို ဦးတည်ပြီးပြေးသွားခဲ့ပါတယ်။

မစုယမကိုတိုက်ခိုက်ဖို့အတွက် ကြည့်ရုံသာကြည့်နေတဲ့ ရန်သူတပ်ဖွဲ့ အိဝစုခိရှိရိုကိုတားမြစ်ခဲ့ပါတယ်။

အနောက်ကနေရန်သူတွေရောက်လာတာသတိမထားမိအောင် အာရုံလွဲခဲ့ပြီး ဒီလိုရှုပ်ထွေးနေတာကို ကြည့်နေတဲ့ရန်သူတပ်ဟာ မစုယမရဲတိုက်ရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။

ခွေးနဲ့အဆက်အသွယ်လုပ်တာ မှန်သွားပါတယ်။

ခွေးဆိုတာက အိမ်နဲ့ဘယ်လောက်ဝေးဝေးပြန်လာနိုင်တဲ့ အရည်အချင်းတွေရှိကြပါတယ်။

ခွေးတွေကိုချစ်လွန်းရာကနေ ဖြစ်ေပါ်လာတဲ့စစ်ဗျူဟာ စနစ်ဖြစ်ပါတယ်။

ခွေးနဲ့သာ အဆက်အသွယ်မလုပ်ခဲ့ဘူးဆိုရင် မစုယမရဲတိုက်ဟာ ကျရှုံးမယ်ဆိုပေမယ့် ခွေးတွေရဲ့ကျေးဇူးကြောင့်ပဲအောင်နိုင်ခဲ့ပါတယ်။

တစ်ချိန်တုန်းက စစ်ပွဲမှာသေဆုံးတာများတဲ့ ဆာမူရိုင်းတွေထဲမှာ အသက် ၇၀ ထိ အသက်ရှင်နိုင်ပြီး ရောဂါကြောင့်သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

ခွေးတွေကိုရန်သူအနေနဲ့ပဲတိုက်ခိုက်ခဲ့တယ်…….ဆိုပြီးတစ်ဖက်ကိုအရူးလုပ်ခဲ့တာဟာ ခွေးတွေကြောင့် အသက်ရှင်သန်နိုင်ခဲ့ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: