ဂ်ပန္မွာတကယ္ရွိခဲ့တဲ့ ယာခူဇာဖခင္

အခုတော့သိပ်မရှိတော့ဘူးဆိုပေမယ့်၊ ဂျပန်နိုင်ငံမှာ ဟိုးအရင်က လူမိုက်တွေ တော်တော်များများရှိခဲ့ပါတယ်။

အဲ့ဒီအကြောင်းကိုတွေးလိုက်မယ်ဆိုရင် တော်တော်လေးကိုရှုပ်ထွေးပါတယ်။

ဒါပေမယ့် အဲ့ဒီလူမိုက်တွေဟာ မကောင်းတာတွေကို မတွေးပါဘူး။ တကယ်ရှိခဲ့တဲ့ဒီလိုလူမိုက်တွေနဲ့ မိတ်ဆက်ပေးပါမယ်။

လွန်ခဲ့တဲ့နှစ် ၃၀ လောက်က အဖြစ်အပျက်လေးတစ်ခုဖြစ်ပါတယ်။

စာရေးသူရဲ့ အတန်းဖော်ဖြစ်ခဲ့ဖူးတဲ့ T ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။

ကျွန်တော်ရဲ့အဖေကလည်း ဟိုးအရင်တုန်းက ယာခူဇာ တစ်ယောက်ပါပဲ။

ဒါပေမယ့် တစ်ချိန်မှာစွန့်လွှတ်ခဲ့ပြီး ဆိုင်းဘုတ်ပြုလုပ်တပ်ဆင်ခြင်းလုပ်ငန်းကိုလုပ်ကိုင်ခဲ့ပါတယ်။

ဒီတစ်ခေါက်ရဲ့သူရဲကောင်းကတော့ ဒီဖခင်ဖြစ်ပါတယ်။

ကျောင်းမှာလည်းတော်တော်လေးကိုသောင်းကျန်းတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။

ဒီကောင်လေးနဲ့လမ်းမှာထိပ်တိုက်တွေ့ခဲ့တာကတော့ အနားတစ်ဝိုက်က ဆိုးတဲ့ အလယ်တန်းကျောင်းသား အဖွဲ့ဖြစ်ပါတယ်။

T တစ်ယောက်တည်းနဲ့ ရန်သူ ၇ ယောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ရန်ဖြစ်ကြတဲ့အခါ T ကရှုံးကိုရှုံးတာပါပဲ။

သွေးတွေစိုရွှဲ၊ နှာခေါင်းသွေးလျှံတဲ့အတိုင်းအိမ်ကိုပြန်ရောက်တော့ ဖခင်ဖြစ်သူကမြင်ပြီး အကြောင်းအရင်းကိုမေးမြန်းခဲ့ပါတယ်။

ရန်ဖြစ်တာကိုခွင့်လွှတ်ပေမယ့် ၇ ယောက် ၁ ယောက်ဆိုတာကိုတော့ ဖခင်ဖြစ်သူက စိတ်အလိုမကျခဲ့ပါဘူး။

ဒီလိုနဲ့ မဖြစ်နိုင်တဲ့ကိစ္စရပ်ကြီးတစ်ခုစလာခဲ့ပါတယ်။

T ကိုအနိုင်ကျင့်လိုက်တဲ့ ၇ ယောက်ရဲ့လိပ်စာကို စုံစမ်းခိုင်းလိုက်ပါတယ်။

အရင်တုန်းကကျောင်းတွေဟာ ကိုယ်ရေးအချက်အလက်တွေကို တင်းကြပ်ထားတာမျိုးမရှိဘဲ လိပ်စာတွေကို ဘယ်လိုပဲဖြစ်ဖြစ်ရှာလို့ရနိုင်ပါတယ်။

လက်ထဲမှာ လိပ်စာရလာတဲ့ဖခင်ဖြစ်သူဟာ ကားနဲ့အိမ်တွေကိုလှည့်လည်ပါတော့တယ်။

ဘဲလ်ကိုနှိပ်ပြီး တံခါးဖွင့်လာတာနဲ့ အိမ်ထဲကိုအားနဲ့ဝင်ရောက်ခဲ့ပြီး အခန်းထဲမှာရှိတဲ့ အဲ့ဒီအိမ်ကသားကို ဆွဲခေါ်သွားခဲ့ပါတယ်။

ဒီလိုအချက်ကို ဘယ်လိုတွေးတွေး အရေးကြီးတဲ့ကိစ္စပဲဖြစ်ပါတယ်။

၇ အိမ်လုံးကိုလှည့်လည်ပြီး အားလုံးကိုစုစည်းပြီးဖခင်ဖြစ်သူက အိမ်ပြန်လာခဲ့ပါတယ်။

နှစ်ဖက်လုံးကကျောင်းအုပ်ကြီးကို ခေါ်လိုက်ပါတယ်။

ဖခင်              ၇ ယောက်နဲ့ ၁ ယောက်ကို ထိုးကြိတ်တယ်ဆိုတာက ဘာလဲ !?

ဘယ်လိုသင်ပေးထားလို့ ဒီလိုကလေးတွေရှိနေရတာလဲ!?

ရန်ဖြစ်မယ်ဆိုရင်လဲ တစ်ယောက်ချင်းချကြပေါ့ကွာ !

ကျောင်းအုပ်ကြီး         ………. ( ကြောက်လွန်းလို့ဘာမှတောင်မပြောနိုင်ပါဘူး )

ဖခင်                        ဖြေလေကွာ !!! ဖုန်း ! ( ကျောင်းအုပ်ရဲ့ခေါင်းကို ရိုက်သံ )

 

ကျောင်းအုပ်ကြီးက နှာခေါင်းသွေးလျှံပြီး တောင်းပန်တဲ့အခါမှာ ……

အဲ့ဒီအချိန်အတွင်း  T ရဲ့အိမ်ရှေ့မှာ ပြန့်ကြဲနေတာကြောင့် အိမ်နီးနားချင်းတွေစုဝေးလာပါတော့တယ်။

တရားဥပဒေအရပြောရမယ်ဆိုရင် ပြန်ပေးဆွဲမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြစ်ပါတယ်။

ဒါပေမယ့် ၇ ယောက် ၁ ယောက်ဝိုင်းပြီးထိုးခဲ့တယ်ဆိုတာလည်း မဖြစ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။

T ရဲ့အဖေဘက်မှာနေပြီးဆုံးဖြတ်ပေးခဲ့တဲ့ လူတိုင်းက ရဲမတိုင်ဘဲ အဲ့ဒီနေရာမှာတင် ကိစ္စတွေပြီးသွားပါတယ်။

နှာခေါင်းသွေးယိုပြီး တောင်းပန်နေရှာတဲ့ ကျောင်းအုပ်ကိုတော့ သနားစရာပဲလို့တွေးခဲ့ကြပါတယ်။

ဒါပေမယ့် ကလေးတွေကိုသေချာမသင်ပေးဘူးဆိုတာက တာဝန်ရှိတယ်ဆိုပြီး ရဲကိုမတိုင်ခဲ့ကြပါဘူး။

ဒီလိုလူမိုက်တွေဟာ လွန်ခဲ့တဲ့နှစ် ၃၀ လောက်တုန်းက ရှိခဲ့ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: