ကိုယ့်ကိုများမုန်းနေမလား ?

တဖက်လူရဲ့ခံစားချက်ကို လွယ်လွယ်နဲ့မသိနိုင်ပါဘူး။

အထူးသဖြင့် ဂျပန်လူမျိုးတွေက မုန်းတယ်၊ မကြိုက်ဘူးဆိုတဲ့ စကားလုံးတွေကို အသုံးနည်း တာကြောင့် မုန်းနေမှန်းကို တော်တော်နဲ့မသိနိုင်တဲ့လူမျိုးတွေဖြစ်ပါတယ်။

https://tocana.jp/2019/03/post_88031_entry.html

ဟင် ?  ကိုယ့်ကိုမုန်းများမုန်းနေမလား ?

ဒီလိုတွေးမိတဲ့အချိန်မျိုးမှာဒီလိုအချက်တွေကို လုပ်ကြည့်လိုက်မယ်ဆိုဘယ်လိုလဲ ?

အရင်ဦးဆုံးကိုယ့်ကိုမုန်းနေတယ်ထင်တဲ့သူရဲ့မျက်နှာကို မြင်ယောင်နေလိုက်ပါ။

အဲ့ဒီအချိန်မှာ အတွေးထဲကို ဘယ်နှစ်ကြိမ်လောက်ဝင်ရောက်လာပါသလဲ ?

 

・1〜10 ကြိမ်

・11〜20 ကြိမ်

・21〜40 ကြိမ်

・41 ကြိမ် အထက်

 

အပေါ်ကလိုမျိုး ၄ ပိုင်းခွဲ လိုက်ပါမယ်။

ရလဒ်ကတော့ ဒီလိုပါ !

https://tocana.jp/2019/03/post_88031_entry_2.html

၁ ကြိမ်ကနေ ၁၀ ကြိမ် အတွင်းရှိတဲ့သူတွေကတော့

တစ်ဖက်လူက သင့်ကိုနားလည်မှုလွဲနေတဲ့ပုံပါပဲ။

သင်က ယခုချိန်အထိ တစ်ဖက်လူကိုအပေါ်မှာ သူ့အတွက်ကိုတွေးပြီးလုပ်ဆောင်ပေးခဲ့ လိမ့်မယ်ဆိုပေမယ့် တစ်ဖက်လူက

“ ဘာကြောင့်သေချာမပြောခဲ့ရတာလဲ ? “

“ ကိုယ့်ခံစားချက်ကိုယ်ပဲ ဦးစားပေးမနေနဲ့ !”

လို့စိတ်ထဲမှာတွေးနေတဲ့ပုံပါပဲ။

တစ်ဖက်လူရဲ့ခံစားချက်ကို နည်းနည်းလေးမှခန့်မှန်းလို့မရခဲ့ဘူးဆိုရင် မုန်းတီးမှုတွေအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

 

၁၁ ကြိမ် ကနေ အကြိမ် ၂၀ အတွင်း ရှိတဲ့သူတွေကတော့

“ မင်းတစ်ယောက်တည်း အမြဲတမ်းရယူထားတယ် ”

လို့ တစ်ဖက်လူက တွေးကောင်းတွေးနေပါလိမ့်မယ်။

သင့်ရဲ့အနိုင်ယူတာခံရတဲ့သူကိုလည်းမမေ့သင့်ပဲ ပတ်ဝန်းကျင်ကိုဂရုစိုက်တတ်ဖို့လည်း အရေးကြီးပါတယ်။

 

၂၁ ကြိမ် ကနေ အကြိမ် ၄၀ အတွင်း ရှိတဲ့သူတွေကတော့

တစ်ဖက်လူရဲ့ခံစားချက်ဟာ ဒီအတိုင်းအတာထိရောက်နေပါပြီ။

https://tocana.jp/2019/03/post_88031_entry_3.html

သင့်ကိုအောက်လမ်းနည်းတွေနဲ့တောင် ပြုစားတော့မလိုပဲမလား?

သင်မှာဘာမှမရှိတော့ဘဲ ကျရှုံးမှုတွေနဲ့ရင်ဆိုင်ရတာ သူ့ရဲ့ကျိန်စာတွေကြောင့်များလား ?

တစ်ဘက်လူကတော့ တော်တော်လေးကို ပါးနပ်တဲ့ပုံပဲနော်

သင်ကောင်းကောင်းမွန်မွန်ရှိတာကို ကြည့်ပြီးမကျေနပ်တဲ့သူဖြစ်ပါတယ်။

သင့်ရဲ့စိတ်ခံစားချက်ကို သိပ်ပြီးမထုတ်ပြဘူးဆိုရင် တစ်ဖက်လူက သင့်အပေါ် စိတ်ဝင်စားမှု တွေလျော့နည်းသွားပါလိမ့်မယ်။

 

၄၁ ကြိမ်နဲ့အထက် ဆိုရင်

မကျေနပ်မှုတွေ တော်တော်ကိုများမယ့်ပုံပါပဲ။

“ဘာကြောင့်ပါလိမ့်”

လို့ သင်ကတွေးကောင်းတွေးနေမယ်ဆိုပေမယ့် တစ်ဖက်လူက သင့်ကိုမုန်းကိုမုန်းနေ ပါလိမ့်မယ်။

ဒီလောက်ထိဖြစ်လာမှတော့ သူနဲ့အဆင်ပြေဖို့နည်းလမ်းမရှိတော့ပါဘူး။

တစ်ဖက်လူရဲ့ဒေါသပြေတဲ့အထိ တိတ်တိတ်လေးနေပြီး ရှောင်နေရုံကလွဲပြီး ဘာမှမတတ်နိုင် တော့ပါဘူး။

သင်သတိထားမိတဲ့ တစ်ဖက်လူက သင့်ကို ဘယ်အခြေအနေအထိ မုန်းတီးနေပြီလဲ ?

ဂျပန်လူမျိုးတွေက သူတို့ရဲ့ခံစားချက်ကို အထူးတလည်ထုတ်မပြတာ ကြောက်စရာ တစ်ခုပဲနော် …..

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: