ကျောင်းအိမ်သာထဲမှာ ရှိတဲ့သရဲ

ဘယ်သူမှမရှိတဲ့ကျောင်းအိမ်သာမှာ နည်းလမ်းတစ်မျိုးနဲ့ခေါ်လိုက်ရင် ပြန်ပြီးထူးပါတယ်။

ဒီလိုသရဲပုံပြင်လေးက ဂျပန်တစ်နိုင်ငံလုံးကို ပျံ့နှံ့ခဲ့ဖူးပါတယ်။

https://matome.naver.jp/odai/2142927433287222201

 

トイレの花子さん

အိမ်သာထဲက ဟနကိုသရဲမလေး လို့ခေါ်ပါတယ်။

အနီရောက်စကပ်ဝတ်ထားတဲ့ သရဲမလေးဟနကိုစံ ဖြစ်ပါတယ်။

ကျောင်းဆောင်ရဲ့ ၃ ထပ်အိမ်သာမှာ တံခါးကို ၃ ချက်ခေါက်ပြီး ” ဟနကိုစံ ရှိပါသလား ” လို့ အိမ်သာဝင်ပေါက်ကနေ မေးပြီး တစ်ဆင့်ချင်းလုပ်သွားရပါမယ်။

အဲ့ဒီနောက်မှာ နောက်တစ်ကြိမ်အနားကိုသွားပြီးတော့ ခုနကအတိုင်းထပ်ပြီးတော့ ပြောပါ။

ဒီအတိုင်းပြောပြီး ၃ ကြိမ်မြောက်မှာ တတိယအခန်းထဲကနေ

ရှင်…..

လို့ပြန်ထူးလာပါလိမ့်မယ်။

တစ်ချိန်တုန်းက အိမ်သာထဲကိုဆွဲခေါ်သွားခံရပြီး အသတ်ခံခဲ့ရတယ်လို့ ကောလဟာလမျိုးစုံပြောင်းလဲပြီးပြောဆိုကြပေမယ့် တကယ်တော့ ဒီအဖြစ်အပျက်တွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ လူတစ်ယောက်က ဒီလိုပြောပြခဲ့ပါတယ်။

အိဝတဲ့စီရင်စုမှာ ရဲအရာရှိတစ်ယောက်ရှိပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ လောက်တုန်းက အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့ပါတယ်။

သူက ခဲအိစစုစီရင်စုမှာ ဇနီး၊ သားတစ်ယောက်၊ သမီးနှစ်ယောက်နဲ့အတူနေထိုင်ခဲ့ပါတယ်။

မူလတန်းကျောင်းရဲ့ နောက်တည့်တည့်မှာရှိတဲ့ ရဲအရာရှိတွေနေထိုင်ဖို့အတွက် ပေးထားတဲ့အိမ်လေးမှာနေထိုင်ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီရဲအရာရှိက မိန်းကလေးကိစ္စမကင်းဘဲ ရည်းစားနဲ့အတူရေပူစမ်းကို သွားခဲ့ပါတယ်။

ဒါကိုသိသွားတဲ့ ဇနီးသည်က ဒေါသတစ်ကြီးနဲ့ စိတ်လွတ်ပြီး ထွက်ပြေးသွားခဲ့ပြီးတဲ့နောက်

သားလေးနဲ့ ဒုတိယမြောက်သမီးလေးကို အရင်ဆုံးလည်လှီးပြီးသတ်ပစ်လိုက်ပါတယ်။

ပြီတော့ ကျန်တဲ့သမီးတစ်ယောက်ရဲ့အလှည့်ဖြစ်ပါတယ်။

ဒါကြောင့် အဲ့ဒီသမီးက နောက်တည့်တည့်မှာရှိတဲ့ မူလတန်းကျောင်းဝင်းကြီးထဲကို ပြေးသွားခဲ့ပါတယ်။

ဒီပုံထဲကတော့ 遠野小学校(とおの しょうがっこう)တိုအိုနို မူလတန်းကျောင်းရဲ့တစ်ချိန်တုန်းကပုံဖြစ်ပါတယ်။

https://matome.naver.jp/odai/2142927433287222201

ကျောင်းထဲကို ပြေးသွားခဲ့တဲ့သမီးဖြစ်သူက အားကစားရုံထဲမှာရှိတဲ့ အိမ်သာထဲမှာဝင်ပုန်းနေခဲ့ပါတယ်။

အိမ်သာထဲဝင်သွားတာကို ကျောင်းစာရေးဦးလေးကြီးက မြင်ခဲ့ပါတယ်။

အဲ့ဒီထဲကို ပိုးမွှားတစ်ကောင်လို အလျင်အမြန်ပြေးဝင်သွားခဲ့တဲ့အသံကို မိခင်ဖြစ်သူလည်း ကြားလိုက်ရပါတယ်။

https://matome.naver.jp/odai/2142927433287222201

အိခုခို ဘယ်မှာလဲ !?

မိဘနဲ့ရန်ဖြစ်ပြီးအိမ်ကနေထွက်ပြေးလာတယ်လို့ပဲထင်တဲ့ စာရေးကြီးက ဒီလိုပြန်ဖြေခဲ့ပါတယ်။

အိမ်သာထဲကို ဝင်သွားရင် ၃ ခန်းမြောက်ထဲမှာ ရှိပါတယ်။

အိခုခိုကို ရှာတွေ့ခဲ့တဲ့ မိခင်ဖြစ်သူက ပြန်ပြီးတော့ ဆွဲခေါ်လာခဲ့ပါတယ်။

အိခုခို နေထိုင်ခဲ့တဲ့နေရာကတော့ ဒီလိုစုတ်ပြတ်နေတဲ့အိမ်လေးမှာဖြစ်ပါတယ်။

https://matome.naver.jp/odai/2142927433287222201

နောက်တစ်ရက်မှာတော့ တစ်မိသားစုလုံးရဲ့ အလောင်းတွေကို တွေ့ခဲ့ရပါတယ်။

မိခင်ဖြစ်သူက ကလေးတွေကိုသတ်ခဲ့ပြီးတော့ ကိုယ်ကိုယ်ကိုလည်းသတ်သေသွားခဲ့ပါတယ်။

အဲ့ဒီကိစ္စတွေပြီးတဲ့နောက် တိုအိုနို မူလတန်းကျောင်းရဲ့ အိမ်သာမှာ တံခါးကိုခေါက်လိုက်ရင် ဘယ်သူမှမရှိဘဲနဲ့ ပြန်ထူးပြီး အနီရောင်စကပ်လေးနဲ့မိန်းကလေးက ကိုယ်ယောင်လာပြတယ်ဆိုတဲ့ ပြဿနာဖြစ်လာခဲ့ပါတယ်။

ဒီအကြောင်းအရာက ပျံ့နှံ့သွားပြီး အိမ်သာထဲက သရဲမလေးဟနကို ဆိုတဲ့ ပုံပြင်လေးဖြစ်လာခဲ့တာဖြစ်ပါတယ်။

ကျောင်းရဲ့အိမ်သာထဲမှာ ဟနကိုစံ ပေါ်လာတတ်ပါတယ်။

တိုအိုနိုကျောင်းတစ်ခုထဲမှမဟုတ်ဘဲ ဂျပန်နိုင်ငံလုံးရဲ့ကျောင်းတွေမှာ ခြောက်ခြားတာမျိုးလည်းရှိခဲ့တယ်လို့ပြောကြပါတယ်။

မြန်မာနိုင်ငံက ကျောင်းအိမ်သာတွေထဲကို ဟနကို မလာနိုင်ဘူးပြောလို့မရပေမယ့်

မြန်မာနိုင်ငံက ကျောင်းတွေမှာလည်း အဖြူအစိမ်းနဲ့ဟနကိုတွေရှိတယ်ဆိုတာကို ကြားဖူးမယ်ထင်ပါတယ်။

အိမ်သာသွားရင် အဖော်နဲ့သွားကြနော်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: