အလွန်သစ္စာရှိတဲ့ ခွေးလေး ဟချိခို ( Hachiko )

ဟချိခို ( Hachiko ) ဆိုတဲ့ခွေးလေးကို ၁၉၂၃ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။

Hachiko ရဲ့ ပိုင်ရှင်ကတော့ အိဇဘုရို အုအဲနို ဆိုတဲ့ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပါတယ်။

ပါမောက္ခက သူ့ကိုစတွေ့တဲ့အချိန်တုန်းမှာ ခြေထောက်ကနည်းနည်းကောက်နေတာကို သတိထားမိခဲ့ပါတယ်။

အဲ့ဒီပုံစံက ဂျပန်စကားလုံး ခန်းဂျီးအရဆိုရင် ဟချိဆိုတဲ့ ( 八)ဆိုတဲ့ စကားလုံးနဲ့တူတဲ့အတွက် ဟချိခို( Hachiko ) လို့ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။

https://media-cdn.tripadvisor.com/media/photo-s/07/e3/6f/8b/university-of-tokyo.jpg

နှစ်အနည်းငယ်ကြာတဲ့အခါ ပါမောက္ခက သူ့သမီးကိုပေးဖို့အတွက် ခွေးလေးက လက်ဆောင်အနေနဲ့ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် သူ့သမီးလက်ထပ်သွားတဲ့အခါမှာတော့ သူ့ခင်ပွန်းနဲ့ သွားနေဖို့အတွက် ခွေးလေးကိုထားခဲ့ပါတယ်။

ဒါကြောင့် ပါမောက္ခက သူများကိုပေးမယ့်အစား ယူမွေးထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဟချိကိုက သူ့ရဲ့သခင်အလုပ်ကိုသွားတဲ့ မနက်တိုင်း ရှိဘုရဘူတာကို လိုက်ပို့ပါတယ်။

နောက်ပြီး သခင်ပြန်လာမယ့်ညနေတိုင်း ရှိဘုရဘူတာမှာ အမြဲသွားစောင့်ပါတယ်။

https://t1.ea.ltmcdn.com/en/images/4/7/4/the_true_story_of_hachiko_the_faithful_dog_1474_600.jpg

တစ်နေ့မှာတော့ ပါမောက္ခကြီးဟာ ရုတ်တရက် စာသင်နေရင်းနှလုံးရပ်ပြီးသေဆုံးသွားပါတော့တယ်။

ဟချိခိုလေးကတော့ ဘယ်လိုပဲဖြစ်ဖြစ်  ရှိဘုရဘူတာမှာ စောင့်မြဲတိုင်းစောင့်နေပါတယ်။

တစ်ရက်ပြီးတစ်ရက် ဘူတာရုံကို သွားပြီးတော့ လူပေါင်းထောင်ချီကြားထဲမှာ သူ့သခင်ရဲ့ မျက်နှာကို နေ့တိုင်းရှာဖွေနေပါတော့တယ်။

အဲ့ဒီရက်တွေက တဖြည်းဖြည်းနဲ့ လတွေကနေ နှစ်တွေထိ ပြောင်းလဲလာခဲ့ပါတယ်။

သူ့သခင်ကိုစောင့်ခဲ့တဲ့ နှစ်ပေါင်း ဘယ်နှစ်နှစ်လို့ထင်ပါသလဲ?

 https://t2.ea.ltmcdn.com/en/images/4/7/4/the_death_of_his_master_1474_1_600.jpg

နှစ်ပေါင်း ၉ နှစ်ကြာပါတယ်။

အံ့ဩစရာကောင်းလောက်အောင် သစ္စာရှိလွန်းလှပါတယ်။

သူသေဆုံးခဲ့တာက အသက်ကြီးလာတဲ့အတွက်ကြောင့်ဖြစ်ပြီးတော့ သေဆုံးခဲ့တဲ့နေရာကတော့ ခါတိုင်းသခင်ကိုစောင့်နေကျနေရာ လေးမှာပဲဖြစ်ပါတယ်။

https://sociorocketnewsen.files.wordpress.com/2013/12/screen-shot-2013-12-06-at-4-15-10-am.png?w=640&h=494

အရမ်းသစ္စာရှိတဲ့ခွေးဖြစ်တာကြောင့် တိုကျိုမြို့ မှာရှိတဲ့ အအိုယ စီရင်စု က သူ့ သခင်ရဲ့ အုပ်ဂူဘေးမှာမြှုပ်နှံပေးခဲ့ပါတယ်။

ဟချိခိုရဲ့ ရုပ်ထုကို ရှိဘုရဘူတာရှေ့မှာ တွေ့ရမှာဖြစ်ပြီး ရုပ်ထုအောက်မှာတော့ မတ်လ ၉ ရက် ၁၉၃၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

နှစ်တွေအများကြီးကြာသွားတာတောင် သစ္စာရှိတဲ့ခွေးလေးဖြစ်တဲ့ ဟချိခိုရဲ့ဇာတ်လမ်းလေးက ဆက်လက်ပြီးတော့ရှင်သန်နေဦးမှာပါ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: