ကြောက်စရာအမဲရောင်ဆူနာမီ

၂၀၁၁ ခုနှစ် ဂျပန်နိုင်ငံမှာ အားပြင်းတဲ့ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီဒဏ်ကို ခံခဲ့ရတယ်ဆိုတာကို သိကြလိမ့်မယ်ထင်ပါတယ်။

ငလျင်ဒဏ်ကြောင့်သေဆုံးသူတွေလည်းများပြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ကြီးမားတဲ့ဆူနာမီမုန်တိုင်းတိုက်ခတ်ခဲ့တာကို သိပ်ပြီးတော့ အာရုံမစိုက်ခဲ့ကြပေမယ့် ထူးဆန်းတဲ့ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။

ဒါကတော့ မဲမှောင်နေတဲ့ ဆူနာမီရေလှိုင်းဖြစ်ပါတယ်။

https://www3.nhk.or.jp/news/special/shinsai8portal/kuroinami/

ဂျပန်နိုင်ငံရဲ့ပင်လယ်ဟာ တော်တော်ကိုသာယာလှပတဲ့ အရောင်အစင်းရှိပေမယ့် ဒီလိုမဲနေတာဟာ ဘာကြောင့်ပါလဲ ?

အဲ့ဒီအမဲရောင်ဆူနာမီရေကို သိမ်းထားခဲ့တဲ့ လူတစ်ယောက်ပေါ်ထွက်လာခဲ့ပါတယ်။

https://www3.nhk.or.jp/news/special/shinsai8portal/kuroinami/

 

ဘယ်လောက်တောက်မဲညစ်နေလဲဆိုတာကိုတော့ ပုံထဲမှာကြည့်လိုက်ပါနော်။

https://www3.nhk.or.jp/news/special/shinsai8portal/kuroinami/

တော်တော်လေးကိုမဲညစ်နေတာပါ။

ဒါတွေဟာ ပင်လယ်ကြမ်းပြင်မှာရှိနေတဲ့ ရွံ့နွံတွေဖြစ်ပါတယ်။

တစ်လီတာလောက်မှာ ၁၁၃၀ ဂရမ်လောက်တောင်ပါဝင်နေပါတယ်။

ပုံမှန်ရေတွေထက် ၁၀ ရာခိုင်နှုန်းလောက်ပိုပြီးလေးပါတယ်။

ဟုတ်ပါတယ်၊ အလေးချိန်ရှိတဲ့ရေဆိုတာဟာ သာမာန်ရေတွေထက် ဖျက်ဆီးနိုင်စွမ်းပိုကြီးမားပါတယ်။

အဲ့ဒီဖျက်ဆီးနိုင်တဲ့စွမ်းအားဟာ သာမာန်ရေတွေထက် ၂ ဆ ရှိပါတယ်။

နောက်တစ်ခုက အလေးချိန်ရှိတဲ့ရေတွေဟာ အရာဝတ္ထုအမျိုးမျိုးကို ရေထဲမျှောပါစေနိုင်ပါတယ်။

ဒီလိုအိမ်တွေမျောပါသွားတဲ့ ဆူနာမီရေလှိုင်းဗီဒီယိုတွေကို ကြည့်ဖူးကြလိမ့်မယ်လို့ထင်ပေမယ့် ဒီလိုပျက်စီးဆုံးရှုံးမှုတွေများပြားစေတာဟာ အမဲရောင်ဆူနာမီတွေပဲဖြစ်ပါတယ်။

https://www3.nhk.or.jp/news/special/shinsai8portal/kuroinami/

တော်တော်များများကတော့ သစ်သားအိမ်တွေကို ၂ မီတာ ၃ မီတာလောက်မြင့်တဲ့ရေတွေလွှမ်းမိုးသွားပြီး မျောပါသွားစေနိုင်ပါတယ်။

ဒါပေမယ့် အမဲရောင်ဆူနာမီဆိုရင်တော့ ဒီထက်ပိုမြင့်တဲ့ဆူနာမီလှိုင်းတွေနဲ့ မျှောပါသွားနိုင်တယ်လို့ စဥ်းစားမိခဲ့ပါတယ်။

အဆောက်အဦတွေမျောပါလာမယ်ဆိုရင် အဲ့ဒီအဆောက်အဦက တခြားအဆောင်အဦကို တိုက်မိပြီး ပျက်စီးမှုတွေဖြစ်ပွားစေတာဖြစ်ပါတယ်။

မိယဂိခရိုင် ခဲဆန်းနုမမြို့ မှာ ဒီလိုအမဲရောင်ဆူနာမီရေလှိုင်းတွေကျရောက်ခဲ့ပြီး ခန့်မှန်းခြေ ရွှံ့နွံတန်ချိန် ၁၀ သိန်းလောက်နဲ့ မြို့ထဲကို ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

နောက်ပြီးတော့အဲ့ဒီရွံ့နွံတွေဟာ လူသားတွေရဲ့အသက်တွေကိုပါ နှုတ်ယူသွားနိုင်ပါတယ်။

ငလျင်လှုပ်ခတ်နေတဲ့အချိန်မှာ ဒုက္ခသည်တွေလည်းများတာကြောင့် လူတော်တော်များများကို ခွဲစိတ်စစ်ဆေးမှုတွေမလုပ်ခဲ့ဘဲ ရေနစ်သေဆုံးတယ်လို့ပဲသတ်မှတ်ခဲ့ပေမယ့် တကယ်ပဲဒီလိုသေဆုံးခဲ့ကြရတာလား။

ရေနစ်သေဆုံးတယ်လို့သတ်မှတ်ခဲ့တဲ့သူတွေဟာ တကယ်တော့ ပါးစပ်ထဲကို သဲနဲ့ ရွံ့နွံဝင်ရောက်သွားခဲ့လို့ပဲ ဖြစ်ပါတယ်။

ရွံပျော်ဝင်နေတဲ့ရေတွေဟာ သာမာန်ရေတွေလိုမဟုတ်ဘဲ၊ လည်ချောင်းနဲ့အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေခဲ့တာဖြစ်ပါတယ်။

ဒါဟာ သေဆုံးသူတွေများပြားစေတဲ့အချက်လို့ သုံးသပ်ခဲ့မိပါတယ်။

နောက်ပြီးတော့ အသက်ရှင်ကျန်ရစ်တဲ့သူတွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိခဲ့ပါသေးတယ်။

https://www3.nhk.or.jp/news/special/shinsai8portal/kuroinami/

အမှုန်လေးတွေပါဝင်တဲ့ရွံ့နွံတွေက အဆုတ်ထဲထိဝင်ရောက်စေခဲ့ပါတယ်။

အဆုတ်ရောင်ရောဂါလို လက္ခဏာမျိုးဖြစ်ပွားစေခဲ့ပြီး အဆိုးရွားဆုံးကတော့ ပြာထဲမှာပါတဲ့ မှိုတွေဟာ ခန္ဓာကိုယ်အတွင်း ပွားများပျံနှံနေတာဖြစ်ပါတယ်။

အဲ့ဒီမှိုတွေ ဦးနှောက်ထဲရောက်သွားတဲ့သူတွေတောင်ရှိခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ပင်လယ်ကြီးဟာ အရမ်းကိုလှပတယ်လို့မြင်ရပေမယ့် ဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်ကို ရောက်လာပြီး ဆိုးရွားတဲ့အမွေအနှစ်အနေနဲ့ ကျန်ရစ်ခဲ့တာဟာ ဒီပင်လယ်အောက်မှာရှိတဲ့ ရွံ့နွံတွေဖြစ်ပါတယ်။

နှစ်ရှည်လများစွာကြာအောင် ရေမျက်နှာပြင်ဟာ သာယာလှပခဲ့ပေမယ့် ကျွန်တော်တို့လူသားတွေ ညစ်ညမ်းစေခဲ့တဲ့ ကမ္ဘာကြီးက ဒီလိုလွယ်လွယ်နဲ့ လှပလာလိမ့်မယ်လို့တော့ မထင်ပါဘူး။

ငလျင်နဲ့ ဆူနာမီရေလှိုင်းတွေဟာ သဘာဝဘေးအန္တရာယ်တွေဆိုပေမယ့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားလာခဲ့တာဟာ လူသားတွေလုပ်ဆောင်ခဲ့တဲ့ရလဒ်ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့မှာလည်း စီးပွားရေးတွေတိုးတက်လာပြီဆိုရင် ပင်လယ်ရဲ့ညစ်ညမ်းမှုတွေဖြစ်လာတော့မှာ ဖြစ်ပါတယ်။

တူညီတဲ့သဘာဝဘေးအန္တရာယ်တွေမကျရောက်ဖို့အတွက် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကိုလည်း သေသေချာချာထိန်းသိမ်းထားဖို့လိုပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: