နေမကောင်းဖြစ်တဲ့အခါ အိုဆခဲရဲ့အသုံးဝင်ပုံ

အအေးမိပြီးအဖျားတက်တဲ့အခါမျိုးမှာ အဖျား 101 Degree Feherenheit လောက် အပူချိန်တက်နေတတ်ပါတယ်။

ဂျပန်မှာဆိုရင်တော့ 38 ဒီဂရီလောက်ရှိပြီး Degree Celsius နဲ့တိုင်းတာကြပါတယ်။

https://web.smartnews.com/articles/fKjZXu9zC64

အဖျားကျဖို့အတွက် ဘယ်လိုလုပ်လေ့ရှိပါသလဲ ?

အဖျားတက်နေတယ်ဆိုတာဟာ ခန္ဓာကိုယ်ရဲ့ခုခံအားတွေကျဆင်းနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။

ဒါကြောင့် မဟုတ်မှန်တဲ့နည်းလမ်းတွေကိုအသုံးပြုတာဟာလည်း မသင့်တော်ဘူးလို့ ပြောကြပါတယ်။

အဖျားကျဖို့အတွက် ချွေးထုတ်တာမျိုးပြုလုပ်ပါသလား ?

ဒီလိုလုပ်တာဟာလည်း နည်းလမ်းမှားယွင်းနေတာကို သတိထားမိပါတယ်။

အရင်ဆုံး ချွေးထွက်ဖို့အတွက် ခန္ဓာကိုယ်ကိုနွေးနွေးထွေးထွေးထားရမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်အပူကျဖို့အတွက် ရေခဲမုန့်စားရတယ်ဆိုတာ အကြီးမားဆုံးအမှားတစ်ခုပါပဲ ။

40 ဒီဂရီလောက်ထိ အပူချိန်တက်လာပြီဆိုရင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ခုခံတဲ့ပိုးတွေ သေဆုံးသွားပြီဖြစ်ပါတယ်။

ဒါကြောင့် ချွေးထွက်လာအောင် နွေးနွေးထွေးထွေးနေပြီး ခန္ဓာကိုယ်ရဲ့အပူချိန်ကို မကျဆင်းသွားစေဖို့ အဝတ်အစားတွေကိုချက်ချင်းပြန်လဲပေးဖို့ကလည်း အရေးကြီးပါတယ်။

ရေခဲမုန့်စားလိုက်လို့ ခန္ဓာကိုယ်အပူချိန်ကျဆင်းစေပြီး နေလို့ကောင်းလာမယ်ဆိုပေမယ့် ခန္ဓာကိုယ်အပူချိန်ကျဆင်းသွားရင် ကိုယ်ခံအားတွေဟာ ရောဂါကိုမတိုက်ခိုက်နိုင်တော့ဘဲ ဖြစ်လာမှာဖြစ်ပါတယ်။

ဒီလိုဆိုရင် စိတ်ဝင်ကောင်းစရာတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။

熱燗(あつかん)အစုကန်

ဂျပန်ဆခဲကို အပူပေးထားတဲ့ 熱燗(あつかん)အစုကန် ကို အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ အဖျားတက်နေတဲ့အချိန်မျိုးမှာ အရမ်းကိုအသုံးဝင်ပါတယ်။

ဆခဲဟာ ခန္ဓာကိုယ်ကို နွေးထွေးလာစေပါတယ်။

နောက်ပြီးတော့ အစုကန် ဆိုရင် အရင်ဆုံးအပူချိန်မြင့်ထားတာကြောင့် ခန္ဓာကိုယ်ကို နွေးထွေးစေမှာ သေချာပါတယ်။

နေမကောင်းဖြစ်နေတာကို ဘာလို့သောက်လဲ !!

လို့ အဆူခံရမယ်ဆိုပေမယ့် တကယ်တော့ နည်းနည်းလောက်သောက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်အတွက်ကောင်းပါတယ်။

ခန္ဓာကိုယ်နွေးထွေးစေဖို့အတွက်နဲ့ အိပ်ပျော်စေဖို့အတွက်လည်း အကျိုးရှိပါတယ်။

ဒီလိုဖျားနာတဲ့အခါမှာ အိပ်ပျော်သွားဖို့ကလည်း အရေးကြီးပါတယ်။

ဒါပေမယ့် အများကြီးသောက်ပြီးတော့ အမူးလွန်သွားလို့လည်းမရပါဘူး။

熱燗(あつかん) အစုကန် မှာပါဝင်တဲ့ ပြုလုပ်တဲ့နည်းလမ်းတွေကို ပြောပြပါမယ်။

အရက်ကို 徳利(とっくり) တို့ခုရိလို့ ခေါ်တဲ့ ပုလင်းထဲကို ထည့်လိုက်ပါမယ်။

https://www.kikusui-sake.com/home/jp/fun/kanzake/

အရက်တွေဖိတ်မသွားအောင်လို့ တတ်နိုင်ရင် အဝကို တစ်ခုခုနဲ့ပိတ်ထားတာ ပိုကောင်းပါတယ်။

အိုးထဲကို ပုလင်းတစ်ဝက်လောက်မြှုပ်ပြီး ရေထဲမှာနှစ်လို့ရမရကို ချိန်ကြည့်ရပါမယ်။

အဲ့ဒီနောက်မှာ အရက်ထည့်ထားတဲ့ ပုလင်းကိုပြန်ထုတ်လိုက်ပါမယ်။

https://www.kikusui-sake.com/home/jp/fun/kanzake/

ပြီးတော့ ရေနွေးတည်ရပါမယ်။

ဆူပွက်လာပြီဆိုရင် မီးပိတ်ပြီး အရက်ထဲထားတဲ့ပုလင်းကို ရေနွေးထဲနှစ်လိုက်ပါမယ်။

https://www.kikusui-sake.com/home/jp/fun/kanzake/

၂ မိနစ် ၃ မိနစ် လောက်ကြာပြီးတဲ့အချိန်မှာ ဆခဲတွေ နွေးလာမှာဖြစ်ပါတယ်။

မီးကိုတော့ လုံးဝမဖွင့်လိုက်မိပါစေနဲ့။ အရက်တွေလျှံထွက်လာနိုင်တဲ့အတွက်ကြောင့် ဆူပွက်နေတဲ့ရေနွေးထဲစိမ်ပြီး အနွေးဓာတ်ကိုယူရုံနဲ့ပဲ ဖြစ်တာကြောင့် အပူထပ်ပေးဖို့ မလိုအပ်ပါဘူး။

နေမကောင်းတဲ့သူကို အပူပေးပြီးရလာတဲ့အရက်တိုက်လိုက်လို့ရပါပြီ!

ဒီလိုဆိုပေမယ့်လည်း ဘီယာတော့လုံးဝသောက်လို့မရပါဘူး ။

ခန္ဓာကိုယ်ကို အနွေးဓာတ်ပေးချင်တာကြောင့်ဖြစ်ပါတယ်။

ပြီးတော့ နည်းနည်းလောက်ပဲသောက်သင့်ပါတယ်။

များများသောက်ချင်တယ်ဆိုရင်တော့ အရင်ဆုံးမြန်မြန်နေကောင်းအောင်နေလိုက်ပါနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: