အရိုးခေါင်းနဲ့အလှဆင်ထားတဲ့ ဂျပန် Skull Bonsai

ဂျပန်နိုင်ငံရဲ့ ရှေးရိုးရာအိမ်တွင်းအပင်ငယ်လေးတွေကို BONSAI လို့ခေါ်ပါတယ်။

မြန်မာနိုင်ငံမှာလည်းရှိလောက်မယ်ထင်ပေမယ့် ဂျပန်နိုင်ငံနဲ့တော့တူမယ်မထင်ပါဘူး။

ဂျပန်နိုင်ငံမှာရှိတဲ့အပင်လေးတွေဟာ သေးနိုင်သလောက်သေးတဲ့အရွယ်အစားနဲ့ သဘာဝအတိုင်းရှင်သန်နေတာဖြစ်ပါတယ်။

ဥပမာ အောက်မှာပါတဲ့ Bonsai ပင်ဟာ နှစ်ပေါင်း ၁၂၀ တောင်ရှိပါပြီ။

https://blogs.yahoo.co.jp/kirari5175/54163873.html

အရွယ်သေးသေးလေးအတိုင်းဖြစ်ဖို့ဆိုတာက နေ့စဥ်နေ့တိုင်းထိန်းသိမ်းထားဖို့ကလည်း အရေးကြီးပါတယ်။

ဒီလိုရှေးကျတဲ့ Bonsai ပင်တွေမှာ ခေတ်သစ်၊ ပုံစံသစ်တွေနဲ့ အမျိုးမျိုးပြုစုပျိုးထောင်ရာမှာ ဒီလိုအနုပညာလက်ရာမြောက်တဲ့ပုံစံတွေလည်းထွက်ပေါ်လာပါသေးတယ်။

SKULL BONSAI

 

https://mag.japaaan.com/archives/94095

တိရိစ္ဆာန်ရဲ့ဦးခေါင်းနဲ့ Bonsai ပင်ကို ပေါင်းစပ်အလှဆင်ထားတာဖြစ်ပါတယ်။

သဘာဝကိုဖွံ့ဖြိုးတိုးတက်စေတယ်ဆိုပေမယ့်လည်း အိမ်မှာမထားရဲတာ စာရေးသူတစ်ယောက်တည်းလား?

အလှဆင်ထားတဲ့ပုံလေးတွေကို ကြည့်လိုက်ပါဦးနော်။

 

 

https://mag.japaaan.com/archives/94095

ပုံတွေက ကျောချမ်းစရာကောင်းပေမယ့် အနုပညာအနေနဲ့ပြောရမယ်ဆိုရင်တကယ့်ကို လက်ရာမြောက်ပါတယ်။

ကြောက်တတ်တဲ့သူတွေဆိုရင် ဒီလိုအရိုးခေါင်းနဲ့ ပေါင်းစပ်ထားတဲ့အပင်ကို နှစ်သက်ပါ့မလား။

အပင်တွေစိုက်ပျိုးရတာ ဝါသနာပါတဲ့သူတွေဆိုရင်တော့ ဒီအပင်လေးတွေကို အကြိုက်တွေ့မှာသေချာပါတယ်။

စာဖတ်သူဆိုရင်ရော ကြိုက်တဲ့ဖက်ကလား၊ ကြောက်တဲ့ဖက်ကလား။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: