ဂျပန်မှာတကယ်ရှိခဲ့တဲ့ ယာခူဇာဖခင်
အခုတော့သိပ်မရှိတော့ဘူးဆိုပေမယ့်၊ ဂျပန်နိုင်ငံမှာ ဟိုးအရင်က လူမိုက်တွေ တော်တော်များများရှိခဲ့ပါတယ်။
အဲ့ဒီအကြောင်းကိုတွေးလိုက်မယ်ဆိုရင် တော်တော်လေးကိုရှုပ်ထွေးပါတယ်။
ဒါပေမယ့် အဲ့ဒီလူမိုက်တွေဟာ မကောင်းတာတွေကို မတွေးပါဘူး။ တကယ်ရှိခဲ့တဲ့ဒီလိုလူမိုက်တွေနဲ့ မိတ်ဆက်ပေးပါမယ်။
လွန်ခဲ့တဲ့နှစ် ၃၀ လောက်က အဖြစ်အပျက်လေးတစ်ခုဖြစ်ပါတယ်။
စာရေးသူရဲ့ အတန်းဖော်ဖြစ်ခဲ့ဖူးတဲ့ T ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။
ကျွန်တော်ရဲ့အဖေကလည်း ဟိုးအရင်တုန်းက ယာခူဇာ တစ်ယောက်ပါပဲ။
ဒါပေမယ့် တစ်ချိန်မှာစွန့်လွှတ်ခဲ့ပြီး ဆိုင်းဘုတ်ပြုလုပ်တပ်ဆင်ခြင်းလုပ်ငန်းကိုလုပ်ကိုင်ခဲ့ပါတယ်။
ဒီတစ်ခေါက်ရဲ့သူရဲကောင်းကတော့ ဒီဖခင်ဖြစ်ပါတယ်။
ကျောင်းမှာလည်းတော်တော်လေးကိုသောင်းကျန်းတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။
ဒီကောင်လေးနဲ့လမ်းမှာထိပ်တိုက်တွေ့ခဲ့တာကတော့ အနားတစ်ဝိုက်က ဆိုးတဲ့ အလယ်တန်းကျောင်းသား အဖွဲ့ဖြစ်ပါတယ်။
T တစ်ယောက်တည်းနဲ့ ရန်သူ ၇ ယောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။
ရန်ဖြစ်ကြတဲ့အခါ T ကရှုံးကိုရှုံးတာပါပဲ။
သွေးတွေစိုရွှဲ၊ နှာခေါင်းသွေးလျှံတဲ့အတိုင်းအိမ်ကိုပြန်ရောက်တော့ ဖခင်ဖြစ်သူကမြင်ပြီး အကြောင်းအရင်းကိုမေးမြန်းခဲ့ပါတယ်။
ရန်ဖြစ်တာကိုခွင့်လွှတ်ပေမယ့် ၇ ယောက် ၁ ယောက်ဆိုတာကိုတော့ ဖခင်ဖြစ်သူက စိတ်အလိုမကျခဲ့ပါဘူး။
ဒီလိုနဲ့ မဖြစ်နိုင်တဲ့ကိစ္စရပ်ကြီးတစ်ခုစလာခဲ့ပါတယ်။
T ကိုအနိုင်ကျင့်လိုက်တဲ့ ၇ ယောက်ရဲ့လိပ်စာကို စုံစမ်းခိုင်းလိုက်ပါတယ်။
အရင်တုန်းကကျောင်းတွေဟာ ကိုယ်ရေးအချက်အလက်တွေကို တင်းကြပ်ထားတာမျိုးမရှိဘဲ လိပ်စာတွေကို ဘယ်လိုပဲဖြစ်ဖြစ်ရှာလို့ရနိုင်ပါတယ်။
လက်ထဲမှာ လိပ်စာရလာတဲ့ဖခင်ဖြစ်သူဟာ ကားနဲ့အိမ်တွေကိုလှည့်လည်ပါတော့တယ်။
ဘဲလ်ကိုနှိပ်ပြီး တံခါးဖွင့်လာတာနဲ့ အိမ်ထဲကိုအားနဲ့ဝင်ရောက်ခဲ့ပြီး အခန်းထဲမှာရှိတဲ့ အဲ့ဒီအိမ်ကသားကို ဆွဲခေါ်သွားခဲ့ပါတယ်။
ဒီလိုအချက်ကို ဘယ်လိုတွေးတွေး အရေးကြီးတဲ့ကိစ္စပဲဖြစ်ပါတယ်။
၇ အိမ်လုံးကိုလှည့်လည်ပြီး အားလုံးကိုစုစည်းပြီးဖခင်ဖြစ်သူက အိမ်ပြန်လာခဲ့ပါတယ်။
နှစ်ဖက်လုံးကကျောင်းအုပ်ကြီးကို ခေါ်လိုက်ပါတယ်။
ဖခင် ၇ ယောက်နဲ့ ၁ ယောက်ကို ထိုးကြိတ်တယ်ဆိုတာက ဘာလဲ !?
ဘယ်လိုသင်ပေးထားလို့ ဒီလိုကလေးတွေရှိနေရတာလဲ!?
ရန်ဖြစ်မယ်ဆိုရင်လဲ တစ်ယောက်ချင်းချကြပေါ့ကွာ !
ကျောင်းအုပ်ကြီး ………. ( ကြောက်လွန်းလို့ဘာမှတောင်မပြောနိုင်ပါဘူး )
ဖခင် ဖြေလေကွာ !!! ဖုန်း ! ( ကျောင်းအုပ်ရဲ့ခေါင်းကို ရိုက်သံ )
ကျောင်းအုပ်ကြီးက နှာခေါင်းသွေးလျှံပြီး တောင်းပန်တဲ့အခါမှာ ……
အဲ့ဒီအချိန်အတွင်း T ရဲ့အိမ်ရှေ့မှာ ပြန့်ကြဲနေတာကြောင့် အိမ်နီးနားချင်းတွေစုဝေးလာပါတော့တယ်။
တရားဥပဒေအရပြောရမယ်ဆိုရင် ပြန်ပေးဆွဲမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြစ်ပါတယ်။
ဒါပေမယ့် ၇ ယောက် ၁ ယောက်ဝိုင်းပြီးထိုးခဲ့တယ်ဆိုတာလည်း မဖြစ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။
T ရဲ့အဖေဘက်မှာနေပြီးဆုံးဖြတ်ပေးခဲ့တဲ့ လူတိုင်းက ရဲမတိုင်ဘဲ အဲ့ဒီနေရာမှာတင် ကိစ္စတွေပြီးသွားပါတယ်။
နှာခေါင်းသွေးယိုပြီး တောင်းပန်နေရှာတဲ့ ကျောင်းအုပ်ကိုတော့ သနားစရာပဲလို့တွေးခဲ့ကြပါတယ်။
ဒါပေမယ့် ကလေးတွေကိုသေချာမသင်ပေးဘူးဆိုတာက တာဝန်ရှိတယ်ဆိုပြီး ရဲကိုမတိုင်ခဲ့ကြပါဘူး။
ဒီလိုလူမိုက်တွေဟာ လွန်ခဲ့တဲ့နှစ် ၃၀ လောက်တုန်းက ရှိခဲ့ပါတယ်။